စစ်ကောင်စီသတ်ဖြတ်ပြီး လမ်းဘေးမှာပစ်ထားတဲ့အမည်မသိအလောင်းမှာ CNF တပ်ကဆရာဝန်ဖြစ်နေ

ချင်းပြည်နယ်၊ ဖလမ်းမြို့ လုံပီးရပ်ကွက် (ယခင်ရီလ်သီးရွာ)အတွင်း မနေ့ အောက်တိုဘာ ၂၃ ရက်က အမည်မသိလောင်းတွေ့ရှိပြီး ယင်းအလောင်းဟာ CNF တပ်က ဆရာဝန် ဆေးကျောင်းသား အာဇာနည်သူရဲကောင်း ကိုနိုင်ထူးလွင်(၂ဝနှစ်ခန့်) ဖြစ်ကြောင်း သတင်းရရှိပါတယ်။

အလောင်းကို မနေ့က CNDF တပ်ဖွဲ့တွေက မိုင်းရှင်းလင်းနေစဉ် အပုပ်နံ့ရလို့လိုက်ရှာကြည့်ရာလမ်းဘေးတွင် ဦးခေါင်းမှာအရိုးသာကျန်ပြီး ခန္ဓာကိုယ်ပုပ်ပွနေတဲ့ အမျိုးသားအလောင်းတွေ့ရှိပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ အောက်တိုဘာ ၁၃ ရက်က ဖလမ်းမြို့ကနေ ဟားခါးဘက်သို့ထွက်လာပြီး ရီလ်သီးအနီးမှာ ပစ်ခတ်မှုတွေဖြစ်ပွားပြီး နောက်နေ့တွင် ဟားခါးဘက်သို့ဆက်လက်ချီတက်ကြပါတယ်။

CNF ပြောခွင့်ရပုဂ္ဂိုလ် ဆလုင်းထက်နီက “သူက မကွေးတိုင်းကနေလာတယ်။ သူက ဆေးကျောင်း နောက်ဆုံးနှစ်ကျောင်းသားပါ။ စခန်းမှာ သင်တန်းလာတက်တယ်။ သူက ဒေါင်ကောင်းပြီး ရုပ်ရည် သန့်သန့်ပြန့်ပြန့်လေးပါ။ ဖလမ်းအနီးတိုက်ပွဲမှာ သူလည်းတပ်သားတွေ ဒဏ်ရာရတဲ့သူရှိရင်ဆေးကုပေးဖို့လိုက်သွားတယ်။ တိုက်ပွဲဖြစ်တော့ လူငယ်တွေနဲ့အတူမပါလာတော့ဘူး။ တစ်ကြိမ်ဖုန်းဆက်တော့ ကိုင်တယ်။ နောက်တစ်ကြိမ်ဆက်တော့ ဖုန်းမကိုင်တော့ဘူး။ စစ်ကောင်စီတပ်က ဖမ်းပြီးသတ်တာနေမယ်” လို့ပြောပါတယ်။

အာဇာနည်သူရဲကောင်း ဆေးကျောင်းနောက်ဆုံးနှစ် ကိုနိုင်ထူးလွင်ရဲ့အလောင်းကို အောက်တိုဘာ ၂၃ ရက်နေ့က မြေမြုပ်သဂြိုလ်ကြပါတယ်။

Zawgyi

စစ္ေကာင္စီသတ္ျဖတ္ၿပီး လမ္းေဘးမွာပစ္ထားတဲ့အမည္မသိအေလာင္းမွာ CNF တပ္ကဆရာဝန္ျဖစ္ေန

ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕ လံုပီးရပ္ကြက္ (ယခင္ရီလ္သီးရြာ)အတြင္း မေန႔ ေအာက္တိုဘာ ၂၃ ရက္က အမည္မသိေလာင္းေတြ႔ရွိၿပီး ယင္းအေလာင္းဟာ CNF တပ္က ဆရာဝန္ ေဆးေက်ာင္းသား အာဇာနည္သူရဲေကာင္း ကိုႏိုင္ထူးလြင္(၂၀ႏွစ္ခန္႔) ျဖစ္ေၾကာင္း သတင္းရရွိပါတယ္။

အေလာင္းကို မေန႔က CNDF တပ္ဖြဲ႔ေတြက မိုင္းရွင္းလင္းေနစဥ္ အပုပ္နံ႔ရလို႔လိုက္ရွာၾကည့္ရာလမ္းေဘးတြင္ ဦးေခါင္းမွာအရိုးသာက်န္ၿပီး ခႏၶာကိုယ္ပုပ္ပြေနတဲ့ အမ်ဳိးသားအေလာင္းေတြ႔ရွိပါတယ္။

အၾကမ္းဖက္စစ္ေကာင္စီတပ္ေတြဟာ ေအာက္တုိဘာ ၁၃ ရက္က ဖလမ္းၿမိဳ႕ကေန ဟားခါးဘက္သို႔ထြက္လာၿပီး ရီလ္သီးအနီးမွာ ပစ္ခတ္မႈေတြျဖစ္ပြားၿပီး ေနာက္ေန႔တြင္ ဟားခါးဘက္သို႔ဆက္လက္ခ်ီတက္ၾကပါတယ္။

CNF ေျပာခြင့္ရပုဂၢိဳလ္ ဆလုင္းထက္နီက “သူက မေကြးတိုင္းကေနလာတယ္။ သူက ေဆးေက်ာင္း ေနာက္ဆံုးႏွစ္ေက်ာင္းသားပါ။ စခန္းမွာ သင္တန္းလာတက္တယ္။ သူက ေဒါင္ေကာင္းၿပီး ရုပ္ရည္ သန္႔သန္႔ျပန္႔ျပန္႔ေလးပါ။ ဖလမ္းအနီးတုိက္ပြဲမွာ သူလည္းတပ္သားေတြ ဒဏ္ရာရတဲ့သူရွိရင္ေဆးကုေပးဖို႔လိုက္သြားတယ္။ တိုက္ပြဲျဖစ္ေတာ့ လူငယ္ေတြနဲ႔အတူမပါလာေတာ့ဘူး။ တစ္ၾကိမ္ဖုန္းဆက္ေတာ့ ကိုင္တယ္။ ေနာက္တစ္ၾကိမ္ဆက္ေတာ့ ဖုန္းမကိုင္ေတာ့ဘူး။ စစ္ေကာင္စီတပ္က ဖမ္းၿပီးသတ္တာေနမယ္” လို႔ေျပာပါတယ္။

အာဇာနည္သူရဲေကာင္း ေဆးေက်ာင္းေနာက္ဆံုးႏွစ္ ကိုႏိုင္ထူးလြင္ရဲ႕အေလာင္းကို ေအာက္တိုဘာ ၂၃ ရက္ေန႔က ေျမျမဳပ္သျဂိဳလ္ၾကပါတယ္။

 

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်