ရွှေဘိုမြို့နယ် စစ်စခန်းကို PDF က တိုက်ခိုက်ရာ စစ်တပ်ဘက်က ၂၀ ထက်မနည်းသေဆုံး

PDF ရဲ့ဝင်ရောက်တိုက်ခိုက်မှုကြောင့် ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာရှိ စစ်ကောင်စီတပ်သား ၂၀ ထက်မနည်း သေဆုံးသွားတယ်လို့ ကျောက်လုံးကြီး KLG PDF က ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာရှိ အကြမ်းဖက်စစ်တပ်စခန်းကို ၂၀၂၃၊ မေ (၉) ရက်၊ မနက်အစောပိုင်း ၄ နာရီခန့်က ကျောက်လုံးကြီး PDF ကနေ စခန်းသိမ်းဖို့ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

တိုက်ခိုက်မှုကြောင့် စစ်သား ၂၀ ခန့်သေဆုံးခဲ့အပြီး စခန်းသိမ်းပိုက်ခါနီးအချိန် မနက် ၆ နာရီခန့်မှာတော့  ရွှေဘိုမြို့နယ် သလုံးပျူရွာ၊ တည်သီးတောရွာ၊ နှမစားရစ်ရွာ မှ စစ်သားနဲ့ ပျူစောထီးတွေ တပ်ကူရောက်ရှိလာခဲ့လို့ အခြေအနေသုံးသပ်ကာ ဆုတ်ခွာခဲ့တာဖြစ်တယ်လို့ ကျောက်လုံးကြီး KLG PDF တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါတိုက်ပွဲကို KLG PDF ကျောက်လုံးကြီး၊ ဒီပဲယင်း ဂဠုန်တပ်တော်၊ မိုးကြိုးမုန်တိုင်းအဖွဲ့၊ မဟာညီနောင်ဘွား၊ ဒေါင်းလုလင် LPDF၊ spring guerrilla platoon၊ ရွှေဘို ဒီပဲယင်း မဟာမိတ် ညီနောင်များက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ရဲဘော် ၄ ယောက် မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

မီဇိုးယာဉ်မောင်းတဦးသေဆုံးခဲ့တာကြောင့် ပိတ်ထားတဲ့ အိန္ဒိယ-မြန်မာနယ်စပ်လမ်းပြန်ဖွင့်ပြီ

ဖေဖော်ဝါရီ ၂၆ ၊ ၂၀၂၆ Zalen အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊လောင်တလိုင်ခရိုင်ဘက်ခြမ်းကနေ ပိတ်ထားတဲ့ နယ်စပ်လမ်းများကို လောင်တလိုင် ခရိုင် အုပ်ချုပ်ရေးမှူးက ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်ကနေစပြီး ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။ လောင်တလိုင်ခရိုင် နဲ့  မြန်မာ ( ...

ဆက်ဖတ်ရန်