အင်အားဖြည့်တင်းဖို့ မင်းတပ်ဘက်ကိုဦးတည်လာတဲ့ စစ်ယာဉ်တန်းတားဆီးဖို့ အုန်းတောတံတားကို ၂ ကြိမ်ဖောက်ခွဲ

HAK/ ၆၊အောက်တိုဘာ၊၂၀၂၃

Zalen

မကွေးတိုင်း၊ပေါက်မြို့နယ်မှ မင်းတပ်ဘက်ကိုရိက္ခာပို့ရန် ဦးတည်လာတဲ့ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ စစ်ယာဉ်တန်းအစီးရေ ၇၀ကျော်ကို တားဆီးဖို့ အုန်းတော တံတားကို ၂ ကြိမ် ဖောက်ခွဲခဲ့တယ်လို့သိရပါတယ်။

ချောင်းကူးတံတားဖြစ်တဲ့ အုန်းတော တံတားကို စက်တင်ဘာလ ၃၀နဲ့ အောက်တိုဘာ ၃ရက်မှာ ၂ကြိမ်တိုင်တော်လှန်ရေးတပ်ဖွဲ့များက ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Zalen ad

စက်တင်ဘာ ၂၈ရက်နေ့ကတည်းက ပခုက္ကူကနေ စတင်ထွက်ခွါလာတဲ့ အင်အား ၂၀၀ကျော်ပါတဲ့ စစ်ယာဉ်တန်းဟာ လမ်းပိတ်ဆို့တားဆီးခံရမှုကြောင့် ပေါက်မြို့နယ်အတွင်းမှာရှိတဲ့ ပျူစောထီးတွေအားကောင်းတဲ့ ယာကြီးပြင်ရွာမှာပဲ လက်ရှိတပ်ချထားပါတယ်။

နယ်မြေရှင်းလင်းရေးများလုပ်ဆောင်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း မကြာခဏ ထိတွေ့ပစ်ခတ်မှုရှိနေတယ်လို့ဒေသခံကာကွယ်ရေးတပ်ဖွဲ့များထံက သိရပါတယ်။

ယမန်နှစ် ၂၀၂၂မေလအတွင်းမှာလည်းမင်းတပ်ကို ဦးတည်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို တားဆီးဖို့ အုန်းတောတံတားကို ဖောက်ခွဲခဲ့ဖူးပါတယ်။

နောက်ဆုံးရသတင်းများ

မီဇိုးယာဉ်မောင်းတဦးသေဆုံးခဲ့တာကြောင့် ပိတ်ထားတဲ့ အိန္ဒိယ-မြန်မာနယ်စပ်လမ်းပြန်ဖွင့်ပြီ

ဖေဖော်ဝါရီ ၂၆ ၊ ၂၀၂၆ Zalen အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊လောင်တလိုင်ခရိုင်ဘက်ခြမ်းကနေ ပိတ်ထားတဲ့ နယ်စပ်လမ်းများကို လောင်တလိုင် ခရိုင် အုပ်ချုပ်ရေးမှူးက ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်ကနေစပြီး ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။ လောင်တလိုင်ခရိုင် နဲ့  မြန်မာ ( ...

ဆက်ဖတ်ရန်