ချင်းစစ်ဘေးရှောင်အပါအဝင် ကရင်၊ ရှမ်းပြည်နယ်က စစ်ဘေးရှောင်တွေကို စားနပ်ရိက္ခာထောက်ပံ့ခဲ့တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ကထုတ်ပြန်

ချင်းပြည်နယ် မင်းတပ်၊ ပလက်ဝမြို့နယ်၊ မကွေးတိုင်း ကျောက်ထုမြို့၊ ကရင်ပြည်နယ် မြိုင်ကြီးငူအထူးဒေသ နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် နေရပ်စွန့်ခွာပြည်သူ ၁၇,၅၀၀ ကျော်ကို ဆန် နဲ့ ရိက္ခာအထောက်အပံ့များ ပေးအပ်ခဲ့တယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ထုတ်ပြန်ထားပါတယ်။

WFP ဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းတွင် မင်းတပ်မြို့ရှိ နေရပ်စွန့်ခွာခဲ့ရသူဦးရေ (၅၀၀) ကျော်၊ မကွေးတိုင်းဒေသကြီး ကျောက်ထုမြို့တွင် ခေတ္တပြောင်းရွှေ့နေထိုင်တဲ့ မင်းတပ်မှနေရပ်စွန့်ခွာလာခဲ့ရသူဦးရေ (၉၀၀) ကျော်အား နှစ်လစာ ဆန်ရိက္ခာအထောက်အပံ့များ ပေးအပ်ကြပါတယ်။

ဒါ့ပြင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ အစောပိုင်းမှာ ချင်းပြည်နယ် ပလက်ဝမြို့ရှိ လူဦးရေ (၅,၄၀၀) နဲ့ မီးဇာရွာရှိ လူဦးရေ (၉၀၀) တို့အားလည်း လစဉ်ငွေကြေးအထောက်အပံ့များပေးအပ်ခဲ့တယ်။

ဆက်လက်ပြီး ၂၀၂၁ ခုနှစ်နှောင်းပိုင်းတွင် WFP က ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာခဲ့ရသူ (၃,၀၀၀) ကျော်ကိုလည်း စားနပ်ရိက္ခာအထောက်အပံ့များ ကူညီပေးနိုင်ခဲ့တယ်။ ကရင်ပြည်နယ် မြိုင်ကြီးငူအထူးဒေသရှိ ထိခိုက်လွယ်သူ လူဦးရေပေါင်း (၆,၈၀၀) ကျော်ကိုလည်း ဆန်ရိက္ခာ အထောက်အပံ့များ ပေးအပ်ခဲ့တယ်။

Zalen ad

အကြမ်းဖက်ဖြစ်ရပ်များကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြားရှိ အကူအညီလိုအပ်သောသူများထံ ယခုထက်ပို၍ အထောက်အပံ့များ တိုးမြှင့် ပေးအပ်နိုင်ရေးသည် ၂၀၂၂ ခုနှစ်အတွက် WFP ၏ အဓိကဦးစားပေးလုပ်ငန်းတစ်ခုဖြစ်ပါသည်လို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

Zawgyi

ခ်င္းစစ္ေဘးေရွာင္အပါအဝင္ ကရင္၊ ရွမ္းျပည္နယ္က စစ္ေဘးေရွာင္ေတြကို စားနပ္ရိကၡာေထာက္ပံ့ခဲ့တယ္လုိ႔ ကမၻာ့စားနပ္ရိကၡာအစီအစဥ္ကထုတ္ျပန္

ခ်င္းျပည္နယ္ မင္းတပ္၊ ပလက္ဝၿမိဳ႕နယ္၊ မေကြးတုိင္း ေက်ာက္ထုၿမိဳ႕၊ ကရင္ျပည္နယ္ ျမိဳင္ၾကီးငူအထူးေဒသ နဲ႔ ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္ ေနရပ္စြန္႔ခြာျပည္သူ ၁၇,၅၀၀ ေက်ာ္ကို ဆန္ နဲ႔ ရိကၡာအေထာက္အပံ့မ်ား ေပးအပ္ခဲ့တယ္လုိ႔ ကုလသမဂၢ ကမၻာ့စားနပ္ရိကၡာအစီအစဥ္ (WFP) ထုတ္ျပန္ထားပါတယ္။

