ခိုင်ကမ်းတွင် စစ်ကောင်စီက မော်တော်ယာဉ်များကိုတားဆီးကာ ဓားစာခံအဖြစ်ထိန်းသိမ်းထား

ကလေးမြို့ကနေ ချင်းပြည်နယ်သို့တက်တဲ့ ခိုင်ကမ်းမြို့ ၉မိုင်ဂိတ်မှာ စစ်ကောင်စီတပ်သားများက ယနေ့ မေ ၆ ရက်တွင် မော်တော်ယာဉ်အတက်၊ အဆင်း အားလုံးကိုတားဆီးကာ LSD ဓာတ်ဆီဆိုင်မှာ ဓားစာခံအဖြစ် ထိန်းသိမ်းထားတယ်လို့ သတင်းရရှိပါတယ်။

၉မိုင်ဂိတ်နဲ့ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက လာရောက်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းကြောင့် အရပ်သားကားတွေကို အခုလို ဓားစာခံအဖြစ် ဖမ်းဆီးတာလို့သိရတယ်။

ဒေသခံတစ်ဦးက “PDF တွေ ခိုင်ကမ်းနဲ့ စက်မှုဇုံလမ်းကွေ့ဘက်မှာရှိတယ်ဆိုတဲ့သတင်း ကြားလို့ စခန်းကိုတိုက်ခိုက်မှာစိုးလို့ အခုလို အရပ်သားကားတွေကို ဓားစာခံလုပ်တာထင် တယ်။ ချင်းတောင်ဘက်တက်တဲ့ကားကော၊ ဆင်းလာတဲ့ကားကော အကုန်လုံးတားပြီးတော့ LSD ဓာတ်ဆီဆိုင်မှာ ရပ်ခိုင်းတယ်။ လူကတော့ ကလေးဘက်ပြန်ဆင်းချင်တဲ့သူတွေကို ၃ဘီးနဲ့ဆင်းခိုင်းတယ်။ တချို့ခရီးသည်တွေက ပိုက်ဆံမရှိလို့ ကားပေါ်မှာပဲဆက်နေကြတယ်။ ကားအားလုံးပေါင်း အစီး ၁၀၀ လောက်ရှိမယ်ထင်တယ်။ မနက်ဖြန်မှပဲ ပြန်လွတ်ပေးမယ်လို့ ကားသမားတစ်ယောက်ဆီကနေ ကြားတယ်”လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

လူသတ်ဓားပြတိုက်ပြီး မူးယစ်ဆေးဖြန့်နေတဲ့ CDF တွေကို နှိမ်နင်းမယ်လို့ အိန္ဒိယနယ်​ခြားစောင့် အကြီးအကဲပြောဆိုတဲ့ သတင်းအမှား

============== ဇန်နဝါရီလ ၁၂ရက်၊ ၂၀၂၅ ခုနှစ် Zalen အိန္ဒိယနိုင်ငံအတွင်း ခိုး၀င်ပြီး လူသတ်ဓါးပြတိုက် မူးယစ်ဆေးဖြန့်နေတဲ့ ချင်းကာကွယ်ရေးတပ်(CDF)တွေကို နှိမ်နင်းမယ်လို့ အိန္ဒိယနယ်​ခြားစောင့် အကြီးအကဲပြောဆိုတဲ့ သတင်းကို စစ်ကောင်စီဝါဒဖြန့်  Kyaw Swar အမည်ရှိ တယ်လီဂရမ်ချန်နယ်က ...

ဆက်ဖတ်ရန်