ကလေးမြို့တွင် ၃ ရက်ဆက်တိုက် စစ်တပ်လေယာဉ်ဖြင့် တပ်သားနဲ့ လက်နက်တွေသယ်ဆောင်လာ
အာဏာသိမ်းစစ်ကောင်စီတပ်လေယာဉ်တွေဟာ ကလေးမြို့လေဆိပ်ကို မတ်လ ၁၄ ရက်ကနေ ၁၆ ရက်အထိ ၃ ရက်ဆက်တိုက် ဆင်းသက်လာတယ်လို့သတင်းရရှိပါတယ်။
မတ် ၁၄ ရက်နဲ့ ၁၅ ရက်မှာတော့ စစ်တပ်လေယာဉ်တစ်စီးဆီဆင်းလာပြီး မတ် ၁၆ ရက်မှာတော့ စစ်တပ်လေယာဉ် ၃ စီး နဲ့ ခရီးသည်တင်လေယာဉ်တစ်စီး ဆင်းသက်လာတယ်လို့သတင်းရရှိထားပါတယ်။
၎င်းလေယာဉ်တွေဟာ လူ ၇၀ တင်ဆောင်နိုင်တဲ့အရွယ်အစားဖြစ်ပြီး လေယာဉ်အားလုံးတွင် စစ်ကောင်စီတပ်သား နဲ့ လက်နက်ခဲယမ်းတွေတင်ဆောင်ကြတယ်လို့သတင်းရရှိပါတယ်။ ယင်းစစ်တပ်လေယာဉ်တွေဟာ မုံရွာကနေပျံသန်းလာကြတာဖြစ်ပြီး ကလေးမြို့ကနေအတက်ပိုင်းတွင် ဒဏ်ရာရရှိတဲ့ စစ်ကောင်စီတပ်သားနဲ့ ၎င်းတို့မိသားစုတွေကို တင်ဆောင်သွားကြပါတယ်။
ဒီနေ့ မတ် ၁၇ ရက် မနက်ပိုင်းတွင်လည်း မကွေးတိုင်း၊ ပခုက္ကူမြို့နေ ကျောက်ထုနဲ့ ချင်းပြည်နယ်တောင်ပိုင်းသို့ စစ်တပ်ယာဉ်တန်း ၈၀ တက်လာတယ်လို့သတင်းရရှိပါတယ်။
ဒါဟာ စစ်ကောင်စီတပ်က ကလေးကဘော်နဲ့ ချင်းပြည်နယ်ကို ပိုမိုထိုးစစ်ဆင်ဖို့ကြိုတင်ပြင်ဆင်နေခြင်းလည်းဖြစ်ပါတယ်။
Zawgyi
နောက်ဆုံးရသတင်းများ
စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ
၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...
ဆက်ဖတ်ရန်