အဆင့်တိုးမြှင့်ထားတဲ့ကျောင်းများ ဆရာ၊မ မခန့်နိုင်သေး၍ ကျောင်းသားမိဘများမိမိဘာသာဖြေရှင်းနေရ

ဒီနှစ်မှာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အဆင့်တိုးမြှင့်ခံရတဲ့ ဖလမ်းမြို့နယ် Relsing ကျေးရွာ ဥက္ကဌက ဒီနှစ်ကျောင်းသားသစ်လက်ခံခြင်းနဲ့ အခန်းသစ်အတွက် ကျေးရွာကဖြေရှင်းနေရပုံကိုပြောပြပါတယ်။

အဆင့်တိုးမြှင့်ထားတဲ့ကျောင်းများ ဆရာ၊မ မခန့်နိုင်သေး၍ ကျောင်းသားမိဘများမိမိဘာသာဖြေရှင်းနေရ

အရင်နှစ်နဲ့ ဒီနှစ်အတွင်းအဆင့်တိုးမြှင့်လိုက်တဲ့ အခြေခံကျောင်းများတွင် ဆရာ၊မ များမခန့်နိုင်သေးသဖြင့် ကျောင်းသားမိဘများက နေ့စားနဲ့ ဆရာ၊မတွေငှားရမ်းနေရတယ်လို့သတင်းရရှိပါတယ်။

ချင်းပြည်နယ်တွင် ဒီနှစ်မှာ အခြေခံကျောင်း ၃၆၁ ကျောင်းအဆင့်မြှင့်တင်ပေမယ့် သင်ပြမယ့် ဆရာ၊မတွေ မခန့်နိုင်သေးတာကြောင့် သင်ပြမယ့်ဆရာ၊မ အတွက် အခက်အခဲဖြစ်နေပါတယ်။

လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်က “မနှစ်တုန်းက အဆင့်တိုးမြှင့်ထားတဲ့ကျောင်းတွေတောင် ကျောင်းအုပ်ကြီးတွေပဲခန့်နိုင်သေးတယ်။ ဒီနှစ် အဆင့်တိုးမြှင့်တဲ့ကျောင်းတွေတော့ ဆရာ၊မသစ်တွေမခန့်နိုင်ဘူး။ ဒါကြောင့် ကျောင်းတွေဆို အဆင့်တိုးထားပေမယ့် ဆရာမ မရှိလို့ အတန်းသစ်မဖွင့်သေးဘူးလို့ပြောတဲ့သူတွေလည်းရှိတယ်။ ဘာလို့ဒီလိုဖြစ်တာလဲဆိုရင် ဆရာ၊မ ခန့်အပ်ရေး၊ ဖြုတ်ချရေးဟာ ပြည်နယ်အစိုးရရဲ့လုပ်ပိုင်ခွင့်မဟုတ်ဘူး။ ပြည်ထောင်စုနဲ့အမြဲတမ်းပဲညို့နေရတယ်” လို့ပြောပါတယ်။

ချင်းပြည်နယ်တွင် အခြေခံပညာကျောင်းပေါင်း ၁၄၀၀ ကျော်ရှိပါပြီး ဆရာ၊မ ကိုးထောင်ကျော်ရှိပါတယ်။

ဒီနှစ်မှာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အဆင့်တိုးမြှင့်ခံရတဲ့ ဖလမ်းမြို့နယ် Relsing ကျေးရွာ ဥက္ကဌက ဒီနှစ်ကျောင်းသားသစ်လက်ခံခြင်းနဲ့ အခန်းသစ်အတွက် ကျေးရွာကဖြေရှင်းနေရပုံကိုပြောပြပါတယ်။

Relsing ကျေးရွာ ဥက္ကဌက ဦးဆင်ကာရ် “မနှစ်တုန်းက ၈ တန်းအောင်တဲ့ကလေး (၁၄)ယောက်က အခု ကိုးတန်းရောက်လာတယ်။ ဆယ်တန်းတော့မရှိသေးဘူး။ အထက်တန်းသင်ပြမယ့် ဆရာတွေလည်းမရှိသေးဘူး။ ဒါကြောင့် ကျောင်းသားမိဘတွေက ဘွဲ့ရတဲ့ ဆရာတစ်ယောက်လောက်ငှားဖို့စီစဉ်နေတယ်။ ဆရာရဲ့ လစာကတော့ ကျောင်းသားမိဘတွေက ပေးမယ်။ အစိုးရလည်း နောက်နှစ်လောက်မှာ ဆရာ၊မ ချလာပေးမယ်လို့ယုံကြည်တယ်။ ဒါကြောင့် ဒီတစ်နှစ်လေးတော့ တောင့်ခံထားရမှာပေါ့။ ကိုးတန်းတွက်ကျောင်းခန်းသစ်လည်းမရှိဘူး။ ကျောင်းက ဝန်ထမ်းအိမ်ယာအသစ်ဆောက်ထားတဲ့အိမ်မှာပဲ စာသင်ကြမယ်” လို့ပြောပါတယ်။

ပညာရေးရဲ့ မူအရ အထက်တန်းကျောင်းများတွင် ဆရာ၊မ ၁၂ ယောက်ထားရမှာဖြစ်တယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်