စစ်ကောင်စီ ဝန်ထမ်းများလစာထဲကနှုတ်ပြီး  လျှပ်စစ် မီတာခကို ကောက်ခံတယ်လို့သိရ

ချင်းလေး ၊ အောက်တိုဘာ၊ ၁၇၊ ၂၀၂၃

Zalen

စက်တင်ဘာလကစပြီး ဖလမ်းမြို့စစ်ကောင်စီ ဝန်ထမ်းတွေရဲ့ လစာထဲက နှုတ်ပြီး လျှပ်စစ်မီတာခကို စတင် ကောက်ခံနေပြီလို့ သိရပါတယ်။

ဖလမ်းမြို့ စစ်ကောင်စီရုံးဌာန အချိူ့ဝန်ထမ်းတွေကို အရင်မီတာခ အကြွေးတွေကို လစာထုတ်ရင် လစာထဲကပြန် အရစ်ကျနဲ့ နှုတ်တယ်လို့သိရတယ်။

Zalen ad

စစ်ကောင်စီဝန်ထမ်းတစ်ဦးက “ ၂၀၂၂ကတည်းက ကျနော်တော့ စ‌ပြီး ပေးတယ်။ အရင်အကြွေးတွေကိုတော့ အရစ်ကျ ရှစ်သောင်းပေးလိုက်၊ လေးသောင်းဆပ်လိုက်နဲ့ အခုတော့ လက်ရှိ မီတာခ ကိုပဲ ပေးသွင်းတာ ကျနော်တို့ဌာန မှာတော့ အချို့ဝန်ထမ်းတွေကို လရစ်နဲ့ နှစ်သောင်းစီ နုတ်တာလည်း ရှိတယ်။ အာ့ထက်ပေးဖို့ အဆင်ပြေတဲ့သူကျ ပိုပြီး ပေးကြတယ် ” လို့ ပြောပါတယ်။

ဖလမ်းမြို့ခံတစ်ဦးက“ဝန်ထမ်းတွေ အရင် စကောက်မယ်လို့ပဲ သိရတာပြည်သူတွေကိုလဲ နောက်မှကောက်မယ်လို့ ပြောသံကြားတယ်။ အခုလောလောဆယ်တော့ မီတာရုံးမှာ သွားဆောင်တယ်။ အရင် အာဏာသိမ်းပြီး ကတည်းက မဆောင်ကြတော့တာလေ။ အခု ဩဂုတ်လထိ အရင်မဆောင်တဲ့ လစဉ် အကြွေးတွေကို ပါ မီတာရုံးက တွက်ချက်ပေးပြီးမှ သုံးလရစ်ကျ နှစ်လ အရစ်ကျ အာ့လိုဆောင်‌ေနရတယ်။ အချို့ဝန်ထမ်းမဟုတ်တဲ့ စားသောက်ဆိုင်တွေကျတော့လဲ မနှစ်ကတည်းကနေ ပုံမှန်ဆောင်ကြတာမျိူးရှိတယ်။ အကြွေးတွေ သိပ်မများတော့ဘူးပေါ့” လို့ ပြောပါတယ်။

ကလေးမြို့မှာ စက်တင်ဘာလကစပြီး မီတာမဆောင်ရင် မီတာဘောက်တွေ သိမ်းမယ်လို့ သတိပေးနေတာတွေကြားရပြီး  နောက်ပိုင်း ဖလမ်းမှာလဲ မီတာခ ဆောင်တဲ့ သူတွေ ရှိလာတယ်လို့ သိရပါတယ်။

ဖလမ်းမြို့ဒေသခံတစ်ဦးက “အာဏာသိမ်း လကတည်းက မဆောင်တော့တာလေ။ တစ်ခါတလေလျှပ်စစ်ရုံးဝန်ထမ်းတွေ မီတာဘောက်စစ်ပြီး မီတာ ဖတ်သွားတာမျိူးတော့ ရှိတယ်။ ဟိုတစ်လက ကလေးမှာ မီတာ မဆောင်လို့ မီတာဘောက်သိမ်းတာမျိူး သတင်းကြားတယ်။ ရုံးမှာ  အရင်အကြွေးတွေကိုလဲ တွက်ပြတယ်။ ၁၂သိန်း လောက်ကျတယ်။ အရစ်ကျ ‌ဆောင်လို့ရတော့ အဆင်ပြေသေးတယ်။ မီတာရုံးကတော့ မီတာခကို အတင်းဆောင်ခိုင်းတာမျိူး မရှိဘူး။ ဆောင်တဲ့လူ တွေ ရှိတယ်။ မြို့မှာ တော်တော်များများတော့ မဆောင်တာများသေးတယ်” လို့ ပြောပါတယ်။

နောက်ဆုံးရသတင်းများ

ဗာတီကန်မှာ ရဟန်းမင်းကြီးနဲ့ ကလေးသာသနာပြုနယ် ဆရာတော်ကြီးတို့ တွေ့ဆုံ

ဇွန် ၈၊ ၂၀၂၆Zalen ကမ္ဘာ့ကက်သလစ်အသင်းတော်ရဲ့ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) (Pope Leo XIV) နဲ့ မြန်မာနိုင်ငံ၊ ကလေးကက်သလစ်သာသနာပြုနယ် (Kalay Diocese) ရဲ့ ဆရာတော်ကြီး အပါအဝင် မြန်မာ ခရစ်ယာန်ဘုန်းတော်ကြီးတွေဟာ ...

ဆက်ဖတ်ရန်