တိုင်း နဲ့ ပြည်နယ် ယူ-၁၂ ယှဉ်ပြိုင်ဖို့ မင်းတပ်ခရိုင်မှ ကစားသမားများ ရန်ကုန်သို့ဒီကနေ့ထွက်ခွ

၂၀၁၉၊ အောက်တိုဘာ (၁၆)
တိုင်းနဲ့ ပြည်နယ် အသက် (၁၂)နှစ်အောက် ဘောလုံးယှဉ်ပြိုင်ဖို့ မင်းတပ်ခရိုင်မှရွေးချယ်ထားတဲ့ ကစားသမား (၁၆)ဦးတို့ဟာ ဒီနေ့မင်းတပ်ကနေ ရန်ကုန်မြို့သို့ထွက်ခွာကြပါတယ်။

မနှစ်တုန်းက ချင်းပြည်နယ်ကိုယ်စား ယူ-၁၂ သွားရောက်ယှဉ်ပြိုင်တဲ့ မင်းတပ်မြို့နယ်မှ ကစားသမားများဟာ ဆီမီးဖိုင်နယ်တွင် ပယ်နယ်တီနဲ့ မကွေးတိုင်းအသင်းကိုရှုံးသဖြင့် တတိယဆုသာရရှိကြပါတယ်။

မင်းတပ်မြို့တွင် ချင်းပြည်နယ် ယူ-၁၂ အသင်းသားများ လေ့ကျင့်နေကြစဉ်

မင်းတပ်မြို့နယ် အားကာမှူး ဦးတမ်မန်းက “ပြီးခဲ့တဲ့နှစ်က အတွေ့အကြုံနည်းသေးလို့ ပယ်နယ်တီနဲ့ရှုံးသွားတယ်။ ဒီနှစ်တော့ မနှစ်က ကောင်းတဲ့ကလေးတွေများအားဖြစ်ပါတယ်။ ဖလားရမယ်လို့လည်းမှန်းထားတယ်။ ဘာဖြစ်လို့လဲဆိုရင် ပြင်ဆင်ထားတာလည်း နည်းနည်းရှိတယ်လေ” လို့ပြောပါတယ်။

ချင်းပြည်နယ် ယူ-၁၂ အသင်းတွင် မင်းတပ်မြို့နယ်မှ ၁၀ ယောက်၊ မတူပီမြို့နယ်မှ ၆ ယောက်ပါဝင်ပါတယ်။ ကန်ပက်လက်မြို့နယ်မှ ဂိုးသမားရွေးချယ်ခဲ့ပေမယ့်မလိုက်နိုင်ခဲ့ပါတယ်။ လူရွေးချယ်ပွဲတွင် ပလက်ဝမြို့နယ်မှ ၄ ယောက်အရွေးခံပေမယ့် တစ်ယောက်မှရွေးချယ်မခံရပါ။

Zalen ad
ချင်းပြည်နယ် ကိုယ်စားပြု ယူ-၁၂ အသင်း

တိုင်း နဲ့ ပြည်နယ် ယူ-၁၂ ဘောလုံးပွဲကို အောက်တိုဘာ (၂၀)ရက်တွင် စတင်ကစားကြမှာဖြစ်ပါတယ်။ မနှစ်တုန်းက ချင်းပြည်နယ် ယူ-၁၂ အသင်းထဲမှ ကစားသမား ၂ ယောက်ကို ဘောလုံးအကယ်ဒမီကျောင်းတက်ရန် ရွေးချယ်ခဲ့ပေမယ့် နယ်ဝေးသို့မသွားလိုသဖြင့် ဘောလုံးအကယ်ဒမီကျောင်းသို့မတက်ဖြစ်ကြပါ။

နောက်ဆုံးရသတင်းများ

မြန်မာဘက်ခြမ်းမှဝင်လာတဲ့ ကုန်စိမ်းအိတ်တွေထဲကနေ မူးယစ်ဆေးအများအပြားဖမ်းမိ

ဇန်နဝါရီ ၂၆ ၊ ၂၀၂၆Zalen အိန္ဒိယ-မြန်မာနယ်စပ်၊ ရိဒ်ခေါဒါရ်ကနေ ဇိုခေါထာရ်ဘက်ကို တင်သွင်းလာတဲ့ ကုန်စိမ်းအိတ်များထဲမှ မူးယစ်ဆေး အများအပြားဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ဇိုခေါထာရ်ရဲတပ်ဖွဲ့များဟာ ပြီးခဲ့တဲ့သောကြာနေ့တုန်းက နယ်စပ်ဂိတ်ကနေဝင်လာတဲ့ ကုန်စိမ်းအိတ်များကို ရှာဖွေစစ်ဆေးခဲ့ရာ မုန်ညင်းရွက်ထည့်ထားတဲ့ အိတ်ထဲကနေ ဘိန်းဖြူအများအပြားဖမ်းဆီးခဲ့တာ ...

ဆက်ဖတ်ရန်