မတူပီမြို့မှာ ရေရှားပါးလာ၍ ထမင်းချက်ဖို့အတွက်ရေ အလုံလောက်မရှိဟုဆို

ချင်းပြည်နယ်၊ မတူပီမြို့ပေါ်မှာ အရင်နှစ်တွေထက် သောက်သုံးရေရှားပါးလာတာကြောင့် ထမင်းချက်ဖို့အသုံးပြုရန် ရေအလုံအလောက်မရရှိဘူးလို့ ဒေသခံတွေထံက သတင်းရရှိပါတယ်။

မတူပီမြို့ခံတစ်ဦးက “တချို့ရပ်ကွက်တွေက တစ်ပတ်ကို ရေတစ်ကြိမ်ပဲလာတယ်။ တချို့ရပ်ကွက်တွေမှာတော့ ၃ ရက်တစ်ခါ လာတာတို့လည်းရှိတာပေါ့။ အရင်ကဆို မြို့ပေါ် ရေလုံလုံလောက်လောက်မရလည်း တစ်ချို့က ကားနဲ့သည်ပြီး ရေရောင်းလို့ ဝယ်သုံးခဲ့ကြတယ်။ ခုတော့ ကားနဲ့သယ်ပြီး ရေရောင်းလို့လည်း မရတော့ဘူး၊ လည်မြိုမြစ်ကို ဆင်းပြီး ရေချိုးလို့လည်း မရတော့ဘူး။ ထမင်းဟင်းချက်ပြုတ်ဖို့တောင် ရေလုခပ်နေရတယ်” လို့ ပြောပါတယ်။

အဓိက ရေခက်ခဲရတဲ့ အကြောင်းအရင်းကတော့ ရေသွယ်တန်းရာနေရာမှာ စစ်ကောင်စီတပ်ချထားတဲ့ ခလရ ၃၀၄ တပ်ရင်းက စည်းကမ်းမရှိပဲ ရေကို စိတ်ကြိုက် ဖြတ်တောက်သုံးစွဲနေခြင်းကြောင့်လို့ ဆိုပါတယ်။

ဒါ့အပြင် နွေရာသီရောက်ပြီမို့ ရေကလည်း နည်းပါးလာခြင်းကြောင့် မြို့ပေါ်တွင် ရေလုံလောက်စွာ မရတာလည်း ပါဝင်ပါတယ်။ တစ်ချိန်တည်းမှာပဲ ရေမလာလို့ တောထဲ ရေပြုပြင်ရန် လိုအပ်လာချိန်မှာလည်း ယခင်ကလို အချိန်မရွေးသွားရောက်ပြုပြင်မှုများ မလုပ်နိုင်ပဲ ရေပြုပြင်ရန် စစ်ကောင်စီထံမှ ထောက်ခံစာအဆင့်ဆင့် ယူရသောကြောင့် မြို့ခံများဟာ အခက်တွေ့လာတာဖြစ်ပါတယ်။ ဒါ့ကြောင့် စည်ပင်ရေနဲ့ တစ်ချို့ဘာသာရေးရေသာ မြို့ပေါ်တွင် ရရှိကြောင်း သိရပါတယ်။

မတူပီမြို့တွင် စည်ပင်ရေ၊ ဘာသာရေးကပေးတဲ့ရေနဲ့ ကိုယ်ထူကိုယ်ထ သွယ်တန်းထားသော ရေများကို အသုံးပြုကြရာ ခုတော့ စည်ပင်ရေကို အဓိက အားထားအသုံးပြုနေကြပါတယ်။

Zawgyi

မတူပီၿမိဳ႕မွာ ေရရွားပါးလာ၍ ထမင္းခ်က္ဖို႔အတြက္ေရ အလုံေလာက္မရွိဟုဆို

ခ်င္းျပည္နယ္၊ မတူပီၿမိဳ႕ေပၚမွာ အရင္ႏွစ္ေတြထက္ ေသာက္သုံးေရရွားပါးလာတာေၾကာင့္ ထမင္းခ်က္ဖို႔အသုံးျပဳရန္ ေရအလုံအေလာက္မရရွိဘူးလို႔ ေဒသခံေတြထံက သတင္းရရွိပါတယ္။

