မင်းတပ်မြို့နယ်အတွင်း ၀မ်းပျက်၊ ၀မ်းလျှောတွေဖြစ်လို့ ဒေသခံတွေအခက်တွေ့နေကြ

ဇွန် ၂၆၊၂၀၂၆
Zalen

Zalen ad

ချင်းပြည်နယ် တောင်ပိုင်း ၊ မင်းတပ်မြို့နယ် အတွင်း ၀မ်းလျှော၊၀မ်းပျက်တွေ ဖြစ်နေတာကြောင့် ဒေသခံတွေအခက်အခဲ တွေ့နေကြတယ်လို့ သတင်းရရှိပါတယ်။

မင်းတပ်မြို့နယ် တိုက်နယ်အမှတ် ၁ ဘက်မှာ ပြီးခဲ့တဲ့ ဇွန်လ လဆန်းပိုင်းကစပြီး အဆိုပါ ၀မ်းလျှော၊၀မ်းပျက်တွေ စတင်ဖြစ်ပေါ်လာခဲ့တာလို့ သိရပါတယ်။

” အစက ဗိုက်နာတယ်။ ဖျားတယ် ဆိုပြီးထမင်းမစားဘဲ နေတာ။ နောက်မှ ၀မ်းလျှောလာတာ မရပ်တော့ဘူး။ ဓာတ်ဆားလည်း မသောက်ချင်တော့ဘူး။သောက်လည်းမသောက်နိုင်တော့ဘူး။ ပြီးမှ ‌နီးစပ်ရာ ဆေးခန်းကိုသွားမှ ၀မ်းလျှော ၊ ၀မ်းပျက်လို့ ဆရာကပြောတာ” လို့ ဆေးရုံတင်ထားရသူလူနာတစ်ဦး ရဲ့ မိသားစု၀င်တစ်ဦးက Zalen ကိုပြောပါတယ်။

ဆက်လက်ပြီး လက်ရှိချိန်မှာတော့ ကလေးတွေ ၊လူကြီးတွေ မှာပါ ကူးစက်လာတာကြောင့် ဒေသခံတွေအနေနဲ့ အခက်အခဲတွေကြုံနေရတယ်လို့သူက ရှင်းပြပါတယ်။

ဒါ့အပြင် အဲဒီ ၀မ်းလျှော၊၀မ်းပျက်ဖြစ်တဲ့ နေရာတွေကို ကျန်းမာရေး အသိပညာပေးတွေ ဟောပြောတာတွေ လည်း ပြုလုပ်နေကြပြီလို့ သိရပါတယ်။

“မဖြစ်အောင်က အစာသန့်ရေသန့်အိမ်သာသန့် ရမယ်။ ဖြစ်ပြီးရင်တော့ ရေဓာတ်ပြန် လည်ဖြည့်တင်းပေးနိုင်ရမယ်။ ဓာတ်ဆားရေသောက်ရမယ် ။ကူးစက်မခံရအောင်
ရေကိုကြိုချက်ပြီးသောက်ရမယ်။အစာကိုကျက်အောင်ချက်ပြီးစားရမယ်။ အစားအစာ ယင်လုံရမယ်။အိမ်သာယင်လုံရမယ်။ အသီးအရွက်တွေစားရင်လတ်ဆတ်တာ၊အမှည့် မလွန်တာစားရမယ်” လို့ ရောဂါကူးစက်မခံရအောင် ကြိုတင်ကာကွယ်ဖို့ ဆေးဘက်တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

အဲဒီနောက် ကူးစက်ခံရပြီး ပါးစပ်ကနေဓာတ်ဆားရည်မသောက်နိုင်တော့တဲ့အဆင့်ဆိုရင်တော့နီးစပ်ရာဆေးရုံဆေးခန်းကိုအမြန်သွားရောက်စစ်ဆေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင်အရေးပြား ယားနာ ဖြစ်တာတွေလည်း တစ်ချို့နေရာတွေမှာ ကလေး၊လူကြီး မရွေး ဖြစ်ပွားနေတာရှိတယ်လို့ သိရပါတယ်။

လက်ရှိန်ချိန်မှာ စစ်ကောင်စီစစ်ကြောင်း ထိုး ၊လေကြောင်းတိုက်ခိုက်မှုတွေ မင်းတပ်မြို့ကို စစ်တပ်က အဆက်မပြတ်ပြုလုပ်တာနေတာကြောင့် ဒေသခံတွေအနေနဲ့ ဘေးလွှတ်ရာတွေမှာစစ်ဘေးရှောင်နေကြရတာလည်းဖြစ်ပါတယ်။

သတင်း – မိုးပီအောင်

ဓာတ်ပုံ -ပုံဟောင်း

နောက်ဆုံးရသတင်းများ

အာသံက မာသီယာစခန်းမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာအမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ စော်ကားခံရ

ဇွန် ၂၆၊ ၂၀၂၆Zalen အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်ထဲက မာသီယာ (Matia) ထိန်းသိမ်းရေးစခန်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာအမျိုးသမီးတွေဟာ အကျဉ်းထောင်တာဝန်ရှိသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေအပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုပါ ခံနေရတယ်လို့ India for Myanmar ...

ဆက်ဖတ်ရန်