မွေးနေ့ပွဲပြုလုပ်နေချိန် တိုက်ခိုက်ခံရမှုကြောင့် ကနီမြို့မစခန်းမှူးနဲ့အတူ နယ်ထိန်းတို့ သေဆုံး

မောင်းသူမဲ့ လေယာဥ်နဲ့ တိုက်ခိုက်မှုကြောင့် ကနီမြို့မရဲစခန်းမှူးနဲ့အတူ နယ်ထိန်းခေါင်းဆောင်တို့ သေဆုံးသွားပြီး မြို့နယ်မှူးအပါအဝင် ၄ ယောက်ပြင်းထန်ဒဏ်ရာ ရရှိသွားတယ်လို့ ကျောက်လုံးကြီး – KLG PDF ဆီက သိရပါတယ်။

၎င်းနဲ့အတူ နယ်ထိန်းတို့ သေဆုံးခဲ့ပြီး မြို့နယ်မှူးနဲ့အတူ မိသားစုဝင် ၂ ယောက်နဲ့ ရဲမေ ၁ ယောက်တို့လည်း ပြင်းထန်ဒဏ်ရာ ရရှိသွားတယ်လို့ ကျောက်လုံးကြီး – KLG PDF ဆီက သိရပါတယ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ မြို့မရဲစခန်းမှာ သြဂုတ် ၃ ရက်၊ မနက် ၈ နာရီက စခန်းမှူး ထွန်းမြင့်ရဲ့ မွေးနေ့ပွဲကို မြို့နယ်မှူးအပါအဝင် လုပ်ဖော်ကိုင်ဖက်များနဲ့ မိသားစုဝင်များတို့က ပြုလုပ်ပေးနေချိန်မှာ ဒရုန်းနဲ့ ဗုံးသီး ၄ လုံး ကျဲချခဲ့တာလို့ ဆိုပါတယ်။

“အတွင်းသတင်းပေးမှုနဲ့ မွေးနေ့ပွဲလုပ်နေချိန်မှာ ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်။ အဲ့မှာ စခန်းမှူးနဲ့ နယ်ထိန်း ထိမှန်ပြီးသေသွားတယ်။ ဒုတိယအခေါက် ထပ်တိုက်ခိုက်တာကျတော့ မြို့နယ်မှူးနဲ့ ရဲမေ ပြီးတော့ စခန်းမှူးရဲ့မိသားစုဝင် ၂ ယောက် ဒဏ်ရာရသွားတယ်” လို့ ကျောက်လုံးကြီး PDF ရဲဘော်တစ်ယောက်က ပြောပါတယ်။

“ဒရုန်း ၂ စီးအသုံးပြုပြီး ၂ ကြိမ် ဗုံး ၄ လုံးကျဲတိုက်ခိုက်ခဲ့တာပါ။ မွေးနေ့ပွဲတောင် ပြီးအောင်မလုပ်လိုက်ရဘူး။ ဆေးရုံထဲမှာ စခန်းမှူးရဲ့မိသားစုဝင်တွေ ငိုနေတယ်လို့ သတင်းရတယ်” လို့ ကျောက်လုံးကြီး – KLG PDF တာဝန်ခံက ပြောပါတယ်။

Zalen ad

ကျောက်လုံးကြီး – KLG PDF ရဲဘော်တွေကိုယ်တိုင် ပြုလုပ်ဖန်တီးထားတဲ့ မောင်းသူမဲ့ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တစ်စီးကို ကျပ်သိန်း ၂၀ ခန့် ရှိကြောင်း၊ အခက်ခဲဆုံးမှာ ယမ်းပစ္စည်းဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

နောက်ဆုံးရသတင်းများ

မီဇိုးယာဉ်မောင်းတဦးသေဆုံးခဲ့တာကြောင့် ပိတ်ထားတဲ့ အိန္ဒိယ-မြန်မာနယ်စပ်လမ်းပြန်ဖွင့်ပြီ

ဖေဖော်ဝါရီ ၂၆ ၊ ၂၀၂၆ Zalen အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊လောင်တလိုင်ခရိုင်ဘက်ခြမ်းကနေ ပိတ်ထားတဲ့ နယ်စပ်လမ်းများကို လောင်တလိုင် ခရိုင် အုပ်ချုပ်ရေးမှူးက ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်ကနေစပြီး ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။ လောင်တလိုင်ခရိုင် နဲ့  မြန်မာ ( ...

ဆက်ဖတ်ရန်