PDF Kalay စခန်းကိုသိမ်းတဲ့ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်က ပြန်တိုက်လို့ တိုက်ပွဲပြင်းထန်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ပြည်တော်သာကျေးရွာအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား ယနေ့ ဧပြီ ၁၃ ရက် မနက် ၁၀ နာရီခွဲကစပြီး နေ့လည် ၁ နာရီအထိ တိုက်ပွဲဖြစ်ပွားနေတယ်လို့သတင်းရရှိပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်က PDF Kalay တပ်ရင်း ၃ စခန်းတစ်ခုကို ယမန်နေ့ ဧပြီ ၁၂ ရက်ဝင်ရောက်သိမ်းယူပြီး လက်နက်နဲ့ပစ္စည်းအများအပြားသိမ်းယူသွားကြပြီး စခန်းပါမီးရှို့ကြတယ်လို့ဒေသခံတွေထံကသတင်းရရှိပါတယ်။

ဒါကြောင့် လက်တုန့်ပြန်တဲ့အနေနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်က စစ်ကောင်စီတပ်ကိုပြန်လည်တိုက်ခိုက်ပြီး တိုက်ပွဲအတွင်း လက်နက်ကြီးသံ အကြိမ် ၄၀ ကျော်ကြားရတယ်လို့ အနီးနားဒေသခံတွေထံကသိရတယ်။

Zalen ad

ယနေ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖက်က အင်အား ၁၀၀ ဝန်းကျင်ရှိမယ်လို့ခန့်မှန်းရပြီး တိုက်ပွဲဖြစ်တဲ့အနီးတဝိုက် ကျေးရွာ ၆ ရွာကပြည်သူတွေဘေးလွတ်ရာသို့တိမ်းရှောင်ကြပါတယ်။

Zawgyi

PDF Kalay စခန္းကိုသိမ္းတဲ့ စစ္ေကာင္စီတပ္ကို ေဒသကာကြယ္ေရးပူးေပါင္းတပ္က ျပန္တိုက္လုိ႔ တိုက္ပြဲျပင္းထန္

စစ္ကိုင္းတုိင္း၊ ကေလးၿမိဳ႕နယ္ ျပည္ေတာ္သာေက်းရြာအတြင္း အာဏာသိ္မ္းစစ္ေကာင္စီတပ္နဲ႔ ေဒသကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႔ေတြၾကား ယေန႔ ဧၿပီ ၁၃ ရက္ မနက္ ၁၀ နာရီခြဲကစၿပီး ေန႔လည္ ၁ နာရီအထိ တိုက္ပြဲျဖစ္ပြားေနတယ္လုိ႔သတင္းရရွိပါတယ္။

အာဏာသိမ္းစစ္ေကာင္စီတပ္က PDF Kalay တပ္ရင္း ၃ စခန္းတစ္ခုကို ယမန္ေန႔ ဧၿပီ ၁၂ ရက္ဝင္ေရာက္သိမ္းယူၿပီး လက္နက္နဲ႔ပစၥည္းအမ်ားအျပားသိမ္းယူသြားၾကၿပီး စခန္းပါမီးရိႈ႕ၾကတယ္လုိ႔ေဒသခံေတြထံကသတင္းရရွိပါတယ္။

ဒါေၾကာင့္ လက္တုန္႔ျပန္တဲ့အေနနဲ႔ ေဒသကာကြယ္ေရးပူးေပါင္းတပ္က စစ္ေကာင္စီတပ္ကိုျပန္လည္တိုက္ခိုက္ၿပီး တိုက္ပြဲအတြင္း လက္နက္ၾကီးသံ အၾကိမ္ ၄၀ ေက်ာ္ၾကားရတယ္လုိ႔ အနီးနားေဒသခံေတြထံကသိရတယ္။

ယေန႔တိုက္ပြဲမွာ စစ္ေကာင္စီတပ္ဖက္က အင္အား ၁၀၀ ဝန္းက်င္ရွိမယ္လုိ႔ခန္႔မွန္းရၿပီး တုိက္ပြဲျဖစ္တဲ့အနီးတဝိုက္ ေက်းရြာ ၆ ရြာကျပည္သူေတြေဘးလြတ္ရာသို႔တိမ္းေရွာင္ၾကပါတယ္။

နောက်ဆုံးရသတင်းများ

“Made In India” ထုတ်ကုန်များအပေါ် အမေရိကန်က အခွန် ၁၈ ရာခိုင်နှုန်း လျှော့ချကောက်ခံမည်

အမေရိကန်နဲ့ အိန္ဒိယတို့သည် ကုန်သွယ်ရေးသဘောတူညီချက်တရပ်အား ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ရက် တနင်္လာနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တယ်လီဖုန်းဖြင့် ဆွေးနွေးပြီးနောက် အချိန်အတော်ကြာ ပြဿနာအမျိုးမျိုးကြောင့် တင်းမာနေခဲ့သည့် အိန္ဒိယ–အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးအတွင်း အပြုသဘော ဆောင်သော အလှည့်အပြောင်းတရပ် ပေါ်ပေါက်လာခဲ့ပါတယ်။ ...

ဆက်ဖတ်ရန်