ကလေးမြို့နယ်တွင် PDF တပ်ဖွဲ့အိမ်ဟုစွပ်စွဲကာ ချင်းအိမ် ၁၂ လုံးမီးရှို့ခံရ

ကလေးမြို့နယ်တောင်ပိုင်း ကြံသာကျေးရွာက ချင်းတိုင်းရင်းသားတွေရဲ့နေအိမ် ၁၂ လုံးကို PDF တပ်ဖွဲ့အိမ်ဟုစွပ်စွဲကာ အကြမ်းဖက်စစ်ကောင်စီတပ်က စက်တင်ဘာ ၈ ရက်နေ့လည်ပိုင်းကမီးရှို့ဖျက်ဆီးသွားကြတယ်လို့သတင်းရရှိပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်တွေဟာ မြစ်သာမြစ်အရှေ့ဘက် အင်းကျွန်းရွာဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် ဆိုင်ကယ်အစီး ၂၀ လောက်နဲ့ မြစ်အနောက်ဘက်က ကြံသာကျေးရွာသို့ စက်တင်ဘာ ၈ နေ့လည် ၁၂ နာရီလောက်မှာရောက်လာကြပါတယ်။ ရွာရဲ့ဘုန်းကြီးကျောင်းသို့ခဏဝင်ရောက်ပြီးနောက် ရွာထဲသို့ဝင်ရောက်ကာ PDF ကလေးတပ်ဖွဲ့ဝင်လို့စွပ်စွဲခံရတဲ့ ချင်းအိမ်တွေကို စတင်မီးရှို့ကြပါတယ်။

ကြံသာရွာဒေသခံတဦးက “စစ်ခွေးလာ ရွာကိုဝင်လာတဲ့ချိန်မှာ အသက်ကြီးပိုင်းလူတွေပဲရွာထဲမှာကျန်ခဲ့ကြတယ်။ တခြားလူတွေကတော့ တောထဲမှာအကုန်ထွက်ပြေးကြတယ်။ အဲ့နေ့ နေ့ခင်းပိုင်းမှာ ၅ အိမ်မီးရှို့ခံရတယ်။ ကျန်တဲ့အိမ်တွေကို ညမှာမီးထပ်ရှို့ကြတယ်။ တချို့အိမ်တွေက နီးနီးကပ်ကပ်ဆိုတော့ မီးကူးပြီးလောင်သွားတဲ့အိမ်လည်းရှိတယ်။ ကလေးတောင်ပိုင်းမှာ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ဖုန်းလိုင်းတွေမကောင်းတော့ဘူး။ ခုလည်းမြို့ပေါ်တက်ပြီးလိုင်းသုံးနေရတာ” လို့ပြောပါတယ်။

ကြံသာကျေးရွာဟာ အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ ကလေး-ဂန့်ဂေါလမ်းမပေါ်မှာတည်ရှိတဲ့ရွာဖြစ်ပြီး ချင်း နဲ့ ဗမာတိုင်းရင်းသားအတူတူနေထိုင်ကြပါတယ်။
သြဂုတ်လတုန်းက ကြံသာရွာက စစ်ထွက် ဒလန်တဦးကို အမည်မသိလက်နက်ကိုင်တွေကပစ်သတ်ခံရလို့ ၄င်းရဲ့သားက ရွာထဲမှာ ချင်းအိမ်တွေကိုပြာကျစေမယ်လို့ အော်ဟစ်ခြိမ်းခြောက်ခဲ့ပါတယ်။

