တရုတ်သမ္မတ ရှီကျင့်ဖျင်က မင်းအောင်လှိုင်ကို Huawei နောက်ဆုံးပေါ် စမတ်ဖုန်း လက်ဆောင်ပေးအပ်

ဇွန် ၁၇ ၊ ၂၀၂၆
Zalen

တရုတ်ပြည်သူ့သမ္မတနိုင်ငံကို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့ဟာ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲတွေ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါ တွေ့ဆုံဆွေးနွေးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က မင်းအောင်လှိုင်ကို တရုတ်နိုင်ငံရဲ့ ထိပ်တန်းနည်းပညာကုမ္ပဏီ Huawei မှ ထုတ်လုပ်တဲ့ နောက်ဆုံးပေါ် စမတ်ဖုန်းတစ်လုံး အမှတ်တရလက်ဆောင်အဖြစ် အထူးတလည် ပေးအပ်ခဲ့ပါတယ်။

အခုလက်ဆောင်ပေးအပ်မှုဟာ နှစ်နိုင်ငံခေါင်းဆောင်အကြား ရင်းနှီးတဲ့ဆက်ဆံရေးကို ဖော်ဆောင်တဲ့ အထိမ်းအမှတ်တစ်ခုဖြစ်ပြီး၊ တရုတ်နိုင်ငံရဲ့ နည်းပညာစွမ်းဆောင်ရည်ကိုလည်း ပေါ်လွင်စေဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။

Zalen ad

လက်ဆောင်ရရှိပြီးနောက် မင်းအောင်လှိုင် ဟာ စမတ်ဖုန်းကို အခမ်းအနားမှာ ကိုယ်တိုင်ဖွင့်ဖောက်ကြည့်ရှုခဲ့ပြီး စမတ်ဖုန်းရဲ့ စွမ်းဆောင်ရည်နဲ့ နည်းပညာပိုင်းဆိုင်ရာ ထူးခြားချက်တွေကို စိတ်ဝင်တစား စမ်းသပ်ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။

Huawei ကုမ္ပဏီရဲ့ နောက်ဆုံးပေါ် စမတ်ဖုန်းတွေဟာ ကမ္ဘာ့နည်းပညာဈေးကွက်မှာ ထင်ရှားတဲ့ ထုတ်ကုန်ဖြစ်ပြီး အခုလို ခေါင်းဆောင်အဆင့်မှာ ပေးအပ်တာဟာ နည်းပညာနဲ့ပတ်သက်၍ နှစ်ဖက်အပြန်အလှန် လေးစားမှုရှိတာကို ပြသလိုက်တာပါ။

နှစ်နိုင်ငံခေါင်းဆောင်များအကြား အခုလို ရင်းနှီးမှုရှိတဲ့ ဆက်ဆံရေးမျိုးကို ပြသတာဟာ နှစ်နိုင်ငံအကြား တည်ရှိနေသော မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေမှာဖြစ်တယ်လို့ စစ်လော်ဘီတွေက သုံးသပ်ရေးသားထားပါတယ်။

သတင်း-ဆလိုင်း

နောက်ဆုံးရသတင်းများ

တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီက တမူးမြောက်ပိုင်း ထုံကတင်ကျေးရွာအနီးကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်

ဇွန် ၁၇၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ တမူးမြို့မြောက်ပိုင်း ထုံကတင်ကျေးရွာအနီးကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်များအရသိရပါတယ်။ ဇွန်လ ၁၅ရက်နေ့က တမူးခရိုင်၊ မြို့သစ်မြို့နယ်(ခွဲ) ထုံကတင်ကျေးရွာအနီးကို တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းကနေ ၂ကြိမ်ပေါင် ၂၅၀ ...

ဆက်ဖတ်ရန်