Jesus Worship Night 2018 မှာ အဆိုတော်စံပီးနဲ့ ဖြူဖြူကျော်သိန်း လာမယ်

ကလေးမြို့မှာ ကျင်းပမယ့် Jesus Worship Night 2018 မှာ ပါစတာ၊ အဆိုတော် စံပီး၊ အဆိုတော် ဖြူဖြူကျော်သိန်းနဲ့ Galaxy Starမှ Key တို့လာရောက်မှာဖြစ်ပါတယ်။

ဒီပွဲကို သြဂုတ်လ (၂၃)ရက်မှ (၂၄)ရက်၌ ကလေးမြို့ ဂါလီလဲခန်းမ(RTC နှင့် မီးသတ်ရုံး အနီး) မှာည (၇)နာရီကနေ (၁၀)နာရီထိကျင်းပမယ်။ ဝင်ကြေးအခမဲ့ဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ ကလေးမြို့ ခရစ်ယာန်တက္ကသိုလ်ကျောင်းသားများအဖွဲ့နဲ့ Agape Ministry Center မှာလူငယ်တွေပူးပေါင်းစီစဉ်ထားတာဖြစ်ပါတယ်။ အရင်နှစ် သြဂုတ် (၁၄)ရက်နဲ့ (၁၅)ရက်တွင်လည်း ကလေးမြို့မှာ Jesus Worship Night 2017 ပွဲကျင်းပပြီး အဆိုတော် J-me နဲ့ ဆုမ်သင်းပါရ်တို့လာရောက်ခဲ့ပါတယ်။

 

 

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်