ကြံသာကျေးရွာဒေသခံတဦးက “ပြီးတော့ စစ်ကောင်စီတပ်တွေက ချင်းနှစ်ခြင်းအသင်းတော်ပါစတာ ဆရာတော်ရွှေလိန်းရဲ့အိမ်ကိုဖျက်ဆီးဖို့ဝင်တဲ့ချိန်မှာ အိမ်မှာ မသန်စွမ်း(စကားမပြောတတ်၊ နားမကြား)အမျိုးသားတစ်ဦးက လာရောက်တားမြစ်စဉ် ၄င်းကိုထိုးကြိတ်ကြလို့ ဦးခေါင်းနဲ့ နှာခေါင်မှာဒဏ်ရာရရသွားတယ်” လို့ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကြံသာရွာကနေ စက်တင်ဘာ ၁၀ ရက် မနက်ပိုင်းကထွက်ခွာသွားကြပြီး မြင်သားကျေးရွာဘက်သို့သွားကာ ထပ်မံမီးရှို့ကြပါတယ်။ စက်တင်ဘာလဆန်းပိုင်းကလည်း ကြံသာရွာထဲမှာ စစ်ကောင်စီတပ်သားတွေဝင်ရောက် အိမ်တိုင်းဝင်ရောက်စစ်ဆေးပြီး လူမရှိတဲ့အိမ်ကိုတော့ဖောက်ထွင်းဝင်ရောက်ကာ ၄င်းတို့လိုချင်တဲ့ပစ္စည်းတွေယူသွားကြပါတယ်။

မီးလောင်သွားတဲ့အိမ်တွေကတော့ ဦးမောင်စံ၊ ဦးကျော်မိုး၊ ဦးဝင်းအောင်၊ ဒေါ်ဒုရှိန်း၊ ဒေါ်စေစွတ်၊ ဦးတမ်းငိုင်း၊ ဒေါ်ခင်ကြည်၊ ဦးဗန်ဘွေထောင်း၊ ဦးထန်းလိန်၊ ဒေါ်တင်တင်ချို၊ ဒေါ်ရှောင်းနူ၊ ဦးမန်းတပ် အိမ်တို့ဖြစ်ပါတယ်။

Zawgyi

ကေလးၿမိဳ႕နယ္တြင္ PDF တပ္ဖြဲ႔အိမ္ဟုစြပ္စြဲကာ ခ်င္းအိမ္ ၁၂ လံုးမီးရိႈ႕ခံရ၊ မသန္စြမ္းအမ်ဳိးသားတဦး ထိုးၾကိတ္ခံရ

ကေလးၿမိဳ႕နယ္ေတာင္ပိုင္း ၾကံသာေက်းရြာက ခ်င္းတုိင္းရင္းသားေတြရဲ႕ေနအိမ္ ၁၂ လံုးကို PDF တပ္ဖြဲ႔အိမ္ဟုစြပ္စြဲကာ အၾကမ္းဖက္စစ္ေကာင္စီတပ္က စက္တင္ဘာ ၈ ရက္ေန႔လည္ပိုင္းကမီးရိႈ႕ဖ်က္ဆီးသြားၾကတယ္လုိ႔သတင္းရရွိပါတယ္။

အၾကမ္းဖက္ စစ္ေကာင္စီတပ္ေတြဟာ ျမစ္သာျမစ္အေရွ႕ဘက္ အင္းကၽြန္းရြာဖက္တိုက္ပြဲျဖစ္ပြားၿပီးေနာက္ ဆုိင္ကယ္အစီး ၂၀ ေလာက္နဲ႔ ျမစ္အေနာက္ဘက္က ၾကံသာေက်းရြာသို႔ စက္တင္ဘာ ၈ ေန႔လည္ ၁၂ နာရီေလာက္မွာေရာက္လာၾကပါတယ္။ ရြာရဲ႕ဘုန္းၾကီးေက်ာင္းသို႔ခဏဝင္ေရာက္ၿပီးေနာက္ ရြာထဲသို႔ဝင္ေရာက္ကာ PDF ကေလးတပ္ဖြဲ႔ဝင္လုိ႔စြပ္စြဲခံရတဲ့ ခ်င္းအိမ္ေတြကို စတင္မီးရိႈ႕ၾကပါတယ္။

