တန့်ဆည်မြို့မှာ စစ်ကောင်စီတပ်က နေအိမ်နဲ့စျေးဆိုင်တွေကို မီးရှို့ပြီး ဒေသခံ ၂၀ ကျော် ဖမ်းဆီးထား

၂၆၊ အောက်တိုဘာ၊ ၂၀၂၃

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မှာ စစ်ကောင်စီတပ်က တန့်ဆည်စျေးကို ဝင်ရောက်စီးနင်းပြီး နေအိမ်နဲ့ စျေးဆိုင်တချို့ကို မီးရှို့ခဲ့သလို အပြစ်မဲ့ ဒေသခံပြည်သူ နှစ်ဆယ်ကျော်ကိုလည်း စစ်ကောင်စီတပ်က  ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၂၅ရက်နေ့ မနက်ပိုင်းက မြို့တွင်းက ကားဂိတ်၊ လက်ဖက်ရည်ဆိုင်၊ ဘော်ဒါဆောင် တည်းခိုခန်းနဲ့ နေအိမ် စုစုပေါင်း ၄ နေရာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“ အဖမ်းခံရတာက နှစ်ဆယ်ကျော်လောက်ရှိတယ်။ သူတို့က လမ်းသွားလမ်းလာလည်း ဖမ်းထားတယ်။ အခုက သူတို့ မြို့တွင်းမှာ စစ်ကြောင်းလည်း ရောက်နေတာဆိုတော့ အင်အားများတယ်။ သူက လူတွေအကုန်လုံး PDF တွေ၊ PDF နဲ့ ပတ်သက်တဲ့ သူတွေလို့ ထင်ပြီး အကုန်ကို ဖမ်းနေတော့တာ။ အဖမ်းခံရသူတွေကိုလည်း ပိုက်ဆံနဲ့ လာရွေးရမယ်လို့ ပြောသံလည်း ကြားတယ်ဗျ။ ” လို့ တန့်ဆည်မြို့ခံတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေကို တစ်ယောက် ငွေသိန်း ၈၀နဲ့ လာရွေးရင် ပြန်လွတ်ပေးမယ်လို့ စစ်ကောင်စီတပ်က ပြောဆိုကြောင်း ဒေသခံတွေက ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့အဝိုင်းနဲ့ စျေးထဲမှာ လုံခြုံရေးတင်းကြပ်ကာ နေရာယူထားတာကြောင့် တန့်ဆည်စျေးကို လာသူမရှိသလောက်ဖြစ်နေတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် မီးရှို့ချိန်အတွင်းမှာပဲ ဒေသခံ ၂၇ ဦးထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး သူတို့ စခန်းချတဲ့ မြို့တွင်း ဘောလုံးကွင်းမှာ ဖမ်းဆီးထားတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ တန့်ဆည်မြို့၊ မဟာမြိုင်ရပ်ကွက်ထဲက နေအိမ်တချို့ကို ဝင်ရောက်စီးနင်းရှာဖွေတာတွေ ပြုလုပ်သွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ချစ်ခြင်းနွေ

နောက်ဆုံးရသတင်းများ

လူသတ်ဓားပြတိုက်ပြီး မူးယစ်ဆေးဖြန့်နေတဲ့ CDF တွေကို နှိမ်နင်းမယ်လို့ အိန္ဒိယနယ်​ခြားစောင့် အကြီးအကဲပြောဆိုတဲ့ သတင်းအမှား

============== ဇန်နဝါရီလ ၁၂ရက်၊ ၂၀၂၅ ခုနှစ် Zalen အိန္ဒိယနိုင်ငံအတွင်း ခိုး၀င်ပြီး လူသတ်ဓါးပြတိုက် မူးယစ်ဆေးဖြန့်နေတဲ့ ချင်းကာကွယ်ရေးတပ်(CDF)တွေကို နှိမ်နင်းမယ်လို့ အိန္ဒိယနယ်​ခြားစောင့် အကြီးအကဲပြောဆိုတဲ့ သတင်းကို စစ်ကောင်စီဝါဒဖြန့်  Kyaw Swar အမည်ရှိ တယ်လီဂရမ်ချန်နယ်က ...

ဆက်ဖတ်ရန်