ပလက်ဝမြို့မှာ စစ်ဘေးရှောင် ၇၀၀ ကျော်ထိရှိလာ၊ စားဝတ်နေရေးအခက်အခဲဖြစ်

ပလက်ဝမြို့မှာ စစ်ဘေးရှောင် ၇၀၀ ကျော်ထိရှိလာ၊ စားဝတ်နေရေးအခက်အခဲဖြစ်

ပလက်ဝမြို့အနီးမှာ တပ်မတော်နဲ့ အေအေတပ်ဖွဲ့တွေအပြင်းအထန်တိုက်ပွဲဖြစ်ပွားတာကြောင့် ဒီနေ့ ညနေ (၃)နာရီအချိန်ထိ စစ်ဘေးရှောင် ၇၂၂ ဦးရှိလာပါတယ်။

ဒီနေ့ မနက်ပိုင်း ၁၂ နာရီမထိုးခင်မှာ ပိန္နဲတပင်ရွာ၊ သဲမချောင်းထဲရွာ၊ ကျောက်ပျဉ်ထောင့်ရွာ၊
ကြွေသောင်ရွာ နဲ့ လောင်းတင်ရွာမှ ပြည်သူ ၈၆ ဦးထပ်မံရောက်ရှိလာပါတယ်။ အိမ်ထောင်စုအနေနဲ့ ၁၄၃ အိမ်ရှိပါတယ်။ ဇွန်လ (၉)ရက်ထိ စစ်ရှောင်ပြည်သူ ၆၃၆ ဦးရှိပါတယ်။

ဇွန်လ (၇)ရက်ကစပြီး တပ်မတော်နဲ့ အေအေတပ်ဖွဲ့တွေဟာ လက်နက်ကြီးတွေအသုံးပြုပြီးပစ်ခတ်ကြတာကြောင့် ကျေးလက်နေပြည်သူတွေဟာ ဇွန်လ ၈ ရက်ကစပြီး မြို့ပေါ်မှာ တိမ်းရှောင်လာကြပါတယ်။

လက်ရှိမှာတော့ ကြံ့ခိုင်ရေးရုံး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၊ အင်လီကန်ဘုရားကျောင်းမူကြိုဆောင်နဲ့ အသိမိတ်ဆွေတွေအိမ်မှာ နေထိုင်ကြပါတယ်။

စစ်ဘေးရှောင်တွေအတွက် ပြည်နယ်အစိုးရက ဆန်အိတ် ၅၀၀ လှူထားပြီး အချို့အလှူရှင်တွေအနည်းအကျဉ်းလည်းရှိပါတယ်။

လက်ရှိမှာတော့ စစ်ရှောင်ပြည်သူတွေဟာ အဝတ်အစားနဲ့ ဆောင်တွေ၊ ကလေးတွေတွက် ကျောင်းသုံးပစ္စည်းတွေ အဓိကလိုအပ်နေပါတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်