ဘက်ပြောင်းသည့် PDF ရဲဘော်များအား ရှင်းလင်းခိုင်းပြီး မိသားစုဝင်တွေပါ ထိန်းချုပ်ထားရန် ပြည်ထဲရေးဝန်ကြီး ဦးစိုးထွဋ်အား ညွန်ကြားထား

အကြမ်းဖက်စစ်ကောင်စီထံ ဘက်ပြောင်းသည့် PDF ရဲဘော်နဲ့ အခြားအဖွဲ့အ စည်းအမည်ရှိ လက်နက်ကိုင်အဖွဲ့ဝင် ရဲဘော်များကို ရှင်းလင်းပစ်ရန် ပြည်ထဲရေးဝန်ကြီးဦးစိုးထွဋ်အား မေလ ၁၁ ရက်နေ့တွင် ညွန့်ကြားထားကြောင်း တပ်တွင်းသတင်းပေးပို့ချက်အရ သိရှိရသည်။

ဘက်ပြောင်းဝင်လာသော PDF နဲ့ အခြားလက်နက်ကိုင် အဖွဲ့ဝင်များသတင်းအစန မကျန်ရှိအောင် သုတ်သင်ရှင်းလင်းခိုင်းပြီး၊ ၎င်းတို့ မိသားစုဝင်တွေပါ စစ်ဆေးမေးမြန်းရန် ထိန်းချုပ်ထားခိုင်း‌ကြောင့် သတင်းရရှိသည်။

ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် ထောင်ထဲရောက်ရှိနေသော လူသိနည်းသည့် ထောင်သားများအား PDF နဲ့ အခြားလက်နက်ကိုင် အဖွဲ့ဝင်များ ဘက်ပြောင်းဝင်လာ သည့် ပုံစံနဲ့ ဝါဒဖြန့်ခိုင်းခဲ့ကြောင်း သတင်းရရှိသည်။

အကြမ်းဖက်စစ်ကောင်စီက PDF ရဲဘော်တွေကို ဥပဒေဘောင်ထဲသို့ ပြန်လည်ဝင်ရောက်ရန်၊ လိုအပ်သည့်အကူညီကိုလည်း ခရိုင်ရုံး၊ မြို့နယ်စီမံအုပ်ချုပ်ရေး၊ တပ်စခန်းများနဲ့ ရဲစခန်းများသို့ ဆက်သွယ်နိုင်ကြောင်း၊ လက်နက်ခဲယမ်းများပါ ယူဆောင်လာပါက ဆုငွေထောက်ပံ့ကြေးများလည်း ပေးအပ်သွားမည်ဟု မေလ ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းများ

ထန်တလန်မြို့နယ်အတွင်းရှိကျောင်းများအကန့်အသတ်မရှိပိတ်ထားကြရန်အသိပေး

အောက်တိုဘာလ ၃၀၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိစာသင်ကျောင်းများကို အကန့်အသတ်မရှိပိတ်ထားကြရန် CDF-Thangtlang ၊ ပညာရေးဌာနက အောက်တိုဘာ ၂၉ ရက်မှာအသိပေး ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လူနေအိမ်နဲ့စာသင်ကျောင်းများကိုနေ့စဉ်ဗုံးကြဲနေတာကြောင့် ထန်တလန်မြို့နယ် အတွင်းရှိ အထက်တန်း၊ ...

ဆက်ဖတ်ရန်