နှစ်ပေါင်း ၃၀ ကြာရှောင်တိမ်းခဲ့သော မူးယစ်မှောင်ခိုဂိုဏ်းခေါင်းဆောင်ကြီးကို အီတလီရဲများဖမ်းဆီး

အီတလီနိုင်ငံက အလိုရှိလို မူးယစ်မှောင်ခိုသူဌေးကြီးဖြစ်တဲ့ မာတေယိုမာဆီးနားကို ရဲများက ဒီကနေ့တွင် ဖမ်းဆီးခဲ့ပါတယ်။

၎င်းဟာ ၁၉၉၃ ခုနှစ်ကစပြီး ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်ပြီး ဆီဆီးလီယန်ကျွန်းက မြို့တော်ဖြစ်တဲ့ ပိုလာမိုးမြို့က ဆေးရုံတစ်ခုတွင် ဆေးကုသမှု ခံယူနေရင်း အဖမ်းခံရတာဖြစ်ပါတယ်။

တာဝန်ရှိသူများ၏ ပြောဆိုချက်အရ မာဆီးနားဟာ အသက် ၆၀ အရွယ်ရှိပြီး ဆီဆီလီကျွန်း၏ မားဖီးယားဂိုဏ်းကြီးကို ထိန်းချုပ်ထားသူဖြစ်ပါတယ်။ သူဟာ ၁၉၉၂ ခုနှစ်တွင် မူးယစ်မှောင်ခိုရှေ့နေများဖြစ်သော ဂျီအိုဗားနီးဖဲလ်ကောန်နှင့် ပေါလ်လိုဘောဆယ်လီနိုတို့ကို သတ်ဖြတ်မှုနဲ့ မျက်ကွယ်ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်ခံထားရသူလည်းဖြစ်ပါတယ်။

မာဆီးနားဟာ ထိုဆေးရုံးတွင် ဆေးကုသဖို့အတွက် ဆရာဝန်နဲ့ တွေ့ဆုံတာ အချိန်အတန်ကြာခဲ့ပြီဖြစ်ပါတယ်။ အီတလီသတင်းစာများ၏ ရေးသားချက်အရ မာဆီးနားဟာ ကင်ဆာရောဂါခံစားနေရကြောင်း ဆိုပါတယ်။ မာဆီးနားဟာ ၁၉၉၃ ခုနှစ်တွင်လည်း ရောမမြို့တွင် လူ ၁၀ ဦးသေဆုံးစေခဲ့သော ဗုံးခွဲမှုအတွက် ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရထားသူလည်းဖြစ်ပါတယ်။

Zalen ad

အီတလီဝန်ကြီးချုပ်ဖြစ်တဲ့ ဂျော်ဂျီးယာမယ်လိုနီကတော့ ဒီဖမ်းဆီးမှဟာ ကြီးမားသော အောင်မြင်မှုဖြစ်ပြီး အီတလီအစိုးရဟာ မူးယစ်မာဖီးယားဂိုဏ်းနဲ့ပတ်သက်ပြီး ဘယ်တော့မှ အရှုံးမပေးကြောင်းကို ပြသနေကြောင်း ဆိုပါတယ်။

မက်ဆီးနားဟာ ၁၉၉၃ ခုနှစ်တွင် သူ့အဖေကို ရဲများကိုအထောက်အထားပေးခြင်းမှ တားဆီးစေလိုသောရည်ရွယ်ချက်ဖြင့် အသက် ၁၂ နှစ်အရွယ် ကလေးတစ်ယောက်ကို ပြန်ပြေးဆွဲခဲ့ပါတယ်။ မက်ဆီးနားဟာ ထိုကလေးကို ၂ နှစ်ခန့် ထိန်းသိမ်းထားပြီးနောက် ကလေးကို လည်ပင်းညှစ်သတ်ကာ ခန္တာကိုယ်ကို အက်စစ်ဖြင့် လောင်းကာ အလောင်းဖျောက်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

စစ်အုပ်စုက ကနန်ကျေးရွာကို လေကြောင်းနဲ့ထပ်မံတိုက်ခိုက်လို့လူနေအိမ်တလုံးပျက်ဆီး

ဇွန် ၂၅၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကနန်ကျေးရွာကို လေကြောင်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့လို့ လူနေအိမ်တလုံးခန့် ပျက်ဆီးသွားတယ်လို့ ဒေသသတင်းအရင်းအမြစ်များထံမှ သိရပါတယ်။ ယမန်နေ့ဇွန်လ ၂၄ ရက်နေ့က တံတားဦးလေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာမှ ကနန်ကျေးရွာကို အခုလို ၁၃ ...

ဆက်ဖတ်ရန်