စစ်အာဏာသိမ်းပြီးနောက် သတ်ဖြတ်ခံရသူ စုစုပေါင်း (၄၀၉၂) ဦးထိရှိလာ

စက်တင်ဘာ ၂၀၊၂၀၂၃

စစ်ကောင်စီက အာဏာသိမ်းခဲ့သည့် ရက်ပေါင်း (၉၆၁)ရက်အတွင်း မြန်မာနိုင်ငံတဝှမ်းလုံးတွင် သတ်ဖြတ်ခံရသူ ပြည်သူ စုစုပေါင်း (၄၀၉၂) ဦးအထိ ရှိလာကြောင်း နိုင်ငံရေးအကျဥ်းသားစောင့်ရှောက်အသင်း (Assistance Association for Political prisoners – AAPP) က ယမန်နေ့ စက်တင်ဘာ ၁၉ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။

ဖမ်းဆီးခံခဲ့ရသူဦးရေ စုစုပေါင်း (၂၄၈၀၇) ဦးရှိကာပြန်လည်လွတ်မြောက်လာသူ (၅၅၆၉) ဦး ရှိပြီး ထိန်းသိမ်းခံရသူ (၁၉၂၃၈) ဦးထိရှိကြောင်း AAPP ကဖော်ပြထားသည်။

အာဏာသိမ်းပြီးနောက် ကြိုးတိုက်အကျဉ်းသား စုစုပေါင်း (၁၀၇) ဦးရှိပြီး တိုးတိတ်စွာ ပြစ်ဒဏ်ချခံရသူ (၁၁၉) ဦးရှိကာ ၎င်းတို့အနက် (၄၃) ဦးကို သေဒဏ်ချမှတ်ခြင်းခံခဲ့ရ၍ သေဒဏ်ကျခံရသူ စုစုပေါင်း (၁၅၀) ဦးထိရှိကြောင်းနှင့် လူပေါင်း (၅,၅၆၉) ဦး လွတ်မြောက်ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။

နောက်ဆုံးရသတင်းများ

ထန်တလန်မြို့နယ်အတွင်းရှိကျောင်းများအကန့်အသတ်မရှိပိတ်ထားကြရန်အသိပေး

အောက်တိုဘာလ ၃၀၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိစာသင်ကျောင်းများကို အကန့်အသတ်မရှိပိတ်ထားကြရန် CDF-Thangtlang ၊ ပညာရေးဌာနက အောက်တိုဘာ ၂၉ ရက်မှာအသိပေး ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လူနေအိမ်နဲ့စာသင်ကျောင်းများကိုနေ့စဉ်ဗုံးကြဲနေတာကြောင့် ထန်တလန်မြို့နယ် အတွင်းရှိ အထက်တန်း၊ ...

ဆက်ဖတ်ရန်