မတူပီၿမိဳ႕ခံတစ္ဦးက “တခ်ိဳ႕ရပ္ကြက္ေတြက တစ္ပတ္ကို ေရတစ္ႀကိမ္ပဲလာတယ္။ တခ်ိဳ႕ရပ္ကြက္ေတြမွာေတာ့ ၃ ရက္တစ္ခါ လာတာတို႔လည္းရွိတာေပါ့။ အရင္ကဆို ၿမိဳ႕ေပၚ ေရလုံလုံေလာက္ေလာက္မရလည္း တစ္ခ်ိဳ႕က ကားနဲ႔သည္ၿပီး ေရေရာင္းလို႔ ဝယ္သုံးခဲ့ၾကတယ္။ ခုေတာ့ ကားနဲ႔သယ္ၿပီး ေရေရာင္းလို႔လည္း မရေတာ့ဘူး၊ လည္ၿမိဳျမစ္ကို ဆင္းၿပီး ေရခ်ိဳးလို႔လည္း မရေတာ့ဘူး။ ထမင္းဟင္းခ်က္ျပဳတ္ဖို႔ေတာင္ ေရလုခပ္ေနရတယ္” လို႔ ေျပာပါတယ္။

အဓိက ေရခက္ခဲရတဲ့ အေၾကာင္းအရင္းကေတာ့ ေရသြယ္တန္းရာေနရာမွာ စစ္ေကာင္စီတပ္ခ်ထားတဲ့ ခလရ ၃၀၄ တပ္ရင္းက စည္းကမ္းမရွိပဲ ေရကို စိတ္ႀကိဳက္ ျဖတ္ေတာက္သုံးစြဲေနျခင္းေၾကာင့္လို႔ ဆိုပါတယ္။

ဒါ့အျပင္ ေႏြရာသီေရာက္ၿပီမို႔ ေရကလည္း နည္းပါးလာျခင္းေၾကာင့္ ၿမိဳ႕ေပၚတြင္ ေရလုံေလာက္စြာ မရတာလည္း ပါဝင္ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ေရမလာလို႔ ေတာထဲ ေရျပဳျပင္ရန္ လိုအပ္လာခ်ိန္မွာလည္း ယခင္ကလို အခ်ိန္မေ႐ြးသြားေရာက္ျပဳျပင္မႈမ်ား မလုပ္ႏိုင္ပဲ ေရျပဳျပင္ရန္ စစ္ေကာင္စီထံမွ ေထာက္ခံစာအဆင့္ဆင့္ ယူရေသာေၾကာင့္ ၿမိဳ႕ခံမ်ားဟာ အခက္ေတြ႕လာတာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ စည္ပင္ေရနဲ႔ တစ္ခ်ိဳ႕ဘာသာေရးေရသာ ၿမိဳ႕ေပၚတြင္ ရရွိေၾကာင္း သိရပါတယ္။

မတူပီၿမိဳ႕တြင္ စည္ပင္ေရ၊ ဘာသာေရးကေပးတဲ့ေရနဲ႔ ကိုယ္ထူကိုယ္ထ သြယ္တန္းထားေသာ ေရမ်ားကို အသုံးျပဳၾကရာ ခုေတာ့ စည္ပင္ေရကို အဓိက အားထားအသုံးျပဳေနၾကပါတယ္။

နောက်ဆုံးရသတင်းများ

ဒေါ်လာ၁၂သန်းကြောင့် အမေရိကန်ထောက်ပို့ကို CNA/CNF လုပ်ကြံအစ​ဖျောက်ဆိုတဲ့ သတင်းအမှား

မေ ၁၊ ၂၀၂၅။ Zalen အမေရိကန်နိုင်ငံမှာနေထိုင်တဲ့ ချင်းပြည်ကောင်စီ အမေရိကန်ထောက်ပို့ Pu Van Uk Cung ကို ဒေါ်လာ ၁၂ သန်းကြောင့် CNF/CNA ကလုပ်ကြံ အစဖျောက်ဆိုတဲ့ သတင်းကို နေပြည်တော်အမည်ရှိ ...

ဆက်ဖတ်ရန်