ပလက်ဝမြို့အနီး သုံးရက်ဆက်တိုက် လက်နက်ကြီးနဲ့ပစ်ခတ်

ပလက်ဝမြို့အနီး သုံးရက်ဆက်တိုက် လက်နက်ကြီးနဲ့ပစ်ခတ်

ပလက်ဝမြို့ရဲ့ အနောက်တောင်ဒေါင့် လေမိုင်နဲ့ ၅ မိုင်အကျော်လောက်မှာ ဇွန်လ ၁၅ ရက်ကစပြီး ၁၇ ရက်ထိ ပလက်ဝ တပ်စခန်းမှ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်သံကြားနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ခဝဲရွာသားတစ်ဦးက “ဒီနေ့ ကလေးတွေ နေ့လည်းကျောင်းတက်ပြီးလောက်ကစပစ်ကြတယ်။ ပြီးတော့ ၂ နာရီခွဲလောက်မှာအသံပြန်တိတ်တယ်။ ကျနော်တို့ကတော့ လက်နက်ကြီးသံတွေပဲကြားနေရတယ်။ ဖြစ်တဲ့နေရာက ရွာနဲ့ ပလက်ဝကြား ဆူပုတ်တောင်မှာလို့သိရတယ်။ လက်နက်သံတွေကြားလို့ကြောက်ရင်လည်း ဘယ်မှပြေးစရာမရှိတာ။ ပလက်ဝသွားမယ်ဆိုရင်လည်း ကြားမှာဖြစ်တယ်ဆိုတော့ ဒီတိုင်းနေရတော့မှာပေါ့” လို့ပြောပါတယ်။

ခဝဲရွာဟာ အိမ်ခြေ တစ်ရာကျော်ရှိပြီး အနီးအနားမှာ ကျေးရွာတွေလည်းရှိပါသေးတယ်။
ပလက်ဝမြို့ တပ်စခန်းကနေ ဇွန်လ (၁၅)ရက် ညနေ ၃ နာရီကစပြီး ဆူပုတ်တောင်ဘက်ကိုလက်နက်ကြီးနဲ့စထုနေတာဖြစ်ပါတယ်။

“လက်နက်ကြီးအသံတွေက ရိုးတောင်ရိုးနေပြီ။ အရင်ကတော့ ညဘက်မှာလည်းပစ်တော့ အိပ်လို့မပျော်ဘူး။ အခုတော့ ညတော့မပစ်တော့ဘူး။ လဆန်းတုန်းက မြို့ရဲ့ အနောက်ဘက်မှာ ၇ မိုင်လောက်မှာတိုက်ပွဲဖြစ်တယ်။ အခု အနောက်တောင်ဘက်မှာ နီးနီးလေးမှာထပ်ဖြစ်တယ်။ ဒီနေ့လည်း ၂ နာရီကြာပစ်တဲ့ချိန်မှာ အလုံး ၁၀ ချက်လောက်ပစ်တယ်။ ပတ်လည်ဝိုင်းထားသလိုဖြစ်တော့ ဘယ်ချိန်မှာ မြို့ထဲကိုသူတို့ဝင်လာမလဲဆိုပြီး စိုးရိမ်ရတာပေါ့” လို့ ပလက်ဝမြို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ဇွန်လ ၁၆ ရက်တွင်လည်း ညနေ ၃ နာရီကစပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်