ချင်းပြည်နယ်တွင် မွေးကင်းစကလေးမိခင်ကို စစ်ကောင်စီတပ်သား ၃ ယောက်ကအကြိမ်ကြိမ်အဓမ္မပြုကျင့်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် အာလွယ်ကျေးရွာ (Aklui khua) နေ ၁လအရွယ်ကလေး ၃ ယောက်ရဲ့မိခင်တစ်ဦးကို အာဏာသိမ်းစစ်ကောင်စီတပ်သား ၃ ယောက်က နိုဝင်ဘာလ ၁၂ ရက်ညက ယောကျ်ားရှေ့တွင် အကြိမ်ကြိမ်အဓမ္မပြုကျင့်ကြတယ်လို့ ကာယကံရှင်မိသားစုထံမှသတင်းရရှိပါတယ်။

အာလွယ်ကျေးရွာဟာ ကလေးမြို့ကနေ တီးတိန်ဘက်သွားတဲ့ ကားလမ်းဘေးမှာရှိပြီး ယင်းရွာမှာ အောက်တိုဘာ ၃၀ ရက်ကနေ နိုဝင်ဘာ ၁၃ ရက်ညအထိ အာဏာသိမ်းစစ်ကောင်စီတပ်တွေ စခန်းချရပ်နားကြပါတယ်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၂ ရက်ည ၁၁ နာရီတွင် စစ်ကောင်စီတပ်သား ၃ ယောက်ဟာ အိမ်ရှင် ဦး…. တို့နေအိမ်သို့ဝင်လာပြီး အိမ်ထဲကမှန်တွေ ပုလင်းတွေရိုက်ခွဲကာ အိမ်ရှင်အမျိုးသားရဲ့ခေါင်းကွဲသွားပါတယ်။ စစ်သား ၂ ယောက်က အိမ်ရှင်အမျိုးသားကို မီးဖိုချောင်တွင်သေနတ်နဲ့ချိန်ထားပြီး ၄င်းအမျိုးသမီး ဒေါ်…. (၂ရနှစ်)ကို အိပ်ခန်းတွင် အလေ့ကျနဲ့ တစ်ကြိမ်စီ အဓမ္မပြုကျင့်ကြပါတယ်။ ယင်းည ၁၁ နာရီခွဲကျော်လောက်တွင် ဒုတိယအကြိမ်ထပ်ရောက်လာပြီး အိမ်ပြင်မှာ စစ်သား ၁ ယောက်ကစောင့်ကာ စစ်သား ၂ ယောက်က အိမ်ထဲသို့ဝင်လာပြီး ထပ်မံမုဒိမ်းကျင့်ကြပါတယ်။ တတိယအကြိမ် နဲ့ စတုတ္ထအကြိမ်ထပ်ရောက်လာကာ အိမ်ထဲက ဖုန်း ၁လုံး၊ ပါဝါဘဏ်၊ ဖုန်းအားသွင်းကြိုး၊ ပိုက်ဆံ ၁၈၀၀၀ နဲ့ ရွှေနံကပ်လုယူသွားကြပါတယ်။

အဓမ္မပြုကျင့်ခံရတဲ့အမျိုးသမီးရဲ့ဆွေမျိုးတစ်ယောက်က “သူတို့လင်မယားက ဗမာစကားမပြောတတ်တော့ ဘာမှမပြောနိုင်ဘူး။ အိမ်ထဲမှာ သူတို့ လင်မယားနဲ့ မွေးကင်းစ ၁လအရွယ်ကလေးတစ်ယောက်ပဲရှိတယ်။ ဒါကြောင့် အနိုင်ကျင့်ရဲတာဖြစ်မယ်။ စစ်သားတစ်ယောက်က ယောကျ်ားကို ဓားတစ်လက်ပေးပြီးတော့ ကျနော့်ကိုထိုးပါ၊ မထိုးရင် ရိုက်မယ်လို့ခြိမ်းခြောက်တယ်။ ပြီးတော့ သေနတ်ပေးပြီး ကျနော့်ကိုပစ်ပါလို့ ထပ်ခြိမ်းခြောက်ကြတယ်။ စတုတ္ထအကြိမ်အိမ်ထဲဝင်လာတာက မနက် ၄ နာရီလောက်ဖြစ်မယ်။ နောက်တစ်နေ့မှာ သူတို့ ဗိုလ်ကြီးက ပစ္စည်းတွေအကုန်လုံးပြန်ပေးတယ်။ ဒဏ်ရာရတဲ့အမျိုးသားကိုလည်း ဆေးထည့်ပေးတယ်။ ပြီးတော့ ပစ္စည်းခိုးမှုအတွက်ပြန်တောင်းပန်တယ်။ စစ်သားတစ်ယောက်က ကျနော်တစ်ယောက်ပဲလုပ်တာဆိုပြီးဝန်ခံပြီးတော့ သူ့ကိုခဏလေးဖမ်းပြီးတော့ ပြန်လွတ်လိုက်တယ်။ အဲ့နေ့မှာပဲ ရွာထဲကနေ ပြန်ထွက်ကြတယ်” လို့ပြောပါတယ်။

