အသားခုံတွင် အလေးချိန်မပြည့်မီရောင်းချသူတွေနဲ့ သတ်မှတ်ဈေးနှုန်းထက်ပိုရောင်းတဲ့သူတွေကို သတိပေး

အသားခုံတွင် အလေးချိန်မပြည့်မီရောင်းချသူတွေနဲ့ သတ်မှတ်ဈေးနှုန်းထက်ပိုရောင်းတဲ့သူတွေကို သတိပေး

ထန်တလန်မြို့နယ်ရှိ အသားခုံများတွင် အလေးချိန်မပြည့်မီပဲရောင်းချသူတွေနဲ့ သတ်မှတ်ဈေးနှုန်းကျော်လွန်ပြီးရောင်းချသူတွေကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ဒီကနေသတိပေးထားကြောင်းသိရပါတယ်။

ဝက်သား နဲ့ အမဲသား တစ်ပိဿာမှာ စည်ပင်က ကျပ် ကိုးထောင်သတ်မှတ်ထားပေမယ့် ထန်တလန်မြို့ အသားခုံတွေက တစ်သောင်းနဲ့ရောင်းချနေတာကို ဒီကနေ့ စစ်ဆေးတွေ့ရှိပါတယ်။ ဒါ့ပြင် တစ်ပိဿာမှာ ၅ ကျပ်သားမှ ၁၀ ကျပ်သားထိလျော့နည်းနေတာလည်းတွေ့ရပါတယ်။

ထန်တလန်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဗန်ဇအုပ်က “ထန်တလန်မြို့မှာ အသားခုံ ၂ ခုံနဲ့ အသားခုံခွဲ တစ်ခုံရှိတဲ့ထဲမှာ ခုံ ၂ ခုံကို ဒီနေ့ အသားခုံတွေစစ်ဆေးတော့ တစ်ပိဿာ တစ်သောင်းနဲ့ရောင်းနေတာတွေ့တယ်။ ချက်ချင်းပဲ တစ်ထောင်ပြန်အမ်းခိုင်းတယ်။ အရင်နေ့တွေက ပိုရောင်းတဲ့သူတွေလည်းစစ်ဆေးအုံးမယ်။ အသားခုံဘက်ကတော့ အလေးချိန်ပိုလို့တောင်းတာတဲ့။ ကျနော်ကတော့ပြောလိုက်တယ်။ သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းပါ။ သူတို့ပိုဝယ်ချင်ရင် တစ်ပိဿာခွဲနဲ့ဝယ်ပါစေလို့ပြောတယ်။ အလေးချိန်မပြည့်ပဲရောင်းတဲ့သူတွေလည်းသတိပေးထားတယ်။ သူတို့ကို နောက်ပတ်ကျရင် ကတိဝင်ခံချက်လက်မှတ်ထိုးခိုင်းမယ်။ သုံးကြိမ်သတိပေးခံရတဲ့သူတွေကို အသားခုံသိမ်းနိုင်တယ်လို့ဥပဒေထဲမှာရှိတယ်။

Zalen ad

ချင်းပြည်နယ် တစ်ပြည်နယ်လုံးမှာ အမဲသားဖြစ်စေ၊ ဝက်သားဖြစ်စေ တစ်ပိဿာတွင် ကျပ် ၉ ထောင် ဖြစ်ရောင်းရန် စည်ပင်က သတ်မှတ်ထားပါတယ်။

နောက်ဆုံးရသတင်းများ

“Made In India” ထုတ်ကုန်များအပေါ် အမေရိကန်က အခွန် ၁၈ ရာခိုင်နှုန်း လျှော့ချကောက်ခံမည်

အမေရိကန်နဲ့ အိန္ဒိယတို့သည် ကုန်သွယ်ရေးသဘောတူညီချက်တရပ်အား ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ရက် တနင်္လာနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တယ်လီဖုန်းဖြင့် ဆွေးနွေးပြီးနောက် အချိန်အတော်ကြာ ပြဿနာအမျိုးမျိုးကြောင့် တင်းမာနေခဲ့သည့် အိန္ဒိယ–အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးအတွင်း အပြုသဘော ဆောင်သော အလှည့်အပြောင်းတရပ် ပေါ်ပေါက်လာခဲ့ပါတယ်။ ...

ဆက်ဖတ်ရန်