စစ်အာဏာရှင်ကိုဆန့်ကျင်သော လူငယ်များဦးဆောင်သည့် Move Forward ပါတီက ထိုင်းရွေးကောက်ပွဲတွင် အနိုင်ရ

ထိုင်းနိုင်ငံရွေးကောက်ပွဲတွင် စစ်အာဏာရှင်ကိုဆန့်ကျန်သော လူငယ်များ ဦးဆောင်သည့် Move Forward Party-MFP ပါတီက မဲအများဆုံးဖြင့် အနိုင်ရရှိကြောင်းထိုင်းရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

ယနေ့ မေ ၁၅ ရက်၊ နံနက် ၁၀ နာရီအထိ စာရင်းများအရ MFPက မဲအရေအတွက် အများဆုံး ၁၄သန်းနှင့် ထိပ်ဆုံးကဦးဆောင်နေပြီး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ သမီးဖြစ်သူ ပေထုံထန်ရှင်နာဝပ် ဦးဆောင်သည့်  Pheu Thai-ဖျူထိုင်းပါတီက မဲ ၁၀ သန်းကျော်နှင့် ဒုတိယနေရာတွင် ရပ်တည်နေသည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဉပဒေအရ အထက်လွှတ်တော် ၂၅၀ နေရာကို စစ်တပ်ကတိုက်ရိုက်ရွေးချယ်တင်မြှောက်ပြီး အောက်လွှတ်တော် ၅၀၀ နေရာကို ရွေးကောက်ပွဲကစစ်တပ်ရွေးချယ်ခြင်းလည်းဖြစ်သည်။

ထို့ကြောင့် အရပ်သားများဦးဆောင်ပြီး ညွန့်‌ပေါင်းအစိုးရဖွဲ့နိုင်ရေးသည် အထက်လွှတ်တော်၊ အောက်လွှတ်တော်နှစ်ခုအမတ်စုစုပေါင်းဦးရေ၏ ထက်ဝက်ကျော် ၃၇၆ နေရာရရှိရန်လိုအပ်သည်။

စစ်တပ်ကျောထောက်နောက်ခံပါတီများဖြစ်သည့် လက်ရှိဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာဦးဆောင်သည့် United Thai Nation Party ပါတီနှင့် ဒုတိယဝန်ကြီးချုပ် ပရာဝတ်ဦးဆောင်သည့် BhumJaiTai ပါတီများမှာ မျှော်မှန်းထားသည်မဲရလဒ်ကို မရရှိခဲ့ဟု ထိုင်းရွေးကောက်ပွဲစောင့်ကြည့်သူများကဆိုကာ စစ်တပ်အတိုက်အခံအဖြစ်ရပ်တည်သည့် ဒီမိုကရေစီအင်အားစုပါတီများ အသာစီးရနေခြင်းဖြစ်သည်ဟု ထိုင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ တစ်ဦး ကလည်း ပြောသည်။

Move Forward ပါတီသည် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ လက မြန်မာစစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်းထုတ်ပြန်ခဲ့သလို မဲဆောက်တွင် ဆေးကုရန်လာရောက်သည့် PDF တပ်ဖွဲ့ဝင်သုံးဦးကို ထိုင်းရဲနှင့် တောမောင်း(လဝက)များက ဖမ်းဆီးခဲ့သည့်ကိစ္စနှင့်ပတ်သတ်ပြီး လက်ရှိထိုင်းအစိုးရအာဏာပိုင်များကို ကန့်ကွက်စာထုတ်ပြန်ခဲ့ဖူးသည်။

ဒီမိုကရေစီပါတီများ အနိုင်ရပြီး အစိုးရဖွဲ့နိုင်လျှင် မြန်မာနိင်ငံကပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုအကူညီနှင့် အခြားမူဝါဒအပြောင်းအလဲများ ရှိနိင်သည်ဟု ထိုင်း-မြန်မာအရေး လေ့လာသူများက သုံးသပ်ထားသည်။

အောက်လွှတ်တော် ရွေးကောက်ခံကိုယ်စားလှယ်နေရာ ၅၀၀ ရှိသည့်အနက် MFPပါတီက ၁၅၁နေရာအနိုင်ရထားပြီး Pheu Thai ပါတီက ၁၄၁တစ်နေရာနှင့် ဒုတိယအများဆုံးရပ်တည်နေသည်ဟု ထိုင်းရွေးကောက်ပွဲကော်မရှင် ဥက္ကဌ Ittiporn Boonprakon က ယနေ့နံနက်ပိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသော်လည်း ရွေးကောက်ပွဲရလဒ်စာရင်းကိုမူ ကော်မရှင်ဘက်က တရားဝင် ထွက်ပြန်လာသေးခြင်းမရှိသေးပေ။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်