သာစည်ရွာကို စစ်ကောင်စီက တနေကုန်မီးရှို့၊ ရှေ့တန်းမှာ ပျူစောထီးတွေလည်းပါဝင်လာ

ကလေးမြို့နယ်၊ သာစည်ကျေးရွာကို ယနေ့ဩဂုတ် ၁၉ ရက်တွင် စစ်ကောင်စီနဲ့အပေါင်းပါများက လူနေအိမ် အများအပြားထပ်မံမီးရှို့တယ်လို့သတင်းရရှိပါတယ်။

ဒေသခံတစ်ဦးက “ဒီနေ့တော့ ထိတွေ့မှုမရှိဘူး။ ဒါပေမယ့် သာစည်ရွာကို တနေကုန်မီးလိုက်ရှို့ကြတယ်။ ခန့်မှန်းခြေအိမ် ၁၀၀ လုံးလောက်ရှိမယ်ထင်တယ်။ ဒီညထိ ရွာထဲမှာ စစ်ခွေးတွေရှိနေတုန်း။ ခန့်မှန်းခြေ အင်အား ၂၀၀ လောက်ရှိမယ်။ ပျူစောထီးတွေလည်း ပါလာတယ်။ ပသစ (ပြည်သူ့စစ်)တံဆိပ်တွေလည်း တွေ့တယ်”လို့ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ရည်မှန်းချက်ဟာ ကလေး-ဂန့်ဂေါကားလမ်းကိုစိုးမိုးရန်ဖြစ်ပေမယ့် ဒါဟာ လုံးဝဖြစ်လာမှာမဟုတ်ဘူးလို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ပတ်သက်သူတစ်ဦးကပြောပါတယ်။

စစ်ကောင်စီအခေါ် ပြည်သူ့စစ်၊ အရပ်ခေါ် ပျူစောထီးများရဲ့ တံဆိပ်

“သူတို့က ကလေးတောင်ပိုင်းက ငတ်ပြတ်နေတဲ့ ပျူစောထီးရွာတွေကို လမ်းကြောင့်ပွင့်စေချင်တာ။ ဒါကြောင့် ကလေးမြို့က ပျူစောထီးတွေနဲ့အတူ အခုစစ်ကြောင်းထိုးလာတာ။ ဒီသတင်းကို ကျနော်တို့ကြားတာ အတော်ကြာပြီ။ ဒါပေမယ့် ကလေး-နတ်ချောင်း-ဂန့်ဂေါကားလမ်းစိုးမိုးဖို့ဆိုတာ ကိုယ့်သေတွင်းကိုယ်တူးသလိုဖြစ်မှာ”လို့ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဩဂုတ်လ ၁၅ ရက်မနက်ပိုင်းကစပြီး ဝေဟင်၊ မြေပြင်နဲ့ လက်နက်ကြီးပစ်ကူဖြစ် သာစည်ရွာကိုတိုက်ခိုက်ပြီး အခုထိ လူနေအိမ် ၂၀၀ နီးပါး မီးရှို့ခံရကာ ဒေသခံအမျိုးသားတစ်ဦး လက်နက်ကြီးထိမှန်လို့သေဆုံးပါတယ်။

နောက်ဆုံးရသတင်းများ

ထန်တလန်မြို့နယ်အတွင်းရှိကျောင်းများအကန့်အသတ်မရှိပိတ်ထားကြရန်အသိပေး

အောက်တိုဘာလ ၃၀၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိစာသင်ကျောင်းများကို အကန့်အသတ်မရှိပိတ်ထားကြရန် CDF-Thangtlang ၊ ပညာရေးဌာနက အောက်တိုဘာ ၂၉ ရက်မှာအသိပေး ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လူနေအိမ်နဲ့စာသင်ကျောင်းများကိုနေ့စဉ်ဗုံးကြဲနေတာကြောင့် ထန်တလန်မြို့နယ် အတွင်းရှိ အထက်တန်း၊ ...

ဆက်ဖတ်ရန်