ကလေး-တမူးကားလမ်း ၄လကျော်ကြာပိတ်ထားလို့ကုန်စည်များကို တောလမ်းကနေခက်ခက်ခဲခဲ သယ်ယူကြ

တမူးမြို့နယ်၊ ပန်းသာကျေးရွာမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ ယခုနှစ်ဇွန်လတွင် တိုက်ပွဲဖြစ်ပွားရာကစပြီး ယခုချိန်ထိ တမူး-ကလေးကားလမ်းကိုပိတ်ထားလို့ တမူးမြို့တွင် ကုန်စျေးနှုန်းမြှင့်တက်လို့ ဒေသခံများအခက်အခဲဖြစ်ပွားနေပါတယ်။

လက်ရှိအချိန်ထိ ပန်းသာကျေးရွာတွင် စစ်ကောင်စီနဲ့ ပျူစောထီးများစခန်းချနေထိုင်လျက်ရှိပါတယ်။

အဲ့ဒီနောက် ဩဂုတ်လတွင် ကလေး-တမူးကားလမ်း ဘုက္ကန်ကျေးရွာအနီးတွင် စစ်ကောင်စီက တပ်စခန်းချရာ ယင်းနေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အခုလိုတိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ တမူး-ခမ်းပတ်ကြားကကျေးရွာများဖြစ်ပြီး ကလေးကနေ ခမ်းပတ်ထိကားနဲ့ သွားလို့ရပေမယ့် ခမ်းပတ်ကနေ တမူးထိ လမ်းပိတ်ထားလို့ တောလမ်းကနေ ဆိုင်ကယ်ဖြင့် ကုန်စည်များသယ်ယူကြပါတယ်။

ဒါကြောင့် အခု တမူးမြို့တွင် ဧရာမင်းဆန်တစ်အိတ်ကို တစ်သိန်း ခုနစ်သောင်းထိရောက်နေလို့ ဒေသခံတွေက ကားလမ်းအမြန်ဖွင့်လှစ်ပေးဖို့လိုလားနေကြပါတယ်။

တချို့ဆိုင်ကယ် ကယ်ရီသမားတွေက အိန္ဒိယဘက်ကနေရှောင်ကွင်းပြီးသွားကြရာ အိန္ဒိယအာဏာပိုင်တွေက ၎င်းတို့တားမြစ်ကုန်စည်တွေစစ်ဆေးတာကြောင့် ကယ်ရီသမားများလည်းအခက်တွေ့နေကြပါတယ်။ တမူးကနေ ခမ်းပတ်ဟာ ဆိုင်ကယ်နဲ့ ၄ နာရီကြာမောင်းရပြီး မိုးမရွာလျှင်အဆင်ပြေပေမယ့် မိုးရွာတဲ့ခါ လမ်းဆိုးရွားလို့ခက်ခဲကြပါတယ်။

ကလေးဝ-မဟာမြိုင်ကားလမ်းလည်း မိုးရွာတဲ့ခါ ကားလမ်းအခြေအနေဆိုးရွားလို့ လမ်းပိတ်လိုက် ဖွင့်လိုက်နဲ့ ကလေးကဘော်ဒေသအတွက် ကုန်စည်သယ်ယူဖို့ခက်ခဲနေကြတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်