ပခုက္ကူမြို့မှာ စစ်ကောင်စီယာဉ်တန်းအကြိုကား ၃စီး မိုင်းဆွဲတိုက်ခိုက်ခံရလို့ ၉ ဦးသေဆုံး

ချစ်ခြင်းနွေ၊ ၂၃၊ အောက်တိုဘာ၊ ၂၀၂၃

Zalen

မကွေးတိုင်း၊ ပခုက္ကူမြို့ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီ ယာဉ်တန်းအကြို ကား သုံးစီးကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ကန်တော်ကျေးရွာအနီးမှာ အောက်တိုဘာ ၂၂ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူပြည်သူ့ကာကွယ်အဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီမိုင်းဆွဲတိုက်ခိုက်မှုကို ပခုက္ကူပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ခွဲ(၁) အပါအဝင် ပခုက္ကူခရိုင်တပ်ရင်း(၁၃)၊ Pakokku Special Task Force ပကဖ တပ်ခွဲ (၃) နဲ့  Kamma Under Ground People Defense Force တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီယာဉ်တန်းရဲ့ အကြိုကား သုံးစီးကို မိုင်း ငါးလုံး တစ်တွဲ၊ သုံးလုံးတစ်တွဲ နှစ်ခါ ခွဲပြီး ပဒေသာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပခုက္ကူပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီမိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ရှစ် ဦးနေရာမှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်သား တစ်ဦးဟာ ပြင်းဒဏ်ရာရရှိခဲ့ကာ ဆေးရုံမှာ သေဆုံးခဲ့တာကြောင့် စုစုပေါင်း စစ်ကောင်စီတပ်သား ၉ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ်မှာ ထိန်းသိမ်းခံရတဲ့ ကျောင်းသူနှစ်ဦး တပတ်ကြာထိ ပြန်မလွတ်သေး

ဒီဇင်ဘာ ၈၊ ၂၀၂၅ ။ Zalen ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အသက်မပြည့်သေးတဲ့ ကျောင်းသူ ၂ ဦးဟာ တပတ်ကြာထိ ထိန်းသိမ်းခံရပြီး ပြန်မလွတ်ပေးသေးဘဲ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။ အဲဒီကျောင်းသူ ၂ ...

ဆက်ဖတ်ရန်