ကလေးမြို့နယ်တွင် တစ်လအတွင်း မူးယစ်ဆေးဝါးမှု ၂၅မှုနဲ့ သက်ငယ်မုဒိန်းမှုတစ်မှုဖော်ထုတ်

ကလေးမြို့နယ်မှာ ဖေဖော်ဝါရီတစ်လအတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှု ၂၅ မှု နဲ့ သက်ငယ်မုဒိန်းမှု ၁ မှု စုံစမ်းဖော်ထုတ်နိုင်ခဲ့ကြောင်း ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ (KPS) က မတ်လ ၃ရက်ကသတင်းထုတ်ပြန်လိုက်ပါတယ်။

ပြည်သူ့ရဲတပ်ဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးဖမ်းဆီးခံရသူများအနက် တရားခံကျား ၃ ‌ဦးအား ထိရောက်သော ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်လျက်ရှိပြီး သုံးစွဲသူ ကျား (၂၂)ဦးကို လုံလောက်သော ခံဝန်ပေးထားကြောင်း ဖော်ပြထားပါတယ်။

ကလေးမြို့တောင်ပိုင်းကျေးရွာတစ်ရွာမှာ HIV ရောဂါအခံရှိသူအမျိုးသားက အသက် ၁၃ နှစ်အရွယ် ကလေးကို အဓမ္မပြုကျင့်မှုဖြစ်ပွားပြီး တရားခံကိုဖမ်းဆီးတဲ့နေ့မှာပဲ ရောဂါအခံနဲ့သေဆုံးသွားတယ်လို့ ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ထံကသိရပါတယ်။ ကလေးငယ်ကို CDM ပြုလုပ်တဲ့ ဆရာဝန်တွေက ပြုစုစောင့်ရှောက်ထားပါတယ်။

ပြစ်မှုကျူးလွန်သူများကို ထိရောက်သည့် ပြစ်ဒဏ်ချမှတ်ပြီး ချုပ်နှောင်ထားရှိရန် အကျဉ်းထောင်ဆောက်လုပ်လျက်ရှိကြောင်း ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဆိုပါ အကျဉ်းထောင်ကို လုံခြုံသည့်နေရာတွင် တည်ဆောက်ခြင်းဖြစ်ကြောင်း ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

Zawgyi

ကေလးၿမိဳ႕နယ္တြင္ တစ္လအတြင္း မူးယစ္ေဆးဝါးမႈ ၂၅မႈနဲ႔ သက္ငယ္မုဒိန္းမႈတစ္မႈေဖာ္ထုတ္

ကေလးၿမိဳ႕နယ္မွာ ေဖေဖာ္ဝါရီတစ္လအတြင္း မူးယစ္ေဆးဝါးဖမ္းဆီးရရွိမႈ ၂၅ မႈ နဲ႔ သက္ငယ္မုဒိန္းမႈ ၁ မႈ စုံစမ္းေဖာ္ထုတ္ႏိုင္ခဲ့ေၾကာင္း ကေလးၿမိဳ႕နယ္ ျပည္သူ႔ရဲတပ္ဖြဲ႕ (KPS) က မတ္လ ၃ရက္ကသတင္းထုတ္ျပန္လိုက္ပါတယ္။

ျပည္သူ႔ရဲတပ္ဖြဲ႕အေနျဖင့္ မူးယစ္ေဆးဝါးဖမ္းဆီးခံရသူမ်ားအနက္ တရားခံက်ား ၃ ‌ဦးအား ထိေရာက္ေသာ ျပစ္ဒဏ္ရရွိေရး ေဆာင္႐ြက္လ်က္ရွိၿပီး သုံးစြဲသူ က်ား (၂၂)ဦးကို လုံေလာက္ေသာ ခံဝန္ေပးထားေၾကာင္း ေဖာ္ျပထားပါတယ္။

ကေလးၿမိဳ႕ေတာင္ပိုင္းေက်းရြာတစ္ရြာမွာ HIV ေရာဂါအခံရွိသူအမ်ဳိးသားက အသက္ ၁၃ ႏွစ္အရြယ္ ကေလးကို အဓမၼျပဳက်င့္မႈျဖစ္ပြားၿပီး တရားခံကိုဖမ္းဆီးတဲ့ေန႔မွာပဲ ေရာဂါအခံနဲ႔ေသဆံုးသြားတယ္လို႔ ကေလးၿမိဳ႕နယ္ ျပည္သူ႔ရဲတပ္ဖြဲ႔ထံကသိရပါတယ္။ ကေလးငယ္ကို CDM ျပဳလုပ္တဲ့ ဆရာဝန္ေတြက ျပဳစုေစာင့္ေရွာက္ထားပါတယ္။

ျပစ္မႈက်ဴးလြန္သူမ်ားကို ထိေရာက္သည့္ ျပစ္ဒဏ္ခ်မွတ္ၿပီး ခ်ဳပ္ေႏွာင္ထားရွိရန္ အက်ဥ္းေထာင္ေဆာက္လုပ္လ်က္ရွိေၾကာင္း ကေလးၿမိဳ႕နယ္ ျပည္သူ႔ရဲတပ္ဖြဲ႕က ထုတ္ျပန္ထားပါတယ္။

အဆိုပါ အက်ဥ္းေထာင္ကို လုံၿခဳံသည့္ေနရာတြင္ တည္ေဆာက္ျခင္းျဖစ္ေၾကာင္း ကေလးၿမိဳ႕နယ္ ျပည္သူ႔ရဲတပ္ဖြဲ႕က တာဝန္ရွိသူတစ္ဦးကေျပာပါတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်