ဂန့်ဂေါမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အိမ် ၃လုံးမီးရှို့ပြီး အိမ်တွေကိုဖောက်ထွင်း အမျိုးသမီးအဝတ်အစားကစခိုးယူသွား

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် အောင်မြင်ကျေးရွာက အိမ် ၃ လုံးကို ပျူစောထီးနဲ့ စစ်တပ်က ဒီကနေ့ နိုဝင်ဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီလောက်တွင် မီးရှို့ဖျက်ဆီးသွားတယ်လို့သတင်းရရှိပါတယ်။

အဆိုပါအကြမ်းဖက်စစ်တပ်ဟာ ‌မင်းရွာတိုက်နယ်ကနေ ကားငါးစီးနဲ့ထွက်လာတာဖြစ်ပြီး ပျူစောထီးအချို့လည်း တူမီးတွေနဲ့လိုက်လာတယ်လို့ မျက်မြင်‌တွေ့လိုက်ကြတဲ့ ဒေသခံတွေက ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်ရက်က ဂန့်ဂေါတောင်ပိုင်း မင်းရွာတိုက်နယ်ကို အကြမ်းဖက်စစ်တပ်တွေရောက်လာတာကြောင့် ရွာသားအားလုံးထွက်ပြေးတိမ်းရှောင်ပြီး လူနေအိမ် ၁၆ လုံးထက်မနည်း ဖောက်ထွင်းကာ အဖိုးတန်ပစ္စည်းတွေနဲ့ အမျိုးသမီးအဝတ်တွေကအစ ယူဆောင်ပြီး လူနေအိမ်တွေထဲမှာပါ အညစ်အကြေးတွေစွန့်သွားကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ဝက်သက်ရွာတွင် မနေ့ နိုဝင်ဘာ ၂၀ ရက် နေ့လည် ၁၂ နာရီခွဲလောက်ကရောက်လာပြီး YDF ထီးလင်း တပ်ရင်းမှုး နေအိမ်အပါဝင် နေအိမ် သုံးလုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဒါကြောင့် ထီးလင်းမြို့နယ် ဝက်သက်ကျေးရွာရှိ ပြည်သူ ၆ဝဝခန့် ဘေးကင်းရာသို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။

Zawgyi







နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်