ဘက်ပြောင်းသည့် PDF ရဲဘော်များအား ရှင်းလင်းခိုင်းပြီး မိသားစုဝင်တွေပါ ထိန်းချုပ်ထားရန် ပြည်ထဲရေးဝန်ကြီး ဦးစိုးထွဋ်အား ညွန်ကြားထား

အကြမ်းဖက်စစ်ကောင်စီထံ ဘက်ပြောင်းသည့် PDF ရဲဘော်နဲ့ အခြားအဖွဲ့အ စည်းအမည်ရှိ လက်နက်ကိုင်အဖွဲ့ဝင် ရဲဘော်များကို ရှင်းလင်းပစ်ရန် ပြည်ထဲရေးဝန်ကြီးဦးစိုးထွဋ်အား မေလ ၁၁ ရက်နေ့တွင် ညွန့်ကြားထားကြောင်း တပ်တွင်းသတင်းပေးပို့ချက်အရ သိရှိရသည်။

ဘက်ပြောင်းဝင်လာသော PDF နဲ့ အခြားလက်နက်ကိုင် အဖွဲ့ဝင်များသတင်းအစန မကျန်ရှိအောင် သုတ်သင်ရှင်းလင်းခိုင်းပြီး၊ ၎င်းတို့ မိသားစုဝင်တွေပါ စစ်ဆေးမေးမြန်းရန် ထိန်းချုပ်ထားခိုင်း‌ကြောင့် သတင်းရရှိသည်။

ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် ထောင်ထဲရောက်ရှိနေသော လူသိနည်းသည့် ထောင်သားများအား PDF နဲ့ အခြားလက်နက်ကိုင် အဖွဲ့ဝင်များ ဘက်ပြောင်းဝင်လာ သည့် ပုံစံနဲ့ ဝါဒဖြန့်ခိုင်းခဲ့ကြောင်း သတင်းရရှိသည်။

အကြမ်းဖက်စစ်ကောင်စီက PDF ရဲဘော်တွေကို ဥပဒေဘောင်ထဲသို့ ပြန်လည်ဝင်ရောက်ရန်၊ လိုအပ်သည့်အကူညီကိုလည်း ခရိုင်ရုံး၊ မြို့နယ်စီမံအုပ်ချုပ်ရေး၊ တပ်စခန်းများနဲ့ ရဲစခန်းများသို့ ဆက်သွယ်နိုင်ကြောင်း၊ လက်နက်ခဲယမ်းများပါ ယူဆောင်လာပါက ဆုငွေထောက်ပံ့ကြေးများလည်း ပေးအပ်သွားမည်ဟု မေလ ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Zalen ad

နောက်ဆုံးရသတင်းများ

မီဇိုးယာဉ်မောင်းတဦးသေဆုံးခဲ့တာကြောင့် ပိတ်ထားတဲ့ အိန္ဒိယ-မြန်မာနယ်စပ်လမ်းပြန်ဖွင့်ပြီ

ဖေဖော်ဝါရီ ၂၆ ၊ ၂၀၂၆ Zalen အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊လောင်တလိုင်ခရိုင်ဘက်ခြမ်းကနေ ပိတ်ထားတဲ့ နယ်စပ်လမ်းများကို လောင်တလိုင် ခရိုင် အုပ်ချုပ်ရေးမှူးက ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်ကနေစပြီး ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။ လောင်တလိုင်ခရိုင် နဲ့  မြန်မာ ( ...

ဆက်ဖတ်ရန်