ကလေးမြို့ကနေချင်းတောင်သို့တက်တဲ့ ၉ မိုင်ဂိတ်မှာစကစတွေက အိမ်စီးကားတွေကိုတားဆီး

ကလေးမြို့နဲ့ ချင်းပြည်နယ်အစပ် ၉ မိုင်ဂိတ်မှာ ဒီနေ့ ဇန်နဝါရီ ၁၂ ရက် မနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီတပ်သားတွေက အရပ်သားပြည်သူတွေအသုံးပြုတဲ့ကား နဲ့ ဆိုင်ကယ်တွေကို ရပ်တန့်ခိုင်းတယ်လို့သတင်းရရှိပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်သား အချို့ဟာ ခြေလျင်နဲ့ ချင်းတောင်သို့ တက်သွားကြတယ်လို့သိရတယ်။ ကလေးမြို့ဘက်ကနေလည်း ဗိုလ်ချုပ်လမ်းအတိုင်း ချင်းတောင်ဘက်သို့ စစ်ကောင်စီတပ်ကား ၆ စီး ဒီမနက် တက်သွားတယ်လို့သိရတယ်။

မနေ့ ဇန်နဝါရီလ ၁၁ ရက်ည ၈ နာရီလောက်က တီးတိန်မြို့ထဲမှာ အာဏာသိမ်းစစ်ကောင်စီတပ်သားတွေက သေနတ် အကြိမ် ၁၀၀ လောက်ရမ်းသမ်းပစ်ခတ်ကြပါတယ်။ ပြီးတော့ ကနေဒီတောင်ထိပ်မှာ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တွေနဲ့ PDF-Zoland တွေ ၃ ရက်ခြားတိုက်ပွဲဖြစ်ပွားကြပါတယ်။

မနေ့ ဇန်နဝါရီလ ၁၁ ရက်ကလည်း နတ်ချောင်းအထက်ပိုင်း ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဝေဘူလမြို့အနီးမှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ CNDF တပ်တို့တိုက်ပွဲဖြစ်ပွားကြပါတယ်။

Zawgyi

ကေလးၿမိဳ႕ကေနခ်င္းေတာင္သို႔တက္တဲ့ ၉ မိုင္ဂိတ္မွာစကစေတြက အိမ္စီးကားေတြကိုတားဆီး

ကေလးၿမိဳ႕နဲ႔ ခ်င္းျပည္နယ္အစပ္ ၉ မိုင္ဂိတ္မွာ ဒီေန႔ ဇန္နဝါရီ ၁၂ ရက္ မနက္ပိုင္းက အာဏာသိမ္းစစ္ေကာင္စီတပ္သားေတြက အရပ္သားျပည္သူေတြအသုံးျပဳတဲ့ကား နဲ႔ ဆိုင္ကယ္ေတြကို ရပ္တန႔္ခိုင္းတယ္လို႔သတင္းရရွိပါတယ္။

အာဏာသိမ္းစစ္ေကာင္စီတပ္သား အခ်ိဳ႕ဟာ ေျခလ်င္နဲ႔ ခ်င္းေတာင္သို႔ တက္သြားၾကတယ္လို႔သိရတယ္။ ကေလးၿမိဳ႕ဘက္ကေနလည္း ဗိုလ္ခ်ဳပ္လမ္းအတိုင္း ခ်င္းေတာင္ဘက္သို႔ စစ္ေကာင္စီတပ္ကား ၆ စီး ဒီမနက္ တက္သြားတယ္လို႔သိရတယ္။

မေန႔ ဇန္နဝါရီလ ၁၁ ရက္ည ၈ နာရီေလာက္က တီးတိန္ၿမိဳ႕ထဲမွာ အာဏာသိမ္းစစ္ေကာင္စီတပ္သားေတြက ေသနတ္ အႀကိမ္ ၁၀၀ ေလာက္ရမ္းသမ္းပစ္ခတ္ၾကပါတယ္။ ၿပီးေတာ့ ကေနဒီေတာင္ထိပ္မွာ တပ္စြဲထားတဲ့ အာဏာသိမ္းစစ္ေကာင္စီတပ္ဖြဲ႕ေတြနဲ႔ PDF-Zoland ေတြ ၃ ရက္ျခားတိုက္ပြဲျဖစ္ပြားၾကပါတယ္။

မေန႔ ဇန္နဝါရီလ ၁၁ ရက္ကလည္း နတ္ေခ်ာင္းအထက္ပိုင္း ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕နယ္ ေဝဘူလၿမိဳ႕အနီးမွာ အာဏာသိမ္းစစ္ေကာင္စီတပ္နဲ႔ CNDF တပ္တို႔တိုက္ပြဲျဖစ္ပြားၾကပါတယ္။

 

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်