အဓမ္မပြုကျင့်ခံရတဲ့အမျိုးသမီးတွင် ကလေး ၃ ယောက်ရှိပြီး အကြီးဆုံးကလေးမှာ ၅ နှစ်အရွယ်ရှိပါတယ်။ ရွာသားတွေက စစ်သားအားလုံး ပခုံးပေါ်တွင် ၂၂ နံပါတ်တပ်ထားတာရှိတယ်လို့ပြောကြပါတယ်။ ယင်းတပ်တွေဟာ နိုဝင်ဘာလ ၁၃ ရက် မနက် ၇ နာရီတွင် ကလေးမြို့ဘက်သို ခြေလျင်နဲ့ဆင်းသွားကြပါတယ်။

အာလွယ်ရွာသားတစ်ယောက်က “အဲ့ဒီည ပစ္စည်းလုယူခံရတဲ့အိမ် ၅ အိမ်ရှိတယ်။ အဓိကတော့ ဖုန်း၊ နံကပ်၊ ပိုက်ဆံတွေပါ။ တစ်အိမ်ဆိုရင် ကိုယ်ဝန်ဆောင်အမျိုးသမီးကို စစ်သားတွေက လက်ကိုကြိုးနဲ့တုတ်ပြီး နံကပ်ကိုဖြုတ်ခိုင်းတယ်။ သူ့အမျိုးသားကို ရိုက်ကြလို့ နှခေါင်းကနေ သွေးထွက်တယ်။ ရွာသားတွေလည်း ရွာထဲမှာမနေရဲကြတော့ဘူး။ တခြားရွာက ဆွေမျိုးသားချင်းအိမ်တွေမှာပြောင်းရွေ့ကြတယ်” လို့ပြောပါတယ်။

Zawgyi

ခ်င္းျပည္နယ္တြင္ ေမြးကင္းစကေလးမိခင္ကို စစ္ေကာင္စီတပ္သား ၃ ေယာက္ကအၾကိမ္ၾကိမ္အဓမၼျပဳက်င့္

ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕နယ္ အာလြယ္ေက်းရြာ (Aklui khua) ေန ၁လအရြယ္ကေလး ၃ ေယာက္ရဲ႕မိခင္တစ္ဦးကို အာဏာသိမ္းစစ္ေကာင္စီတပ္သား ၃ ေယာက္က ႏိုဝင္ဘာလ ၁၂ ရက္ညက ေယာက်္ားေရွ႕တြင္ အၾကိမ္ၾကိမ္အဓမၼျပဳက်င့္ၾကတယ္လုိ႔ ကာယကံရွင္မိသားစုထံမွသတင္းရရွိပါတယ္။

အာလြယ္ေက်းရြာဟာ ကေလးၿမိဳ႕ကေန တီးတိန္ဘက္သြားတဲ့ ကားလမ္းေဘးမွာရွိၿပီး ယင္းရြာမွာ ေအာက္တိုဘာ ၃၀ ရက္ကေန ႏိုဝင္ဘာ ၁၃ ရက္ညအထိ အာဏာသိမ္းစစ္ေကာင္စီတပ္ေတြ စခန္းခ်ရပ္နားၾကပါတယ္။

ျဖစ္စဥ္မွာ ႏိုဝင္ဘာလ ၁၂ ရက္ည ၁၁ နာရီတြင္ စစ္ေကာင္စီတပ္သား ၃ ေယာက္ဟာ အိမ္ရွင္ ဦး…. တုိ႔ေနအိမ္သို႔ဝင္လာၿပီး အိမ္ထဲကမွန္ေတြ ပုလင္းေတြရိုက္ခြဲကာ အိမ္ရွင္အမ်ဳိးသားရဲ႕ေခါင္းကြဲသြားပါတယ္။ စစ္သား ၂ ေယာက္က အိမ္ရွင္အမ်ဳိးသားကို မီးဖိုေခ်ာင္တြင္ေသနတ္နဲ႔ခ်ိန္ထားၿပီး ၄င္းအမ်ဳိးသမီး ေဒၚ…. (၂၇ႏွစ္)ကို အိပ္ခန္းတြင္ အေလ့က်နဲ႔ တစ္ၾကိမ္စီ အဓမၼျပဳက်င့္ၾကပါတယ္။ ယင္းည ၁၁ နာရီခြဲေက်ာ္ေလာက္တြင္ ဒုတိယအၾကိမ္ထပ္ေရာက္လာၿပီး အိမ္ျပင္မွာ စစ္သား ၁ ေယာက္ကေစာင့္ကာ စစ္သား ၂ ေယာက္က အိမ္ထဲသို႔ဝင္လာၿပီး ထပ္မံမုဒိမ္းက်င့္ၾကပါတယ္။ တတိယအၾကိမ္ နဲ႔ စတုတၳအၾကိမ္ထပ္ေရာက္လာကာ အိမ္ထဲက ဖုန္း ၁လံုး၊ ပါဝါဘဏ္၊ ဖုန္းအားသြင္းၾကိဳး၊ ပိုက္ဆံ ၁၈၀၀၀ နဲ႔ ေရႊနံကပ္လုယူသြားၾကပါတယ္။

