အွန်လိုင်းပေါ်မေးမြန်းကြတဲ့ စက်ကြီး (၁၂၀)ဟာ ကလေး-ဖလမ်း-ဟားခါးလမ်းအတွက်သာလှူဒါန်းထားဟုဆို

အွန်လိုင်းပေါ်မေးမြန်းကြတဲ့ စက်ကြီး (၁၂၀)ဟာ ကလေး-ဖလမ်း-ဟားခါးလမ်းအတွက်သာလှူဒါန်းထားဟုဆို

ဂျပန်နိုင်ငံက ချင်းပြည်နယ်အစိုးရသို့ လွန်ခဲ့တဲ့ နှစ်နှစ်က လှူဒါန်းထားတဲ့ စက်ကြီးမျိုးစုံ (၁၂၀)စီးဟာ ကလေး-ဖလမ်း-ဟားခါး လမ်းစီမံကိန်းအတွက်သာအသုံးပြုဖို့လှူဒါန်းထားတယ်လို့ ဝန်ကြီးဦးစိုးထက်ကပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ် Tateshi ကိုယ်တိုင်ဦးဆောင်ပြီး စက်ကြီးမျိုးစုံ (၁၂၀)စီးကို ချင်းပြည်နယ်အစိုးရထံ ၂၀၁၇ ခုနှစ် ဇွန်လ ၅ ရက်နေ့က ပေးအပ်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းပြည်နယ် စည်ပင်နှင့်လျှပ်စစ်ဝန်ကြီး ဦးစိုးထက်က “အဲ့ဒီစက်တွေက JICA အထောက်အပံ့နဲ့လုပ်ဆောင်နေတဲ့ ကလေး-ဖလမ်း-ဟားခါး စီမံကိန်းမှာပဲအသုံးပြုဖို့ သဘောတူထားတယ်။ အဲ့စက်တွေက ဂျပန်ကကိုင်တာ။ စက်တွေဘယ်နေရာမှာရှိလဲ၊ ဆီဘယ်လောက်ကုန်လဲ၊ ဘယ်သူကမောင်းလဲဆိုတာကအစ အမြဲတမ်း သတင်းပို့ပေးရတယ်။ တခြားလမ်းမှာသုံးလို့မရဘူး” လို့ပြောပါတယ်။

Zalen ad

၎င်းစက်ကြီးတွေနဲ့ပတ်သက်ပြီး ၂၀၁၇ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် Chin World ကတင်ထားတဲ့သတင်းကို ၂၀၁၉ ဇွန်လဆန်းပိုင်းမှာ လူမှုကွန်ရက်ပေါ်ပြန်လည် မျှဝေကြပြီး စက်ကြီးတွေဘယ်ရောက်ကုန်ပြီလဲ၊ ဘယ်မှာအသုံးပြုကြတာလဲဆိုပြီး မေးခွန်းတွေ ဝေဖန်မှုတွေရှိပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခါးကျီးပေါင်းကြောင့် အရေးပေါ်ခွဲစိတ်ကုသမှုခံယူရ

မတ် ၂၃ ၊ ၂၀၂၆Zalen အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညှပ်တဲ့ ဝေဒနာပြင်းပြင်းထန်ထန် ခံစားခဲ့ရလို့ အရေးပေါ် ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရတယ်လို့ စစ်ကောင်စီက ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ဒီခွဲစိတ်မှုကို ပြီးခဲ့တဲ့ မတ်လ ...

ဆက်ဖတ်ရန်