ၾကံသာရြာေဒသခံတဦးက “စစ္ေခြးလာ ရြာကိုဝင္လာတဲ့ခ်ိန္မွာ အသက္ၾကီးပိုင္းလူေတြပဲရြာထဲမွာက်န္ခဲ့ၾကတယ္။ တျခားလူေတြကေတာ့ ေတာထဲမွာအကုန္ထြက္ေျပးၾကတယ္။ အဲ့ေန႔ ေန႔ခင္းပိုင္းမွာ ၅ အိမ္မီးရိႈ႕ခံရတယ္။ က်န္တဲ့အိမ္ေတြကို ညမွာမီးထပ္ရိႈ႕ၾကတယ္။ တခ်ဳိ႕အိမ္ေတြက နီးနီးကပ္ကပ္ဆိုေတာ့ မီးကူးၿပီးေလာင္သြားတဲ့အိမ္လည္းရွိတယ္။ ကေလးေတာင္ပိုင္းမွာ တိုက္ပြဲျဖစ္ၿပီးေနာက္ပိုင္း ဖုန္းလိုင္းေတြမေကာင္းေတာ့ဘူး။ ခုလည္းၿမိဳ႕ေပၚတက္ၿပီးလုိင္းသံုးေနရတာ” လို႔ေျပာပါတယ္။

ၾကံသာေက်းရြာဟာ အိမ္ေျခ ၃၀၀ ေက်ာ္ရွိတဲ့ ကေလး-ဂန္႔ေဂါလမ္းမေပၚမွာတည္ရွိတဲ့ရြာျဖစ္ၿပီး ခ်င္း နဲ႔ ဗမာတုိင္းရင္းသားအတူတူေနထုိင္ၾကပါတယ္။
ၾသဂုတ္လတုန္းက ၾကံသာရြာက စစ္ထြက္ ဒလန္တဦးကို အမည္မသိလက္နက္ကိုင္ေတြကပစ္သတ္ခံရလို႔ ၄င္းရဲ႕သားက ရြာထဲမွာ ခ်င္းအိမ္ေတြကိုျပာက်ေစမယ္လုိ႔ ေအာ္ဟစ္ျခိမ္းေျခာက္ခဲ့ပါတယ္။

ၾကံသာေက်းရြာေဒသခံတဦးက “ၿပီးေတာ့ စစ္ေကာင္စီတပ္ေတြက ခ်င္းႏွစ္ျခင္းအသင္းေတာ္ပါစတာ ဆရာေတာ္ေရႊလိန္းရဲ႕အိမ္ကိုဖ်က္ဆီးဖို႔ဝင္တဲ့ခ်ိန္မွာ အိမ္မွာ မသန္စြမ္း(စကားမေျပာတတ္၊ နားမၾကား)အမ်ဳိးသားတစ္ဦးက လာေရာက္တားျမစ္စဥ္ ၄င္းကိုထိုးၾကိတ္ၾကလို႔ ဦးေခါင္းနဲ႔ ႏွာေခါင္မွာဒဏ္ရာရရသြားတယ္” လို႔ေျပာပါတယ္။

စစ္ေကာင္စီတပ္ေတြဟာ ၾကံသာရြာကေန စက္တင္ဘာ ၁၀ ရက္ မနက္ပိုင္းကထြက္ခြာသြားၾကၿပီး ျမင္သားေက်းရြာဘက္သို႔သြားကာ ထပ္မံမီးရိႈ႕ၾကပါတယ္။ စက္တင္ဘာလဆန္းပိုင္းကလည္း ၾကံသာရြာထဲမွာ စစ္ေကာင္စီတပ္သားေတြဝင္ေရာက္ အိမ္တုိင္းဝင္ေရာက္စစ္ေဆးၿပီး လူမရွိတဲ့အိမ္ကိုေတာ့ေဖာက္ထြင္းဝင္ေရာက္ကာ ၄င္းတုိ႔လိုခ်င္တဲ့ပစၥည္းေတြယူသြားၾကပါတယ္။

မီးေလာင္သြားတဲ့အိမ္ေတြကေတာ့ ဦးေမာင္စံ၊ ဦးေက်ာ္မိုး၊ ဦးဝင္းေအာင္၊ ေဒၚဒုရွိန္း၊ ေဒၚေစစြတ္၊ ဦးတမ္းငိုင္း၊ ေဒၚခင္ၾကည္၊ ဦးဗန္ေဘြေထာင္း၊ ဦးထန္းလိန္၊ ေဒၚတင္တင္ခ်ဳိ၊ ေဒၚေရွာင္းႏူ၊ ဦးမန္းတပ္ အိမ္တုိ႔ျဖစ္ပါတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်