အိန္ဒိယရောက် မြန်မာစစ်ဘေးရှောင်များ လိုက်နာရမယ့် အချက် ၅ ချက် NUG အစိုးရထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက အိန္ဒိယရောက် မြန်မာစစ်ဘေးရှောင်များနဲ့ အဖွဲ့အစည်းများ လိုက်နာရမယ့် အချက် ၅ ချက်ကို ဇွန်လ ၁၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်ပါတယ်။

၎င်းတို့မှာ –

(က) အိန္ဒိယသမ္မတနိုင်ငံ၏ အချုပ်အခြာအာဏာ နှင့် နယ်နိမိတ်ဆိုင်ရာ ဂုဏ်သိက္ခာ ကို ထိပါးစေသည့်ပြုမူလုပ်ဆောင်မှုများကို ရှောင်ကြဉ်ကြပါရန်။

(ခ) မိမိတို့ရောက်ရှိခိုလှုံနေထိုင်နေသည့်ပြည်နယ်၏ နိုင်ငံရေးနှင့်အုပ်ချုပ်မှုဆိုင်ရာအရေးအရာများ (ဥပမာ – နိုင်ငံရေးပါတီများ၏ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုနှင့် လူမျိုးရေးအခြေပြုအချေအတင်ဖြစ်မှုများ) တွင် မလိုအပ်ဘဲ ငြိစွန်းရောယှက်မှုများ မရှိစေရေး သတိပြုနေထိုင်ကြပါရန်။

Zalen ad

(ဂ) မူးယစ်ဆေးဝါးနှင့် တောရိုင်းတိရိစ္ဆာန်များ တရားမဝင် ရောင်းဝယ်သယ်ဆောင်မှုပြုလုပ်ခြင်း၊ ယင်းကိစ္စများတွင် ပါဝင်ပတ်သက်ခြင်းများ လုံးဝ မပြုလုပ်ကြပါရန်။

(ဃ) မိမိတို့ရောက်ရှိနေထိုင်နေသည့် ရပ်ကွက်/ကျေးရွာရှိ ဒေသခံပြည်သူလူထုနှင့် သင့်တင့်လျောက် ပတ်စွာနေထိုင်ပေးကြပါရန်နှင့် မိမိတို့နေထိုင်သည့် ရပ်ကွက်/ကျေးရွာတွင် ထုတ်ပြန်ထားသော လူမှုရေး၊ ဘာသာရေး စည်းကမ်းများကိုလည်း လိုက်နာပေးကြပါရန်။

(င) မြန်မာနိုင်ငံသားများအနေဖြင့် လူမှုရေးအခက်အခဲပြဿနာများ ကြုံတွေ့ရပါက အနီးစပ်ဆုံး မြန်မာလွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုရေးအဖွဲ့အစည်းများမှတာဝန်ရှိသူများအား အသိပေး တိုင်ပင်ခြင်း၊ လိုအပ်ပါက နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းများ ပြုလုပ်ကြ ပါရန်တို့ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

မီဇိုးယာဉ်မောင်းတဦးသေဆုံးခဲ့တာကြောင့် ပိတ်ထားတဲ့ အိန္ဒိယ-မြန်မာနယ်စပ်လမ်းပြန်ဖွင့်ပြီ

ဖေဖော်ဝါရီ ၂၆ ၊ ၂၀၂၆ Zalen အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊လောင်တလိုင်ခရိုင်ဘက်ခြမ်းကနေ ပိတ်ထားတဲ့ နယ်စပ်လမ်းများကို လောင်တလိုင် ခရိုင် အုပ်ချုပ်ရေးမှူးက ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်ကနေစပြီး ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။ လောင်တလိုင်ခရိုင် နဲ့  မြန်မာ ( ...

ဆက်ဖတ်ရန်