WFP ဟာ ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာလေႏွာင္းပိုင္းတြင္ မင္းတပ္ၿမိဳ႕ရွိ ေနရပ္စြန႔္ခြာခဲ့ရသူဦးေရ (၅၀၀) ေက်ာ္၊ မေကြးတိုင္းေဒသႀကီး ေက်ာက္ထုၿမိဳ႕တြင္ ေခတၱေျပာင္းေရႊ႕ေနထိုင္တဲ့ မင္းတပ္မွေနရပ္စြန႔္ခြာလာခဲ့ရသူဦးေရ (၉၀၀) ေက်ာ္အား ႏွစ္လစာ ဆန္ရိကၡာအေထာက္အပံ့မ်ား ေပးအပ္ၾကပါတယ္။

ဒါ့ျပင္ ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလ အေစာပိုင္းမွာ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕ရွိ လူဦးေရ (၅,၄၀၀) နဲ႔ မီးဇာရြာရွိ လူဦးေရ (၉၀၀) တို႔အားလည္း လစဥ္ေငြေၾကးအေထာက္အပံ့မ်ားေပးအပ္ခဲ့တယ္။

ဆက္လက္ၿပီး ၂၀၂၁ ခုႏွစ္ေႏွာင္းပိုင္းတြင္ WFP က ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္အတြင္းရွိ ေနရပ္စြန႔္ခြာခဲ့ရသူ (၃,၀၀၀) ေက်ာ္ကိုလည္း စားနပ္ရိကၡာအေထာက္အပံ့မ်ား ကူညီေပးနိုင္ခဲ့တယ္။ ကရင္ျပည္နယ္ ၿမိဳင္ႀကီးငူအထူးေဒသရွိ ထိခိုက္လြယ္သူ လူဦးေရေပါင္း (၆,၈၀၀) ေက်ာ္ကိုလည္း ဆန္ရိကၡာ အေထာက္အပံ့မ်ား ေပးအပ္ခဲ့တယ္။

အၾကမ္းဖက္ျဖစ္ရပ္မ်ားေၾကာင့္ ျမန္မာနိုင္ငံေနရာအႏွံ့အျပားရွိ အကူအညီလိုအပ္ေသာသူမ်ားထံ ယခုထက္ပို၍ အေထာက္အပံ့မ်ား တိုးျမႇင့္ ေပးအပ္နိုင္ေရးသည္ ၂၀၂၂ ခုႏွစ္အတြက္ WFP ၏ အဓိကဦးစားေပးလုပ္ငန္းတစ္ခုျဖစ္ပါသည္လုိ႔ ကုလသမဂၢ ကမၻာ့စားနပ္ရိကၡာအစီအစဥ္ (WFP) ရဲ႕ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

နောက်ဆုံးရသတင်းများ

အပြစ်မဲ့အရပ်သားပြည်သူတွေအပေါ် ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ ဝင်ငွေဖြတ်တောက်ရေး Brave Burma Act ဥပဒေမူကြမ်း အမေရိကန် အောက်လွှတ်တော်မှာ အတည်ပြု

ဖေဖော်ဝါရီ ၁၁၊ ၂၀၂၆။ Zalen မြန်မာစစ်ကောင်စီရဲ့  အရပ်သားပြည်သူတွေအပေါ်  စစ်လေယာဥ်သုံး ဗုံးကြဲတိုက်ခိုက်နေတာတွေနဲ့ စစ်အုပ်စုရဲ့ ငွေကြေးစီးဆင်းမှုတွေကို အဆုံးသတ်နိုင်မယ့် Brave Burma Act (H.R. 3190) ဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော်က ဖေဖော်ဝါရီ ၁၀ ...

ဆက်ဖတ်ရန်