ချင်းပြည်နယ်၊ မင်းတပ်-မတူပီလမ်းကြား ၉ မိုင်ဝန်းကျင်မှာ ဖေဖော်ဝါရီ ၇ ရက်က အာဏာသိမ်းစစ်ကောင်စီတပ်တွေ လက်နက်ကြီးရမ်းသမ်းပစ်ခတ်လို့ လျှိုမြောင်းထဲပုန်းအောင်းစစ်ရှောင်နေတဲ့ ၇ တန်းကျောင်းသားတစ်ယောက် လက်နက်ကြီးထိမှန်ပြီး နေရာတွင်သေဆုံးသွားတယ်လို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးသတင်းအဖွဲ့က ဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ မတူပီမြို့ကနေ ဇန်နဝါရီလ ၂၄ ရက်ကပြန်ဆင်းလာပြီး ၁၆ ရက်အကြာ ဖေဖော်ဝါရီ ၈ ရက်တွင် သံချပ်ကာ ၂ စီး၊ စစ်ကား ၈၃ စီးနဲ့အတူ မင်းတပ်မြို့ထဲသို့ဝင်လာနိုင်ပါတယ်။
မတူပီ-မင်းတပ်ကြားကားလမ်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ CDF-MINDAT တို့ဟာ ၁၅ ကြိမ်လောက်တိုက်ပွဲဖြစ်ပွားပြီး ချန်းပြန်းရွာနဲ့ မိုင်တိုင် ၇၀ ထိ CDF-Matupi တို့နဲ့လည်းတိုက်ပွဲအကြိမ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ မနေ့ ဖေဖော်ဝါရီ ၈ ရက်ကလည်း မင်းတပ်မြို့ စစ်တပ်အခြေစိုက်တပ်ကုန်းကနေ ကျေးရွာဘက်ကို အဝေးပစ်လက်နက်ကြီးတွေနဲ့ အကြိမ်ကြိမ်ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် ပြည်သူတွေထိခိုက်သေဆုံးမှုမရှိဘူးလို့သိရတယ်။
Zawgyi
စစ္ေကာင္စီတပ္က လက္နက္ႀကီးရမ္းသမ္းပစ္ခတ္လို႔ မင္းတပ္ၿမိဳ႕နယ္မွာ ၇ တန္းကေလးေသဆုံး
ခ်င္းျပည္နယ္၊ မင္းတပ္-မတူပီလမ္းၾကား ၉ မိုင္ဝန္းက်င္မွာ ေဖေဖာ္ဝါရီ ၇ ရက္က အာဏာသိမ္းစစ္ေကာင္စီတပ္ေတြ လက္နက္ႀကီးရမ္းသမ္းပစ္ခတ္လို႔ လွ်ိဳေျမာင္းထဲပုန္းေအာင္းစစ္ေရွာင္ေနတဲ့ ၇ တန္းေက်ာင္းသားတစ္ေယာက္ လက္နက္ႀကီးထိမွန္ၿပီး ေနရာတြင္ေသဆုံးသြားတယ္လို႔ မင္းတပ္ၿမိဳ႕နယ္ျပည္သူ႔အုပ္ခ်ဳပ္ေရးသတင္းအဖြဲ႕က ဒီကေန႔ထုတ္ျပန္လိုက္ပါတယ္။
အာဏာသိမ္းစစ္ေကာင္စီတပ္ေတြဟာ မတူပီၿမိဳ႕ကေန ဇန္နဝါရီလ ၂၄ ရက္ကျပန္ဆင္းလာၿပီး ၁၆ ရက္အၾကာ ေဖေဖာ္ဝါရီ ၈ ရက္တြင္ သံခ်ပ္ကာ ၂ စီး၊ စစ္ကား ၈၃ စီးနဲ႔အတူ မင္းတပ္ၿမိဳ႕ထဲသို႔ဝင္လာႏိုင္ပါတယ္။
မတူပီ-မင္းတပ္ၾကားကားလမ္းတြင္ အာဏာသိမ္းစစ္ေကာင္စီတပ္နဲ႔ CDF-MINDAT တို႔ဟာ ၁၅ ႀကိမ္ေလာက္တိုက္ပြဲျဖစ္ပြားၿပီး ခ်န္းျပန္း႐ြာနဲ႔ မိုင္တိုင္ ၇၀ ထိ CDF-Matupi တို႔နဲ႔လည္းတိုက္ပြဲအႀကိမ္ႀကိမ္ျဖစ္ပြားခဲ့ပါတယ္။
အာဏာသိမ္းစစ္ေကာင္စီတပ္ေတြဟာ မေန႔ ေဖေဖာ္ဝါရီ ၈ ရက္ကလည္း မင္းတပ္ၿမိဳ႕ စစ္တပ္အေျခစိုက္တပ္ကုန္းကေန ေက်း႐ြာဘက္ကို အေဝးပစ္လက္နက္ႀကီးေတြနဲ႔ အႀကိမ္ႀကိမ္ရမ္းသမ္းပစ္ခတ္ခဲ့ေပမယ့္ ျပည္သူေတြထိခိုက္ေသဆုံးမႈမရွိဘူးလို႔သိရတယ္။