မီဇိုရမ်မှာ မြန်မာဇနီးမောင်နှံထံကနေ ဘိန်းဖြူများဖမ်းဆီးရမိ

ဇန်နဝါရီ ၂၇ ၊ ၂၀၂၆
Zalen

မီဇိုရမ်ပြည်နယ်၊ ကော်လစစ်ခရိုင်အတွင်း မြန်မာ ဇနီးမောင်နှံထံကနေ ဘိန်းဖြူများဖမ်းဆီးရမိကြောင်း ဒေသတွင်းသတင်းများက ဒီကနေ့ဖော်ပြထားပါတယ်။

ကော်လစစ်ခရိုင်ရဲတပ်ဖွဲ့နဲ့ Young Mizo Association – YMA များရဲ့ပြောကြားချက်အရ ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက် ၊ ည ၈ နာရီဝန်းကျင်မှာ ကော်လစစ်ခရိုင် ထဲမှာ ဘိန်းဖြူ ဆပ်ပြာဗူး ၂၀ ဗူး နဲ့ တရားခံမြန်မာနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်းဆိုပါတယ်။

အဆိုပါ မူးယစ်ဆေးများကို စစ်ကိုင်းတိုင်း ကလေးမြို့၊ တာဟန်းရပ်ကွက်ဒေသခံများဖြစ်ကြတဲ့ ဒမ်ဇချင်း ( Damachin ) အသက် ၃၉ နှစ်နဲ့ဇနီးဖြစ်သူ ဒီမ်းဆီယာန်ချီန်း ( Dimsiangching) အသက် ၃၉ နှစ်တို့ထံကနေ ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါတယ်။

Zalen ad

ယင်းတရားခံနှစ်ဦးကို မူးယစ်ဆေးနဲ့စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများ အက်ဥပဒေဖြင့်အမှုဖွင့်ထားတယ် လို့သိရပါတယ်။

မီဇိုရမ်ပြည်နယ်အတွင်း တရားမဝင်မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှုမှာ မြန်မာနိုင်ငံသားအများအပြားပါဝင် ဆက်နွယ်နေပြီး ဖမ်းဆီးခံမြန်မာနိုင်ငံသားများလည်း အများအပြားရှိနေပါတယ်။

မူးယစ်ဆေးတိုက်ဖျက်ရေးကို ပြည်ထဲရေးဝန်ကြီး ဦးဆောင်ကာ “Operation Jericho” အမည်ဖြင့် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာလကနေ စတင်ခဲ့ရာ ဒီနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့အထိ ၅ လနီးပါးအကြာမှာ ရူပီး သန်းပေါင်း ၁၉၀ ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးများဖမ်းဆီးရမိခဲ့ပြီလို့ သိရပါတယ်။

သတင်း – Mickey
ပုံအညွှန်း – ဖမ်းဆီးခံမြန်မာနိုင်ငံသားဇနီးမောင်နှံ
ဓါတ်ပုံ – လူမှုကွန်ယက်

#မြန်မာ#မူးယစ်ဆေး#မီဇိုရမ်#Zalen

နောက်ဆုံးရသတင်းများ

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ပြန်လည်စတင်ဖို့ စစ်ကောင်စီ ပြင်ဆင်

ဇူလိုင် ၃၊ ၂၀၂၆ Zalen ကချင်ပြည်နယ်မြောက်ပိုင်းမှာ တည်ရှိတဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို လာမယ့် ၈ နှစ်ခန့်အတွင်း အပြီးသတ် တည်ဆောက်သွားဖို့ စစ်ကောင်စီက ရည်မှန်းချက်ထားရှိနေတယ်လို့ သိရပါတယ်။ အဆိုပါ စီမံကိန်းကို ပြန်လည်စတင်ဖို့ စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်ရဲ့ ...

ဆက်ဖတ်ရန်