ဆေးခန်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲဝင်တစ်ဦးဆုံး

၂၈၊ဩဂုတ်၊၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊ ကလေးမြိုနယ်မြောက်ပိုင်း စော်ဘွားရေရှင်ကျေးရွာအနီး ဇိုလဲန်ရွာရှိ ဆေးခန်းကို စစ်ကောင်စီတပ်က ယမန်နေ့ ဩဂုတ်လ ၂၇ရရက်နေ့ ညနေ ၃နာရီဝန်းကျင်မှာ ‌ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲတစ်ဦးကျဆုံးခဲ့ကာ သုံးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို သိရပါတယ်။

“ကျောင်းကို ဆေးခန်းအနေနဲ့ ယာယီဖွင့်ထားတာပါ။ သတင်းပေါက်ကြားတာထင်တယ်။ ပေါင်၅၀၀ဗုံးလာကြဲသွားတယ်။ လူနာစောင့်ရဲဘော်တစ်ဦးကတော့ ပွဲချင်းပြီးကျသွားတယ်”လိုကာကွယ်ရေးတပ်ဖွဲဝင်တစ်ဦးကပြောပါတယ်။

Zalen ad

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီကအကြောင်းမယ့် လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇိုလဲန်ရွာရှိ စာသင်ကျောင်းအ‌ဆောက်အဦးပျက်စီးခဲ့ပြီး ပြီးခဲ့တဲ့ ဩဂုတ်လ ၂၀ရက်နေ့မှာလည်း ကလေးမြောက်ပိုင်းရှိ လက်ပံချောင်းရွာထဲကို အကြောင်းမဲ့ဗုံးကြဲခဲ့တာလည်းဖြစ်ပါတယ်။

သတင်း- Sai Sai

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက အိန္ဒိယ-မြန်မာနယ်စပ် အမှတ်(၁) ကုန်သွယ်ရေးလမ်းကို ပြန်လည်ရရှိရေး အပြင်းအထန်ကြိုးစားနေဆဲ

ဇွန်  ၁၂၊ ၂၀၂၆ Zalen စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ်၊ အမှတ်(၁) ကုန်သွယ်ရေးလမ်း ကလေး-တမူး လမ်းပိုင်းကို ပြန်လည်ရရှိရေး အပြင်းအထန်ကြိုးစားနေတယ်လို့ ဒေသသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၈ရက်နေ့ကနေစပြီး တမူးမြို့အခြေစိုက် စစ်ကောင်စီတပ်က ...

ဆက်ဖတ်ရန်