စစ်ကောင်စီတပ်က ရိခေါ်ဒါရ်မြို့၊ နယ်စပ်ဂိတ်သိမ်းပိုက်စဉ် ဖမ်းဆီးထားတဲ့ CNDF ရဲဘော်၂ ဦးအလောင်းတွေ့ရှိ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့ နယ်စပ်တံတားဂိတ်က CNDF စခန်းကို မတ် ၂၆ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်တွေသိမ်းယူစဉ်ဖမ်းဆီးခံရတဲ့ CNDF ရဲဘော် ၂ ဦးရဲ့အလောင်းကို ဒီနေ့ ဧပြီ ၁၈ ရက်တွင် ဒေသခံတွေက ပြန်လည်တွေ့ရှိကြတယ်လို့သတင်းရရှိပါတယ်။

မတ် ၂၆ ရက်တိုက်ပွဲမှာ စခန်းမှာထမင်းချက်တဲ့ CNDF ရဲဘော် ၂ ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီးကြပြီး ယင်းနေ့မှာပဲ သေနတ်နဲ့ပစ်သတ်ကြတာလို့သိရပါတယ်။

အလောင်းပြန်လည်တွေ့ရှိပုံကတော့ ယမန်နေ့ ဧပြီ ၁၇ ရက်က ခြံပိုင်ရှင်တစ်ဦးခြံထဲကြည့်ရှုစဉ် အနှံ့ဆိုးရတာကြောင့် ရှာဖွေကြည့်ရာ ခြံအနီးမှာ မြေပုံထားတာတွေ့ရှိပါတယ်။ ၎င်းက ရိခေါ်ဒါရ်မြို့ရပ်မိရပ်ဖကိုအကြောင်းကြားရာ ဒီနေ့ ဧပြီ ၁၈ ရက်မနက်ပိုင်းက ပြန်လည်တူးယူပြီး အလောင်းကို ၎င်းတို့ ဇာတိရွာသို့ပို့ဆောင်ပြီး သဂြိုလ်ကြပါတယ်။

အလောင်းသွားဖော်စဉ်လိုက်ပါသူတစ်ဦးက “ကျင်းကို ၂ ပေလောက်တူးပြီး တစ်ကျင်းထဲမှာမြေမြုပ်ကြတယ်။ ရုပ်ကတော့မမှတ်မိနိုင်လောက်အောင်ပျက်စီးသွားပြီ။ ဘယ်လိုအတည်ပြုနိုင်တာလဲဆိုရင် တစ်ယောက်က ဆံပင်ရှည်တဲ့သူပါတယ်။ နောက်ပြန်သိတာကတော့ စစ်ကောင်စီဖမ်းဆီးပြီးပြန်လွတ်လာတဲ့ ၂ ဦးက တိုက်ပွဲဖြစ်တဲ့နေ့ မနက်ပိုင်းမှာပဲ တောင်ပေါ်မှာ သေနတ်သံ ၂ ကြိမ်ကြားတယ်တဲ့။ ဖြစ်နိုင်ခြေရှိတာက သူတို့ကို တောထဲခေါ်သွားပြီး ကျင်းတူးခိုင်းမယ်ပြီးတော့ ပစ်သတ်သွားတဲ့သဘောဖြစ်မယ်ပေါ့” လို့ပြောပါတယ်။

CNDF ရဲဘော်တွေရဲ့အလောင်းကို ရိခေါ်ဒါရ်မြို့အမှတ် ၂ ရပ်ကွက် င်္သချိုင်းကုန်းသစ်နားမှာတွေ့ရှိတာဖြစ်ပါတယ်။ အသတ်ခံရတဲ့ CNDF ရဲဘော်တွေဟာ အသက် ၂၄ နှစ်အရွယ်တစ်ဦးဖြစ်ပြီး ၎င်းတွင် ကိုယ်ဝန်ဆောင်နေတဲ့ ဇနီးကျန်ရစ်ခဲ့ပါတယ်။ တစ်ယောက်ကတော့ အသက် ၃၀ ဝန်းကျင်ဖြစ်ပြီး မိဘတွေမရှိတော့တာကြောင့် ဆွေမျိုးတွေထံမှာနေထိုင်တယ်လို့သိရတယ်။

Zawgyi

စစ္ေကာင္စီတပ္က ရိေခၚဒါရ္ၿမိဳ႕၊ နယ္စပ္ဂိတ္သိမ္းပိုက္စဥ္ ဖမ္းဆီးထားတဲ့ CNDF ရဲေဘာ္၂ ဦးအေလာင္းေတြ႕ရွိ

ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕နယ္၊ ရိေခၚဒါရ္ၿမိဳ႕ နယ္စပ္တံတားဂိတ္က CNDF စခန္းကို မတ္ ၂၆ ရက္ မနက္ပိုင္းက စစ္ေကာင္စီတပ္ေတြသိမ္းယူစဥ္ဖမ္းဆီးခံရတဲ့ CNDF ရဲေဘာ္ ၂ ဦးရဲ႕အေလာင္းကို ဒီေန႔ ဧၿပီ ၁၈ ရက္တြင္ ေဒသခံေတြက ျပန္လည္ေတြ႕ရွိၾကတယ္လို႔သတင္းရရွိပါတယ္။

မတ္ ၂၆ ရက္တိုက္ပြဲမွာ စခန္းမွာထမင္းခ်က္တဲ့ CNDF ရဲေဘာ္ ၂ ဦးကို စစ္ေကာင္စီတပ္ကဖမ္းဆီးၾကၿပီး ယင္းေန႔မွာပဲ ေသနတ္နဲ႔ပစ္သတ္ၾကတာလို႔သိရပါတယ္။

အေလာင္းျပန္လည္ေတြ႕ရွိပုံကေတာ့ ယမန္ေန႔ ဧၿပီ ၁၇ ရက္က ၿခံပိုင္ရွင္တစ္ဦးၿခံထဲၾကည့္ရႈစဥ္ အႏွံ႔ဆိုးရတာေၾကာင့္ ရွာေဖြၾကည့္ရာ ၿခံအနီးမွာ ေျမပုံထားတာေတြ႕ရွိပါတယ္။ ၎က ရိေခၚဒါရ္ၿမိဳ႕ရပ္မိရပ္ဖကိုအေၾကာင္းၾကားရာ ဒီေန႔ ဧၿပီ ၁၈ ရက္မနက္ပိုင္းက ျပန္လည္တူးယူၿပီး အေလာင္းကို ၄င္းတို႔ ဇာတိ႐ြာသို႔ပို႔ေဆာင္ၿပီး သၿဂိဳလ္ၾကပါတယ္။

အေလာင္းသြားေဖာ္စဥ္လိုက္ပါသူတစ္ဦးက “က်င္းကို ၂ ေပေလာက္တူးၿပီး တစ္က်င္းထဲမွာေျမျမဳပ္ၾကတယ္။ ႐ုပ္ကေတာ့မမွတ္မိႏိုင္ေလာက္ေအာင္ပ်က္စီးသြားၿပီ။ ဘယ္လိုအတည္ျပဳႏိုင္တာလဲဆိုရင္ တစ္ေယာက္က ဆံပင္ရွည္တဲ့သူပါတယ္။ ေနာက္ျပန္သိတာကေတာ့ စစ္ေကာင္စီဖမ္းဆီးၿပီးျပန္လြတ္လာတဲ့ ၂ ဦးက တိုက္ပြဲျဖစ္တဲ့ေန႔ မနက္ပိုင္းမွာပဲ ေတာင္ေပၚမွာ ေသနတ္သံ ၂ ႀကိမ္ၾကားတယ္တဲ့။ ျဖစ္ႏိုင္ေျခရွိတာက သူတို႔ကို ေတာထဲေခၚသြားၿပီး က်င္းတူးခိုင္းမယ္ၿပီးေတာ့ ပစ္သတ္သြားတဲ့သေဘာျဖစ္မယ္ေပါ့” လို႔ေျပာပါတယ္။

CNDF ရဲေဘာ္ေတြရဲ႕အေလာင္းကို ရိေခၚဒါရ္ၿမိဳ႕အမွတ္ ၂ ရပ္ကြက္ သၤခ်ိဳင္းကုန္းသစ္နားမွာေတြ႕ရွိတာျဖစ္ပါတယ္။ အသတ္ခံရတဲ့ CNDF ရဲေဘာ္ေတြဟာ အသက္ ၂၄ ႏွစ္အ႐ြယ္တစ္ဦးျဖစ္ၿပီး ၎တြင္ ကိုယ္ဝန္ေဆာင္ေနတဲ့ ဇနီးက်န္ရစ္ခဲ့ပါတယ္။ တစ္ေယာက္ကေတာ့ အသက္ ၃၀ ဝန္းက်င္ျဖစ္ၿပီး မိဘေတြမရွိေတာ့တာေၾကာင့္ ေဆြမ်ိဳးေတြထံမွာေနထိုင္တယ္လို႔သိရတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်