ပလက်ဝမြို့နယ်မှာ မြစ်ရေကြီးလို့ လူ ၁၅၀၀ ကျော် ရေဘေးဒုက္ခကြုံနေရ

ပလက်ဝမြို့နယ်မှာ မြစ်ရေကြီးလို့ လူ ၁၅၀၀ ကျော် ရေဘေးဒုက္ခကြုံနေရ

ပလက်ဝမြို့နယ်မှာ ကုလားတန်မြစ်၊ ပလက်ချောင်းနဲ့ ဆမီးမြို့ဘက်တွင် ရေကြီးလို့ ကျား ၈၄၀ ဦး၊ မ ၈၈၀ ဦး စုစုပေါင်း လူဦးရေ ၁၇၂၀ ဦးဟာ ရေဘေးသင့်နေတယ်လို့သတင်းရရှိပါတယ်။

ဆမီးမြို့တွင်လည်းမြစ်ရေကြီးလို့ ဈေးတန်းရပ်ကွက်၊ အနောင်ဝ၊ ပီဝရပ်ကွက်တို့တွင်ရေလွမ်းမိုးနေတယ်လို့သိရပါတယ်။

ဇူလိုင် ၁၄ ရက် ပလက်ဝမြို့နယ် ဆမီးမြို့မှာ ရေဘေးကြုံနေရစဉ်

ပလက်ဝမြို့နယ်လူမှုကူညီရေးပရဟိတအဖွဲ့ ဥက္ကဌ ဦးဝေသန်းက “ပလက်ဝမြို့ပေါ်မှာတော့ လေးရပ်ကွက်မှာ ရေဘေးသင့်နေတယ်။ သူတို့ကတော့ ဆွေမျိုးတွေ၊ ဘုန်းကြီးကျောင်းတွေ၊ အားကာခန်းမတို့၊ ခရစ်ယာန်ဘုရားကျောင်းခန်းမတို့မှာခိုလုံကြတယ်။ သူတို့ကို မြို့နယ်အာဏာပိုင်တွေက စားစရာတွေထောက်ပံ့ပေးတယ်။ ဒါပေမယ့် ရွာဘက်ကရေဘေးသင့်ပြည်သူတွေကတော့ ဘာမှမထောက်ပံ့နိုင်ဘူး။ ဘာလို့လဲဆိုတော့ မြစ်ထဲမှာ သစ်တုံးတွေမျောလာလို့ စက်လှေသွားလို့မရဘူး။ အန္တရာယ်ရှိတယ်” လို့ပြောပါတယ်။

Zalen ad

ပလက်ဝမြို့နယ်တွင် ဇူလိုင် ၁၃ ရက်စပြီး ရပ်ကွက် ၄ ခု၊ ကျေးရွာ ၁၁ ရွာတွင် အိမ်ထောင်စု ၃၃၆ တို့ကရေဘေးဒုက္ခကြုံတွေ့နေကြပါတယ်။

ဆက်လက်ပြီး ဦးဝေသန်းက “အခုစာရင်းကလည်း ဖုန်းလိုင်းမိတဲ့နေရာထိပဲ သတင်းကြားနိုင်တယ်။ ရွာဘက်က ရေဘေးသင့်ပြည်သူတွေလည်း သူတို့ဘာသာသူတို့ဖြေရှင်းနေကြတယ်။ ကျနော်တို့ ရေဘေးသင့်စာရင်းထဲမှာ စစ်ဘေးရှောင်ဒုက္ခသည်တွေနေတဲ့နေရာတွေမပါဘူး” လို့ပြောပါတယ်။

ဇူလိုင်လ ၁၃ ရက် မနက်ပိုင်းတွင် ကုလားတန်မြစ်ရေဟာ ၁၆၀၂ စင်တီမီတာရှိပြီး ဇူလိုင် ၁၄ ရက် မနက်ပိုင်းတွင် ၁၅၈၇ စင်တီမီတာသို့ကျဆင်းသွားပါတယ်။ စိုးရိမ်ရေမှတ်ကတော့ ၁၆၀၀ စင်တီမီတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတမျိုးဖြစ်တဲ့ (RSV) နဲ့ ပတ်သက်ပြီး သိထားသင့်သောအချက်များ ==== မတ် ၂၃၊ ၂၀၂၆ Zalen အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတမျိုးဖြစ်တဲ့ Respiratory Syncytial Virus (RSV) ဟာ ကမ္ဘာတဝန်းတွင် အထူးသဖြင့် ...

ဆက်ဖတ်ရန်