BNRA စခန်းများကို NUG/MOD တပ်ရင်းတွေ တိုက်ခိုက်နေကြောင်း ဗိုလ်နဂါး ပြော

ဖေဖော်ဝါရီ ၁၇၊ ၂၀၂၆

Zalen

Zalen ad

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ရဲ့ ဂိတ်စခန်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံတပ်ရင်းတွေ စတင်တိုက်ခိုက်ခဲ့တယ်လို့ BNRA ခေါင်းဆောင် ဗိုလ်နဂါးက လူမှုကွန်ရက်မှ အသိပေးထားပါတယ်။

ဗိုလ်နဂါးရဲ့ ပြောကြားချက်အရ ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက်၊ နံနက် ၇ နာရီခွဲခန့်မှာ NUG လက်အောက်ခံတပ်ရင်းတွေဟာ BNRA စခန်းတွေရှိတဲ့နေရာကို စစ်အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာပြီး တိုက်ခိုက်လာတာဖြစ်ပါတယ်။

အဲဒီ တိုက်ခိုက်မှုအတွင်း NUG ရဲ့ လက်အောက်ခံတပ်ရင်းတွေဟာ ဒရုန်းဗုံးသီးတွေ အသုံးပြုပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်သလို လက်နက်ကြီးကျည်တွေနဲ့ စခန်းတွေကို အဆက်မပြတ် ပစ်ခတ်တာတွေ ပြုလုပ်ခဲ့လို့ ဗိုလ်နဂါးက ဆိုပါတယ်။

စစ်ဒေသ (၁) နယ်မြေဟာ KIA ဦးဆောင်နေတဲ့ နယ်မြေဖြစ်တာကြောင့် တော်လှန်ရေးအင်အားစုအချင်းချင်းကြား ယခုကဲ့သို့ လက်နက်ကိုင်တိုက်ခိုက်မှုမျိုး ဖြစ်လာလိမ့်မည်မဟုတ်ဘူးလို့ ယုံကြည်ခဲ့ကြောင်း ဗိုလ်နဂါးက ဆိုပါတယ်။

ဒါပေမဲ့ အခုအခါမှာမူ ၎င်းတို့ယူဆထားတာနဲ့ ဆန့်ကျင်ဘက်ဖြစ်သော “အံ့သြဖွယ် ဆိုးသွမ်းမှုနှင့် အကျည်းတန်သော လုပ်ရပ်” ကို ကိုယ်တိုင်မြင်တွေ့နေရပြီဖြစ်ကြောင်း ဗိုလ်နဂါးက ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုထားပါသေးတယ်။

NUG တပ်ရင်းတွေနဲ့ BNRAတို့အကြား စစ်ရေးပဋိပက္ခဟာ ပိုမိုပြင်းထန်လာနိုင်တဲ့ အခြေအနေရှိနေသဖြင့် တိုက်ပွဲဖြစ်ပွားရာ အနီးနားဝန်းကျင်ရှိ မိဘပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ အမြန်ဆုံး တိမ်းရှောင်ကြရဖို့ ညွှန်ကြားထားပါတယ်။

ဒါ့အပြင် ဒေသခံများအနေဖြင့် စစ်ရေးသတိ အထူးပြု နေထိုင်ကြဖို့လည်း ဗိုလ်နဂါးက အသိပေးထားပါတယ်။

သတင်း-ဆလိုင်း

ဓာတ်ပုံ-လူမှုကွန်ယက်

#NUG#BNRA#Zalen

နောက်ဆုံးရသတင်းများ

မိုဘိုင်းဖုန်း CEIR စနစ်မပါတဲ့ဖုန်းတွေကို တလသာ ယာယီသုံးခွင့်ပေးမယ်လို့ စစ်ကောင်စီရဲ့ CEIR/EIR စီမံကိန်းက ထုတ်ပြန်

မတ် ၅၊ ၂၀၂၆Zalen လာမယ့် ဧပြီ ၁ ရက်မှစပြီး CEIR (ဗဟိုမိုဘိုင်းစက်ပစ္စည်းမှတ်ပုံတင်စနစ်) ခွင့်ပြုစာရင်းမှာ မပါသေးတဲ့ ဖုန်းတွေကို မိုဘိုင်းကွန်ရက်နဲ့ ရက် ၃၀ သာ ယာယီအသုံးပြုခွင့် ပေးမယ်လို့ စစ်ကောင်စီရဲ့ CEIR/EIR ...

ဆက်ဖတ်ရန်