ဩဂုတ်လအတွင်း အမှတ်(၁) စစ်ဒေသမှာတိုက်ပွဲ လေးရာကျော်ဖြစ်ပွားပြီး စစ်ကောင်စီ သုံးရာကျော် သေဆုံး

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမှတ် (၁) စစ်ဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းစတဲ့နေရာတွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး တပ်ဖွဲ့တွေအကြား ဩဂုတ်လတစ်လအတွင်း တိုက်ပွဲပေါင်း ၄၃ဝဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃၃ဝ သေဆုံးခဲ့ကာ ၄၅၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန(MOD) က စက်တင်ဘာ ၂၁ရက်နေ့ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ထံမှာ လက်နက်မျိုးစုံ ၈ လက်၊ ဒရုန်း ၄စီး၊ ဗုံးသီး ၅၀၊ မိုင်း ၁၃လုံးနဲ့ ကျည် တစ်ထောင်ကျော် အပါအဝင် လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲတွေမှာ တော်လှန်ရေးတပ်သား ၁၈ ဦး ကျဆုံးခဲ့ပြီး ၅၅ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီတိုက်ပွဲတွေကို အမှတ်(၁) စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေး PDF၊ ပကဖနဲ့ EROs တို့ ပူးပေါင်း ဆင်နွှဲခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

နောက်ဆုံးရသတင်းများ

ဝင်ငွေထွက်ငွေမမျှလို့ ညည်းတွားနေရတဲ့ အိမ်ရှင်မတွေ

စာရေးသူ-ဇို စျေးကြီးတစ်ခုရဲ့ ကုန်စိမ်းတန်းဘက်ရောက်လာတော့ စျေးသည်အမျိုးသမီးတစ်ဦး မျက်နှာမ သာမယာနဲ့ ထိုင်နေတာကို သတိထားမိတယ်။ သူ့အနားရောက်တော့ ဘာကြောင့်မျက်နှာမကောင်းဖြစ်နေတယ်ဆိုတဲ့အဖြေကို သိလိုက်ရတယ်။ အဲဒီစျေးသည်အမျိုးသမီးက အသီးအနှံတွေ ရောင်းတာပါ။ အထူးသဖြင့် ရာသီပေါ်တွေဖြစ်တဲ့ သြဇာသီး၊ ကြက်မောက်သီး၊ မာလကာသီး စတဲ့အသီးအနှံတွေပဲ ...

ဆက်ဖတ်ရန်