စစ်ကောင်စီ၏ ရမ်းသမ်းပစ်ခတ်မူကြောင့် မိန်းကလေး(၁)ဦးသေဆုံး၊ (၁)ဦး ဒဏ်ရာရ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့၊ ရင်းကဲကျေးရွာအား အကြမ်းဖက်စစ်ကောင်စီ၏ ရမ်းသမ်းပစ်ခတ်မူကြောင့် (၁၂) နှစ်အရွယ် မိန်းကလေးငယ် တစ်ဦး သေဆုံးပြီး၊ ပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု မြေပြင်ဒေသရင်းမြစ်ထံက သိရှိရသည်။

မကွေးတိုင်း၊ လောင်းရှည်မြို့နယ်ဖက်မှ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သို့ ရိက္ခာလာပို့သည့် တင့်ကားနှစ်စီးပါ စစ်ယာဉ်တန်း ၃၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်းအား (၃၀၀)ဝန်းကျင်နဲ့ CDF ကန်ပက်လက်တို့ ရင်းကဲကျေးရွာအနီးတွင် ထိတွေမူဖြစ်ခဲ့သည်ဟု ခေါနူးတပ်ရင်းက ဆိုသည်။

အိမ်ခြေ (၃၀၀)ခန့်ရှိ ရင်းကဲကျေးရွာအား စစ်ကောင်စီက လက်နက်ကြီးများ ပစ်ခတ်၍ လူနေအိမ်များ မီးလောင်ပြီး မီးဘေးသင့်ပြည်သူအား အရေးပေါ် ကူညီရန် အဖွဲ့အစည်းများ လိုအပ်နေဟု သိရှိရသည်။

ကန်ပက်လက်မြို့တွင်း စစ်ကောင်စီ အထိုင်စခန်းအား ဇူလိုင် (၁၃) ရက်နေ့က ချင်းကာကွယ်ရေးတပ်ဖွဲ့-ကန်ပက်လက်နဲ့ညောင်းဦးခရိုင်တပ်ရင်း(၂) ပူးပေါင်းတပ်ဖွဲ့တို့မှ နှစ်ကြိမ်တိုင်တိုက်ခိုက်ပြီး တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်