CDM ပါမောက္ခရဲ့ ၅ နှစ်အရွယ်သမီးကို NLD ပါတီဝင်တစ်ဦးက မဖွယ်မရာ ပြုကျင့်

ရန်ကုန်တက္ကသိုလ် CDM ပါမောက္ခဆရာမတစ်ဦးရဲ့ ၅ နှစ်အရွယ်သမီးကို တွံတေးမြို့နယ်၊ NLD ပါတီ အလုပ်အမှုဆောင်နှင့် အထွေထွေအတွင်းရေးမှူးက မဖွယ်မရာပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။

ကျူးလွန်ခဲ့သူမှာ ဦးအောင်မင်း (၆၀ နှစ်) ဆိုသူဖြစ်ပြီး ပြစ်မှုကျူးလွန်မှု သံသယနဲ့ အဖွဲ့အစည်းတစ်ခုက ဖမ်းဆီးပြီးနောက် ပြန်လွှတ်ပေးလိုက်ကြောင်း၊ ယင်းအပေါ် အံ့အားသင့်ရပါတယ်လို့ ရန်ကုန်တက္ကသိုလ်ကြားကာလကောင်စီ – Interim University Council – University of Yangon

က သတင်းထုတ်ပြန်ပါတယ်။

အခုကိစ္စဟာ ကျူးလွန်ခံလိုက်ရတဲ့ သမီးငယ်နဲ့ မိခင်တွဲဖက်ပါမောက္ခ CDM ဆရာမရဲ့ ဂုဏ်သိက္ခာကိုထိပါးစေသည်သာမက ဖြစ်စဉ်နဲ့သက်ဆိုင်ခြင်းမရှိသူ အဖွဲ့စည်းတစ်ခုမှ လူပုဂ္ဂိုလ်အချို့ကနေ ရည်ရွယ်ချက်ရှိရှိ ဓားစာခံအပြစ်တင် သတင်းလွှင့်ပြောဆိုခြင်း၊ ခြိမ်းခြောက်ခြင်းတွေကို ပြုလုပ်နေကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Zalen ad

တရားမျှတမှုနဲ့ တန်းတူရည်တူရှိသော လူ့ဘောင်အဖွဲ့အစည်းတစ်ခုပေါ်ထွန်းလာ ရေးအတွက် မိမိရာထူး၊ ပညာရေးနဲ့ ဘဝတွေကိုပါ ပေးဆပ်ပြီး CDM ပြုလုပ်တဲ့ ဆရာ/မ နဲ့ ကျောင်းသား/သူတွေအတွက် အခုဖြစ်ရပ်ဟာ လက်သင့်မခံနိုင်တဲ့ကိစ္စဖြစ်နေပါတယ်။

ယင်းအတွက်ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်က တရားမျှတမှုအတွက် တာဝန်ခံမှုတာဝန်ယူမှုပြုလုပ် ဖော်ဆောင်ပေးဖို့ Interim University Council – University of Yangon သတင်းထုတ်ပြန်အသိပေးလိုက်တာပါ။

လက်ရှိဖြစ်ရပ်နဲ့ပတ်သက်လို့ ကျူးလွန်ခံရတဲ့ CDMဖက်ပါမောက္ခဆရာမတို့အပေါ် ဂုဏ်သိက္ခာထိခိုက်စေမယ့် အပြုအမူအပြောအဆိုတွေကို မဆိုင်သူတွေဘက်က လုံးဝ မပြုလုပ်ဖို့နဲ့ ကာယကံရှင်ဆရာမတို့ရဲ့ လုံခြုံရေးအတွက် လိုအပ်တဲ့စောင့်ရှောက်မှုတာဝန်တွေ အပြည့်အဝဆောင်ရွက်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

ဒီဖြစ်စဉ်အပေါ် ပုဂ္ဂိုလ်ရေးနဲ့ အဖွဲ့အစည်းဆိုင်ရာအရှိန်အဝါလွှမ်းမိုးမှုတွေ မရှိဘဲ ဥပဒေအတိုင်း တရားမျှတစွာဖော်ထုတ်ပြီး စီရင်ချက်ချကိုင်တွယ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

တကယ်လို့ ဒီအမှုကို ဖြေရှင်းရာမှာ တရားမျှတမှုမရှိ ဘက်လိုက်ခဲ့မယ်ဆိုရင် ဒါမှမဟုတ် ဆရာမတို့သားအမိရဲ့ ဂုဏ်သိက္ခာနဲ့ လုံခြုံရေးထိပါးလာတဲ့ အကြောင်းကိစ္စတွေ ပေါ်ပေါက်ခဲ့ရင် အသက်ချွေးသွေးများစွာပေးဆပ်ခဲ့ပြီဖြစ်တဲ့ တော်လှန်ရေးအင်အားစုတစ်ရပ်လုံးကို ထိခိုက်လာစေနိုင်ကြောင်း Interim University Council – University of Yangon က သတိပေးထားတာကိုလည်း တွေ့ရပါတယ်။

ဒါ့အပြင် ရန်ကုန်တက္ကသိုလ်ကြားကာလကောင်စီ – Interim University Council – University of Yangon အနေနဲ့ ဒီဖြစ်ရပ်အပေါ် တရားမျှတမှုကို အပြည့်အဝဖော်ဆောင်နိုင်တဲ့အထိ အမှန်တရားဘက်မှာ လုံးဝရပ်တည်ပေးသွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းများ

ဗာတီကန်မှာ ရဟန်းမင်းကြီးနဲ့ ကလေးသာသနာပြုနယ် ဆရာတော်ကြီးတို့ တွေ့ဆုံ

ဇွန် ၈၊ ၂၀၂၆Zalen ကမ္ဘာ့ကက်သလစ်အသင်းတော်ရဲ့ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) (Pope Leo XIV) နဲ့ မြန်မာနိုင်ငံ၊ ကလေးကက်သလစ်သာသနာပြုနယ် (Kalay Diocese) ရဲ့ ဆရာတော်ကြီး အပါအဝင် မြန်မာ ခရစ်ယာန်ဘုန်းတော်ကြီးတွေဟာ ...

ဆက်ဖတ်ရန်