အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုးခတ်မှာကို မလိုလာကြောင်း CYMA ပြောကြား

ဇန်နဝါရီ ၂၉ ၊ ၂၀၂၆
Zalen

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်း ဩဇာအကြီးဆုံးအရပ်ဘက်အဖွဲ့အစည်းဖြစ်တဲ့ ဗဟိုမီဇိုးလူငယ်အသင်း ( Central Young Mizo Association – CYMA ) က အိန္ဒိယ-မြန်မာနယ်စပ်ခြံစည်းရိုးခတ်မှာကို အလိုမရှိကြောင်း ဗဟိုအစိုးရ တာဝန်ရှိသူများထံ ပြောကြားလိုက်ပါတယ်။

နယ်စပ်ခြံစည်းရိုးခတ်ခြင်းဟာ ချင်း ( ဇို ) လူမျိုးများရဲ့ ညီအကိုအချင်းချင်းကြား ပတ်သက်ဆက်နွယ်မှုကို ပျက်ဆီးစေနိုင်တာကြောင့် ဒီကိစ္စကိုကန့်ကွက်ကြောင်း ဗဟိုအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ တာဝန်ရှိသူများထံ ပြောကြားထားတာ ဖြစ်ပါတယ်။

ပြည်ထဲရေးဝန်ကြီး နဲ့ CYMA ခေါင်းဆောင်များဟာ ဇန်နဝါရီလ ၂၇ ရက် ညနေပိုင်း ၄ နာရီဝန်းကျင်မှာ နယူးဒေလီ ရှိ ဝန်ကြီးအိမ်ရာမှာတွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး CYMA ဘက်မှ ဥက္ကဋ္ဌ R Lalngheta ၊ ဒုဥက္ကဋ္ဌ Prof. Lalnuntluanga ၊ အထွေထွေအတွင်းရေးမှူး Prof. Malsawmliana နဲ့ ငွေကိုင် H Duhkima တို့ပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

Zalen ad

အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုးခတ်မယ့်ကိစ္စနဲ့ပတ်သက်ပြီး CYMA ရဲ့သဘောထားကို ပြည်ထဲရေးဝန်ကြီးမှ မေးမြန်ရာ မီဇိုရမ်ပြည်နယ်အတွင်း အရပ်ဘက်အဖွဲ့အစည်း ညှိနှိုင်းရေးကော်မတီရဲ့ ဆုံးဖြတ်ချက်အရ ဒီနယ်စပ်ခြံစည်းရိုးခတ်ခြင်းက ချင်း ( ဇို ) လူမျိုးများကိုကွဲပြားစေမှာဖြစ်လို့ အလိုမရှိကြောင်း CYMA ဘက်က ပြောပါတယ်။

ဒါ့အပြင် မီဇိုရမ်ပြည်နယ်အစိုးရကလည်း နယ်စပ်ခြံစည်းရိုးခတ်မှာကို ကန့်ကွက်ကြောင်းဆုံးဖြတ်ချက်တခု ချမှတ်ထားပြီဖြစ်ကြောင်း၊ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ့် နယ်စပ်ခြံစည်းရိုးခတ်တဲ့နေရာမှာ မီဇိုရမ်ဘက်မှနယ်မြေ အများအပြားဆုံးရှုံးကြောင်း နဲ့ နယ်စပ်ခြံစည်းရိုးကြောင့် မီဇိုးကျေးရွာတချို့မှာ ခြံစည်းရိုးအပြင်ဘက်ကိုရောက်ရှိကြောင်း ပြောကြားထားကြပါတယ်။

ယခုလို အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုးခတ်မှာကို မလိုလားကြောင်း ဇိုပြန်လည်ပေါင်းစည်းရေးအဖွဲ့ ( ZORO ) ဦးဆောင်မှုဖြင့် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်မှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

သတင်း – Mickey

ဓာတ်ပုံ-လူမှုကွန်ယက်/Zalen

#အိန္ဒိယ#မြန်မာ #နယ်စပ်#Zalen

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့အနီးရှိ CNA နဲ့ CDF ပူးပေါင်းစခန်းကို ZRA က ဒရုန်းဖြင့် တိုက်ခိုက်

ဇန်နဝါရီ ၂၉၊ ၂၀၂၆ Zalen ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်ရှိ ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ CDF-တွန်းဇံ ပူးပေါင်းတပ်စခန်းကို ဇိုမီးတော်လှန်ရေးတပ် (ZRA) က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့သဖြင့် စစ်ရေးပြန်လည်တင်းမာလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ CNA ...

ဆက်ဖတ်ရန်