မီဇိုးယာဉ်မောင်းတဦးသေဆုံးခဲ့တာကြောင့် ပိတ်ထားတဲ့ အိန္ဒိယ-မြန်မာနယ်စပ်လမ်းပြန်ဖွင့်ပြီ

ဖေဖော်ဝါရီ ၂၆ ၊ ၂၀၂၆

Zalen

Zalen ad

အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊လောင်တလိုင်ခရိုင်ဘက်ခြမ်းကနေ ပိတ်ထားတဲ့ နယ်စပ်လမ်းများကို လောင်တလိုင် ခရိုင် အုပ်ချုပ်ရေးမှူးက ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်ကနေစပြီး ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။

လောင်တလိုင်ခရိုင် နဲ့  မြန်မာ ( ပလက်ဝ) နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းကို လုံခြုံရေးအရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်ကနေစတင်ပိတ်ပင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိမှာ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေး အခြေအနေ တိုးတက်ကောင်းမွန်လာတာကြောင့် မနေ့ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ပြန်လည် ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။

လောင်တလိုင်ခရိုင်အုပ်ချုပ်ရေးမှူးက Bharatiya Nagarik Suraksha Sanhita ( BNSS) ၂၀၂၃ ရဲ့ ပုဒ်မ ၁၆၃ အရ  အပြည်ပြည်ဆိုင်ရာ နယ်စပ်များအားလုံး ပိတ်ထားခြင်းနဲ့ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုလုပ်ငန်းတွေကို ခွင့်မပြုတဲ့ အမိန့်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒီနယ်စပ်လမ်းကို ပိတ်ပင်ခဲ့ရတဲ့အကြောင်းရင်းမှာ မီဇိုးယာဉ်မောင်းတစ်ဦး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ နယ်စပ်၊မြန်မာဘက်ခြမ်းကို ကုန်ပစ္စည်းသွားပို့ရင်း သေဆုံးခဲ့တာကြောင့်ဖြစ်ပါတယ်။

မီဇိုရမ်ပြည်၊ လောင်တလိုင်ခရိုင် နဲ့ ရှာဟာခရိုင်တို့ဟာ  ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်ဘက်ကို ကုန်ပစ္စည်းတွေ တင်သွင်းပို့ဆောင်ရာမှာ အဓိကကျတဲ့ခရိုင်များဖြစ်ကြပါတယ်။

မီဇိုးယာဉ်မောင်းသေဆုံးမှုနဲ့ပတ်သက်လို့ ရှာဟာခရိုင်ကလည်း သူတို့နဲ့ထိစပ်တဲ့နယ်စပ်လမ်းကိုပိတ်ပင်ခဲ့ပေမယ့် ၃ ရက်အကြာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှပြန်လည်ဖွင့်လှစ်ထားပါတယ်။

သတင်း – Mickey

ဓာတ်ပုံ-လူမှုကွန်ယက်

#အိန္ဒိယ#မြန်မာ#နယ်စပ်#Zalen

နောက်ဆုံးရသတင်းများ

သမ္မတနေရာ မဟုတ်ရင် လွှတ်တော်ဥက္ကဋ္ဌ နေရာကို ဦးခင်ရီ ရယူဖို့ ပြင်ဆင်နေ

ဖေဖော်ဝါရီ ၂၆၊ ၂၀၂၆Zalen မြန်မာနိုင်ငံရဲ့ အာဏာလွှဲပြောင်းမှု အခင်းအကျင်းသစ်မှာ စစ်တပ်ကျောထောက်နောက်ခံပြု USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီဟာ သြဇာအာဏာ အကြီးမားဆုံးဖြစ်လာမယ့် လွှတ်တော်ဥက္ကဋ္ဌ ရာထူးကို ရယူဖို့ ရှိနေကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြလိုက်ပါတယ်။ နိုင်ငံရေးလေ့လာသူတွေရဲ့ အဆိုအရ ...

ဆက်ဖတ်ရန်