ဆိုက်တွဲယာဉ်တစ်စီးက လမ်းဘေးရပ်ထားတဲ့ ခရီးသယ်တင်ယာဉ်ကိုဝင်တိုက်၍ တစ်ဦးဒဏ်ရာရ

Biak Rem Thang

ကလေးမြို့ ဗိုလ်ချုပ်လမ်းပေါ်တွင် ကလေး-ခမ်းပတ်ပြေးဆွဲတဲ့ ABC ခရီးသယ်တင်ယာဉ်တစ်စီး ရပ်နားစဉ် ဆိုက်တွဲယာဉ်(ဆိုင်ကယ်ဘေးတွင် ဆိုက်ကားလိုပစ္စည်းတင်ဖို့တပ်ဆင်ထားတဲ့ယာဉ်) တစ်စီးက အနောက်ကနေ ဝင်တိုက်ရာ ဆိုက်တွဲယာဉ်မောင်းတစ်ဦးဒဏ်ရာရရှိသွားတယ်လို့သတင်းရရှိပါတယ်။

ဒီနေ့ ညနေ ၃ နာရီကျော်တွင် နှင်းသက်သက်ဝေ စတိုးဆိုင်အနီး ကိမ်းတိုက်ဆေးဆိုင် ရှေ့တွင် အခုလိုဖြစ်ပွားခဲ့တာပါ။

ABC ယာဉ်ပေါ်တွင် လိုက်ပါလာတဲ့ ခရီးသည် တဦး က”ကျနော်ဆေးဝယ်မယ်လို့ပြောပြီး ကား ရပ်ပေးလိုက် တာ တမီနစ် တောင် ကြာမယ်လာ မသိဘူး။ အခုလိုဖြစ်သွားတယ်” လို့ ပြောပါတယ်။

ABC ခရီးသယ်တင်ယာဉ်ဟာ အနောက် မှန် အကုန်လုံး နီးပါးကွဲပြီး ဆိုက်တွဲ ယာဉ်မောင်းကတော့ နှုတ်ခမ်းတွင်သွေးထွက်နေတာတွေ့ရပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်