တရုတ်နိုင်ငံသားတွေ လောက်ကိုင်မြို့က အမြန်ဆုံးထွက်ခွာကြဖို့ တရုတ်သံရုံးသတိပေး

၂၉၊ ဒီဇင်ဘာ၊ ၂၀၂၃

Zalen

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့မှာရှိနေတဲ့ တရုတ်နိုင်ငံသားတွေ အမြန်ဆုံးထွက်ခွာဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဒီဇင်ဘာ ၂၈ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။

လောက်ကိုင်မြို့မှာ တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေပြီး အဲဒီမှာ ပိတ်မိနေသူတွေအတွက် လုံခြုံရေး စိုးရိမ်စရာအခြေအနေ မြင့်တက်လာတယ်လို့ တရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။

လောက်ကိုင်မြို့က တရုတ်နိုင်ငံသားတွေ အမြန်ဆုံး နေရာရွှေ့ပြောင်းဖို့ကို မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ထပ်မံ အသိပေးတာပါ။

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ လက်ရှိလုံခြုံရေးအခြေအနေဟာ ဆိုးရွားရှုပ်ထွေးနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာက ပြောဆိုထားပါတယ်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး နှစ်လကျော်အတွင်း ရှမ်းမြောက်ဒေသက မြို့ဆယ်မြို့ကို သိမ်းယူထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၃၀ ကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရသူတွေလည်း အများအပြား ရှိနေတာပါ။

ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ မူဆယ်၊ နမ့်ခမ်း၊ နောင်ချို၊ နမ္မတူမြို့နယ်က ဒေသခံ တစ်သိန်းနီးပါး ဘေးလွတ်ရာမှာ ထွက်ပြေးခိုလှုံနေရတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

HeiSok Khai

နောက်ဆုံးရသတင်းများ

ဩဂုတ်လအတွင်း အမျိုးသမီး ၇၀ ဦး သတ်ဖြတ်ခံရပြီး ချင်းပြည်နယ်က သုံးဦး ပါ၀င်

၄၊စက်တင်ဘာ၊ ၂၀၂၄ Zalen ၂၀၂၄ ခုနှစ် ဩဂုတ်လ တစ်လအတွင်းမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်းက အမျိုးသမီး ၇၀ ဦး သေဆုံးပြီး ၅၉ ဦး ဒဏ်ရာရခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ...

ဆက်ဖတ်ရန်