တီးတိန်မြို့ပေါ် စစ်ကောင်စီကလေကြောင်းဖြင့်ဗုံကြဲတိုက်ခိုက်၊ ဒေသခံတစ်ဝက်နီးပါးတိမ်းရှောင်

၂၇၊မေလ၊၂၀၂၄။

Zalen

ချင်းပြည်နယ်၊တီးတိန်မြို့မှာ ယမန်နေ့ ၂၆ရက် ည ၁၀နာရီဝန်းကျင်ခန့်မှစပြီး ချင်းညီနောင်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီက မြို့ပေါ်ကို လေကြောင်းဖြင့်ဗုံးကြဲခဲ့တယ်လို့သိရပါတယ်။

ယနေ့မနက် ၈ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က တီးတိန်မြို့ပေါ်ကို ဂျက်ဖိုက်တာဖြင့်လေကြောင်းအသုံးပြုဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်။

တီးတိန်မြို့ဒေသခံတစ်ဦးက “ကင်းထောက်လေယာဉ် အရင်လာဝဲတယ်။ ပြီးတော့ ဂျက်ဖိုက်တာနဲ့ တစ်ကြိမ်လာကြဲတာ။ အချိန်က ၈ နာရီ၀န်းကျင်ပါ။ မြို့ထဲ ဘယ်နေရာကြဲတာလဲဆိုတာ အတိကျမသိရသေးဘူး။ တီးတိန်မှာ တိုက်ပွဲပိုစိုးမှာစိုးလို့ လူဦးရေ သုံးပုံတစ်ပုံလောက်က မြို့ထဲကနေ ရှောင်ကြပြီ”လို့ပြောပါတယ်။

ကလေးမြို့မှတစ်ဆင့်လက်နက်ကြီးဖြင့် ဆက်တိုက် ပစ်ကူပေးနေပြီး တီးတိန်မြို့ပေါ်ရှိ နေအိမ်တစ်ချို့ပျက်စီးမှုများလည်းရှိပြီး အရပ်သားထိခိုက်ဒဏ်ရာရရှိမှုများလည်းရှိတယ်လို့ ဒေသခံများထံ သိရပါတယ်။

တိုက်ပွဲဖြစ်ပွါးမှုကြောင့် တီးတိန်မြို့ပေါ်ရှိ ပြည်သူများဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပြီးမြို့ထဲပိတ်မိနေတဲ့ ပြည်သူတစ်ချို့လည်းရှိနေပြီးပိုလုံခြုံနိုင်မယ့် နေအိမ်တစ်ချို့မှာ ခိုနေကြရတယ်လို့ သိရပါတယ်။

မနေ့ မေလ ၂၆ ရက် မနက် ၂ နာရီတွင် တီးတိန်မြို့နဲ့ တောင်တစ်လုံးသာခြားတဲ့ Mualbem, Vangteh ကျေးရွာထဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒါ့ပြင် တွန်းဇံမြို့နယ် ကလေးမြို့အနောက်မြောက်ဘက်က Sialthawzang ရွာထဲသို့ မနက် ၁၁ နာရီကျော်တွင် လေကြောင်းတိုက်ခိုက်ခဲ့ပြီး အရပ်သား၃ ဦးထိခိုက်ဒဏ်ရာရရှိပါတယ်။

သတင်း- HAK

နောက်ဆုံးရသတင်းများ

လူသတ်ဓားပြတိုက်ပြီး မူးယစ်ဆေးဖြန့်နေတဲ့ CDF တွေကို နှိမ်နင်းမယ်လို့ အိန္ဒိယနယ်​ခြားစောင့် အကြီးအကဲပြောဆိုတဲ့ သတင်းအမှား

============== ဇန်နဝါရီလ ၁၂ရက်၊ ၂၀၂၅ ခုနှစ် Zalen အိန္ဒိယနိုင်ငံအတွင်း ခိုး၀င်ပြီး လူသတ်ဓါးပြတိုက် မူးယစ်ဆေးဖြန့်နေတဲ့ ချင်းကာကွယ်ရေးတပ်(CDF)တွေကို နှိမ်နင်းမယ်လို့ အိန္ဒိယနယ်​ခြားစောင့် အကြီးအကဲပြောဆိုတဲ့ သတင်းကို စစ်ကောင်စီဝါဒဖြန့်  Kyaw Swar အမည်ရှိ တယ်လီဂရမ်ချန်နယ်က ...

ဆက်ဖတ်ရန်