ချင်းပြည်နယ်တွင် အထူးကုနယ်လှည့်ခရီးစဉ်အဖြစ် ရိခေါ်ဒါရ်မြို့သို့သွားရောက်

၂၀၁၉၊ အောက်တိုဘာ (၂၁)
ချင်းပြည်နယ်ရဲ့ အထူးကု (၅)ယောက်နယ်လှည့်ခရီးစဉ်ကို ယနေ့ ဟားခါးမြို့မှ ဖလမ်းမြို့နယ် ရိခေါ်ဒါရ်မြို့သို့ စတင်ထွက်ခွာကြပါတယ်။

ယင်းခရီးကို ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန နဲ့ ဟားခါးပြည်သူ့ဆေးရုံတို့ပူးပေါင်းပြီး Access to Health Fund, Save the Children, Marie Stopes Myanmar နဲ့ မြန်မာနိုင်ငံဆရာဝန်အသင်းတို့ရဲ့ ပံ့ပိုးကူညီမှုနဲ့ အောက်တိုဘာ (၂၁)ရက်မှ (၂၃)ရက်ထိ အခမဲ့သွားရောက်ကုသမှာဖြစ်ပါတယ်။

ယင်းကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လ၊ထညွှန်ကြားရေးမှူး ဒေါက်တာရှာရွန်ပါရ်က “ဒီခရီးစဉ်မှာ သမားတော်၊ သားဖွားမီးယပ်အထူးကု၊ ကလေးအထူးကု၊ သွားဘက်ဆိုင်ရာအထူးကု၊ ခွဲစိပ်အထူးကု နဲ့ သူနာပြု (၁၁)ယောက်ပါမယ်။ ပြီးတော့ တီဘီရောဂါရှာဖွေရေးလည်းပါမယ်။ ဒါပြီးရင် နောက်လမှာ ကန်ပက်လက် ဒါမှမဟုတ် မတူပီ သွားမယ်။ နောက်နှစ် ပွင့်လင်းရာသီထိ ဆက်သွားဖို့အစီအစဉ်ရှိတယ်” လို့ပြောပါတယ်။

ဆေးကုသရာတွင် မြို့နယ် ပြည်သူ့ဆေးရုံနဲ့ တိုက်နယ်ဆေးရုံအထိ သွားရောက်ကုသပေးမယ်လို့ပြောပါတယ်။

Zalen ad

(Zawgyi)

ခ်င္းျပည္နယ္တြင္ အထူးကုနယ္လွည့္ခရီးစဥ္အျဖစ္ ရိေခၚဒါရ္ၿမိဳ႕သို႔သြားေရာက္

၂၀၁၉၊ ေအာက္တိုဘာ (၂၁)
ခ်င္းျပည္နယ္ရဲ႕ အထူးကု (၅)ေယာက္နယ္လွည့္ခရီးစဥ္ကို ယေန႔ ဟားခါးၿမိဳ႕မွ ဖလမ္းၿမိဳ႕နယ္ ရိေခၚဒါရ္ၿမိဳ႕သို႔ စတင္ထြက္ခြာၾကပါတယ္။

ယင္းခရီးကို ခ်င္းျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာန နဲ႔ ဟားခါးျပည္သူ႔ေဆး႐ုံတို႔ပူးေပါင္းၿပီး Access to Health Fund, Save the Children, Marie Stopes Myanmar နဲ႔ ျမန္မာႏိုင္ငံဆရာဝန္အသင္းတို႔ရဲ႕ ပံ့ပိုးကူညီမႈနဲ႔ ေအာက္တိုဘာ (၂၁)ရက္မွ (၂၃)ရက္ထိ အခမဲ့သြားေရာက္ကုသမွာျဖစ္ပါတယ္။

ယင္းကိစၥနဲ႔ပတ္သက္ၿပီး ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာန လ၊ထၫႊန္ၾကားေရးမႉး ေဒါက္တာရွာ႐ြန္ပါရ္က “ဒီခရီးစဥ္မွာ သမားေတာ္၊ သားဖြားမီးယပ္အထူးကု၊ ကေလးအထူးကု၊ သြားဘက္ဆိုင္ရာအထူးကု၊ ခြဲစိပ္အထူးကု နဲ႔ သူနာျပဳ (၁၁)ေယာက္ပါမယ္။ ၿပီးေတာ့ တီဘီေရာဂါရွာေဖြေရးလည္းပါမယ္။ ဒါၿပီးရင္ ေနာက္လမွာ ကန္ပက္လက္ ဒါမွမဟုတ္ မတူပီ သြားမယ္။ ေနာက္ႏွစ္ ပြင့္လင္းရာသီထိ ဆက္သြားဖို႔အစီအစဥ္ရွိတယ္” လို႔ေျပာပါတယ္။

ေဆးကုသရာတြင္ ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံနဲ႔ တိုက္နယ္ေဆး႐ုံအထိ သြားေရာက္ကုသေပးမယ္လို႔ေျပာပါတယ္။

နောက်ဆုံးရသတင်းများ

ဗာတီကန်မှာ ရဟန်းမင်းကြီးနဲ့ ကလေးသာသနာပြုနယ် ဆရာတော်ကြီးတို့ တွေ့ဆုံ

ဇွန် ၈၊ ၂၀၂၆Zalen ကမ္ဘာ့ကက်သလစ်အသင်းတော်ရဲ့ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) (Pope Leo XIV) နဲ့ မြန်မာနိုင်ငံ၊ ကလေးကက်သလစ်သာသနာပြုနယ် (Kalay Diocese) ရဲ့ ဆရာတော်ကြီး အပါအဝင် မြန်မာ ခရစ်ယာန်ဘုန်းတော်ကြီးတွေဟာ ...

ဆက်ဖတ်ရန်