၄ကြိမ်မြောက် ကိုဗစ်ထောက်ပံ့ငွေပေးအပ်မယ့်စာရင်းပေးသွင်းသူဟာ ကလေးမြို့နယ်တွင် မူလရှိရင်းစွဲအိမ်ထောင်စုစာရင်းထက် ၈ထောင်ပိုများ

ကလေးမြို့နယ်တွင် ၄ ကြိမ်မြောက် ကိုဗစ်ထောက်ပံ့ငွေကြေးပေအပ်မယ့်စာရင်းပေးသွင်းသူဟာ မူလရှိရင်းစွဲ အိမ်ထောင်စုစာရင်းထက် ၈ထောင်ပိုနေတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးထံမှသတင်းရရှိပါတယ်။

ကလေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျူံးလျန်ထန်က “ကလေးမြို့က တစ်အိမ်ထောင် ၂ သောင်းပဲရတာပါ။ မနေ့ညက သွားထုတ်ပြီးရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဆီမှာပေးလိုက်ပြီ။ ကလေးမြို့အုပ်ချုပ်ရေးရုံးစာရင်းအရ ကလေးမြို့နယ်မှာ အိမ်ထောင်စု ၇၂၅၀၀ လောက်ရှိတယ်။ ပထမဆုံး ကိုဗစ်ထောက်ပံ့ငွေပေးဖို့စာရင်းကောက်တဲ့ချိန်မှာ အိမ်ထောင်စု ၄ သောင်းလောက်ရှိတယ်။ ဒုတိယအကြိမ်ထပ်ပေးမယ့်ချိန်မှာ စာရင်းအတိုးအလျော့ရှိနိုင်တယ်ဆိုပြီး ပြန်ကောက်ခိုင်းတော့ အိမ်ထောင်စု ၅ သောင်းကျော်ထွက်လာတယ်။ အခုနောက်ဆုံး ထောက်ပံ့ငွေပေးဖို့ စာရင်းပြန်ကောက်ခိုင်တဲ့ချိန်မှာ အိမ်ထောင်စု ၈ သောင်းကျော်ဖြစ်လာတယ်။ အဲ့ဒီအတိုင်းတင်လိုက်ပေမယ့် အထက်က အိမ်ထောင်စု ၅ သောင်းကျော်အတွက်ပဲပေးလာတယ်။ ကျနော့်အထင်ကတော့ တစ်ချို့က မိသားစုက အိမ်တစ်အိမ်မှာ မိသားစု ၃ စုလောက်ရှိတယ်။ စာရင်းအရဆိုရင် ကလေးမြို့နယ်မှာ အိမ်ထောင်စု ၅သောင်းကျော်က အခြေခံလူတန်းစားတွေဖြစ်တယ်။ သူတို့ဘာသာရပ်တည်နိုင်တဲ့ အိမ်ထောင်စုက ၂ သောင်းလောက်ပဲရှိတယ်။ ကိုဗစ်ထောက်ပံ့ရေးမှာ တိုင်တန်းတာတွေများလို့ ရပ်ကျေးမှာ ထောက်ပံ့ရေးပေးတဲ့သူတွေလည်း တော်တော်ခေါင်းပူကြတယ်” လို့ပြောပါတယ်။

ကလေးမြို့နယ်တွင် အိမ်ထောင်စု ၅၆၆၄၈ စုကို ၂ သောင်းကျပ်နှုန်းထောက်ပံ့ငွေပေးအပ်မှာဖြစ်ပြီး Stay at Home သတ်မှတ်ထားတဲ့ နေရာတွေကိုတော့ ၄သောင်းစီထောက်ပံ့မယ်လို့သိရပါတယ်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ စတင်ဖြစ်ပွားတဲ့အချိန်ကစပြီး ဒီနေ့ထိ အစိုးရက စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက်ကို ၄ ကြိမ်မြောက် ထောက်ပံ့ငွေပေးပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက အိန္ဒိယ-မြန်မာနယ်စပ် အမှတ်(၁) ကုန်သွယ်ရေးလမ်းကို ပြန်လည်ရရှိရေး အပြင်းအထန်ကြိုးစားနေဆဲ

ဇွန်  ၁၂၊ ၂၀၂၆ Zalen စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ်၊ အမှတ်(၁) ကုန်သွယ်ရေးလမ်း ကလေး-တမူး လမ်းပိုင်းကို ပြန်လည်ရရှိရေး အပြင်းအထန်ကြိုးစားနေတယ်လို့ ဒေသသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၈ရက်နေ့ကနေစပြီး တမူးမြို့အခြေစိုက် စစ်ကောင်စီတပ်က ...

ဆက်ဖတ်ရန်