ချင်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ

ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆။

Zalen

Zalen ad

ဖလမ်းမြို့နယ် Tuphei ကျေးရွာအနီးတွင် စကမတပ်နဲ့ CNDF အပါအဝင် ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားနေပြီး ရှေ့တိုးမရသဖြင့် ဒရုန်းနဲ့ လက်နက်ကြီးများ အသုံးပြု တိုက်ခိုက်နေတယ်လို့ ‌ဒေသသတင်းများမှ သိရပါတယ်။

ယမန်နေ့ ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၅ နာရီခန့်တွင် Lunghawh ကျေးရွာကို Jet Fighter ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အများအပြား ပျက်စီးခဲ့ပြီး ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပါတယ်။

ယင်းနေ့တွင်ပင် စစ်ကိုင်းတိုင်း ကလေးမြို့ဘက်မှ စစ်ကား ၅ စီးဖြင့် စစ်ကူများ တီးတိန်မြို့နယ် သိုင်းငင်းရွာသို့ ရောက်ရှိလာကြောင်း သိရပြီး ခရီးသွားပြည်သူများ သတိထားသွားလာကြရန် PDF–Zoland စစ်ဦးစီးချုပ်က သတိပေးထားပါတယ်။

ဖေဖော်ဝါရီလ ၈ ရက်နေ့ကလည်း ချင်းလက်နက်ကိုင်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဟာ စစ်ကြောင်းထိုး လာတဲ့ စကမ အင်အား ၃၀၀ ခန့်ကို ထင်းရှုးစခန်း အနီးမှာ တားဆီး တိုက်ခိုက်မှုတွေကြောင့် စကမ တပ်တွေ ရှေ့ဆက်မတိုးနိုင်ဘဲ တပ်ဆုပ်ပြီး Farso ရွာက ခရစ်ယာန်ဘုရားကျောင်း အပါအဝင် အရပ်သားပြည်သူနေအိမ် ၄ လုံးခန့်ကိုလည်း မီးရှို့သွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထန်တလန်မြို့နယ် တလန်ခွါကျေးရွာကို ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်ဗုံးကြဲခဲ့ရာ အရပ်သား ၆ ဦး သေဆုံးပြီး ကျောင်းသား/သူများ အပါအဝင် ၇ ဦးခန့် ဒဏ်ရာရရှိခဲ့ပါတယ်။

စကမဟာ ဖလမ်းမြို့ပြန်လည်သိမ်းပိုက်ရေးအတွက် အင်အားဖြည့်တင်းမှုများ ဆက်လက်ပြုလုပ် နေသော်လည်း ဒေသတွင်းချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များရဲ့ တားဆီးတိုက်ခိုက်မှုများကြောင့် အခြေအနေ ဆက်လက်တင်းမာနေဆဲဖြစ်ပါတယ်။

သတင်း-မိုင်နွေဦး

ဓာတ်ပုံ-လူမှုကွန်ယက်

#ဖလမ်းမြို့နယ် #သိုင်းငင်းရွာ #Tuphei #Zalen

နောက်ဆုံးရသတင်းများ

မိုဘိုင်းဖုန်း CEIR စနစ်မပါတဲ့ဖုန်းတွေကို တလသာ ယာယီသုံးခွင့်ပေးမယ်လို့ စစ်ကောင်စီရဲ့ CEIR/EIR စီမံကိန်းက ထုတ်ပြန်

မတ် ၅၊ ၂၀၂၆Zalen လာမယ့် ဧပြီ ၁ ရက်မှစပြီး CEIR (ဗဟိုမိုဘိုင်းစက်ပစ္စည်းမှတ်ပုံတင်စနစ်) ခွင့်ပြုစာရင်းမှာ မပါသေးတဲ့ ဖုန်းတွေကို မိုဘိုင်းကွန်ရက်နဲ့ ရက် ၃၀ သာ ယာယီအသုံးပြုခွင့် ပေးမယ်လို့ စစ်ကောင်စီရဲ့ CEIR/EIR ...

ဆက်ဖတ်ရန်