အဓမၼျပဳက်င့္ခံရတဲ့အမ်ဳိးသမီးရဲ႕ေဆြမ်ဳိးတစ္ေယာက္က “သူတို႔လင္မယားက ဗမာစကားမေျပာတတ္ေတာ့ ဘာမွမေျပာႏိုင္ဘူး။ အိမ္ထဲမွာ သူတို႔ လင္မယားနဲ႔ ေမြးကင္းစ ၁လအရြယ္ကေလးတစ္ေယာက္ပဲရွိတယ္။ ဒါေၾကာင့္ အႏိုင္က်င့္ရဲတာျဖစ္မယ္။ စစ္သားတစ္ေယာက္က ေယာက်္ားကို ဓားတစ္လက္ေပးၿပီးေတာ့ က်ေနာ့္ကိုထုိးပါ၊ မထုိးရင္ ရိုက္မယ္လုိ႔ျခိမ္းေျခာက္တယ္။ ၿပီးေတာ့ ေသနတ္ေပးၿပီး က်ေနာ့္ကိုပစ္ပါလုိ႔ ထပ္ျခိမ္းေျခာက္ၾကတယ္။ စတုတၳအၾကိမ္အိမ္ထဲဝင္လာတာက မနက္ ၄ နာရီေလာက္ျဖစ္မယ္။ ေနာက္တစ္ေန႔မွာ သူတုိ႔ ဗိုလ္ၾကီးက ပစၥည္းေတြအကုန္လံုးျပန္ေပးတယ္။ ဒဏ္ရာရတဲ့အမ်ဳိးသားကိုလည္း ေဆးထည့္ေပးတယ္။ ၿပီးေတာ့ ပစၥည္းခိုးမႈအတြက္ျပန္ေတာင္းပန္တယ္။ စစ္သားတစ္ေယာက္က က်ေနာ္တစ္ေယာက္ပဲလုပ္တာဆိုၿပီးဝန္ခံၿပီးေတာ့ သူ႔ကိုခဏေလးဖမ္းၿပီးေတာ့ ျပန္လြတ္လိုက္တယ္။ အဲ့ေန႔မွာပဲ ရြာထဲကေန ျပန္ထြက္ၾကတယ္” လို႔ေျပာပါတယ္။

အဓမၼျပဳက်င့္ခံရတဲ့အမ်ဳိးသမီးတြင္ ကေလး ၃ ေယာက္ရွိၿပီး အၾကီးဆံုးကေလးမွာ ၅ ႏွစ္အရြယ္ရွိပါတယ္။ ရြာသားေတြက စစ္သားအားလံုး ပခံုးေပၚတြင္ ၂၂ နံပါတ္တပ္ထားတာရွိတယ္လုိ႔ေျပာၾကပါတယ္။ ယင္းတပ္ေတြဟာ ႏိုဝင္ဘာလ ၁၃ ရက္ မနက္ ၇ နာရီတြင္ ကေလးၿမိဳ႕ဘက္သို ေျခလ်င္နဲ႔ဆင္းသြားၾကပါတယ္။

အာလြယ္ရြာသားတစ္ေယာက္က “အဲ့ဒီည ပစၥည္းလုယူခံရတဲ့အိမ္ ၅ အိမ္ရွိတယ္။ အဓိကေတာ့ ဖုန္း၊ နံကပ္၊ ပိုက္ဆံေတြပါ။ တစ္အိမ္ဆိုရင္ ကိုယ္ဝန္ေဆာင္အမ်ဳိးသမီးကို စစ္သားေတြက လက္ကိုၾကိဳးနဲ႔တုတ္ၿပီး နံကပ္ကိုျဖဳတ္ခိုင္းတယ္။ သူ႔အမ်ဳိးသားကို ရိုက္ၾကလို႔ ႏွေခါင္းကေန ေသြးထြက္တယ္။ ရြာသားေတြလည္း ရြာထဲမွာမေနရဲၾကေတာ့ဘူး။ တျခားရြာက ေဆြမ်ဳိးသားခ်င္းအိမ္ေတြမွာေျပာင္းေရြ႕ၾကတယ္” လို႔ေျပာပါတယ္။

 

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်